၃-၇-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

(AP Photo/Ricardo Mazalan)

ဘရာဇီး ။        ။ ဘရာဇီးအသင်းဟာ ဒီနေ့မနက်ကစားခဲ့တဲ့ ကိုပါအမေရိကဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အာဂျင်တီးနားကို (၂-၀)ဂိုးနဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲဆီ တက်လှမ်းသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဘရာဇီးအသင်းက ပွဲချိန် (၁၉)မိနစ်မှာတင်ပဲ ဂျီးဆပ်ရဲ့သွင်းဂိုးနဲ့ အာဂျင်တီးနားကို ဦးဆောင်နိုင်ခဲ့ပြီး မက်ဆီ ဦးဆောင်တဲ့ အာဂျင်တီးနားက ဘရာဇီးကွင်းလယ်ကို အမှီလိုက်ကစားဖို့ မတတ်နိုင်ခဲ့ပါဘူး။ ပွဲချိန် (၇၁)မိနစ်မှာတော့ ဘရာဇီးတိုက်စစ်မှူး ဖာမီနို က အသင်းအတွက် အနိုင်သေချာစေမယ့် ဒုတိယမြောက်သွင်းဂိုးကို သွင်းယူပေးလိုက်လို့ ပွဲအပြီးမှာ ဘရာဇီးအသင်း (၂-၀)ဂိုးနဲ့ အနိုင်ရရှိသွားခဲ့တာပါ။

စပါး ။   ။ စပါးအသင်းဟာ လိုင်ယွန်အသင်းရဲ့တောင်ပံကစားသမား အမ်ဒွန်ဘီလီ ကို အသင်းရဲ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်(၅၄)သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ အသက် (၂၂)နှစ်အရွယ် ပြင်သစ်တောင်ပံကစားသမားဟာ စပါးအသင်းနဲ့ (၆)နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး ပိုချက်တီနိုအတွက်တော့ ဒီအပြောင်းအရွှေ့မှာ ဒုတိယမြောက် ကစားသမားသစ် ခေါ်ယူမှု ဖြစ်လာခဲ့ပါတယ်။

Tottenham Hotspur FC

နယူးကာဆယ် ။ ။ နယူးကာဆယ်အသင်းဟာ အသင်းတိုက်စစ်မှူး အယိုဇီပီရက်ဇ် ကို လက်စတာအသင်းဆီ ပေါင်သန်း(၃၀)နဲ့ရောင်းချဖို့ သဘောတူညီမှု ရရှိခဲ့ပါပြီ။ နည်းပြ ဘင်နီတက်ဇ်တစ်ယောက် နယူးကာဆယ်ကနေ ထွက်ခွာသွားပြီးတဲ့နောက် အသင်းကနေ ထွက်ခွာဖို့တောင်းဆိုခဲ့တဲ့ ပီရက်ဇ်ဟာ လက်ရှိအချိန်မှာတော့ ဆေးစစ်မှု ခံယူဖို့ ပြင်ဆင်နေပြီး နည်းပြ ဘရန်ဒန်ရော်ဂျာနဲ့ပူးပေါင်းဖို့ အဆင်သင့်ဖြစ်နေခဲ့ပါပြီ။

READ
အီဗရာဟီမိုဗစ်ဟာ မန်ယူအသင်းရဲ့အဓိက ကစားသမားပါလို့ပြောခဲ့တဲ့ ဖီးလ်ဂျုံး

 

ဗီဒစ် ။  ။ မန်ယူအသင်းရဲ့နောက်ခံကစားသမားဟောင်း ဗီဒစ် ဟာ နည်းပြလောကထဲကို ၀င်ရောက်လာဖို့ ပြင်ဆင်နေပြီး မန်ယူ ယူ(၂၃)အသင်းရဲ့နည်းပြအဖွဲ့ဝင်ထဲမှာ ပါဝင်လာတော့မှာပါ။ ဗီဒစ်ဟာ လက်ရှိအချိန်မှာ အီတလီနိုင်ငံ၊ မီလန်မြို့မှာနေထိုင်နေသူဖြစ်ပြီး မန်ယူနည်းပြဆိုးလ်ရှားရဲ့ ကမ်းလှမ်းမှုကို လက်ခံရရှိပြီးနောက် သဘောတူခဲ့တယ်လို့ ဗီဒစ်နဲ့ နီးစပ်တဲ့ သူငယ်ချင်းတစ်ဦးက ဆိုပါတယ်။

လော့ဖ်တပ်ချိခ် ။                   ။ ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမား လော့ဖ်တပ်ချိခ် ဟာ အသင်းနဲ့ (၅)နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခဲ့ပါပြီ။ ချယ်လ်ဆီးဟာ အင်္ဂလန်ကွင်းလယ်ကစားသမားအတွက် တစ်ပတ်လုပ်ခ ပေါင်(၁၅၀၀၀၀)အထိ တိုးမြှင့်ပေးခဲ့ပြီး စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့တဲ့အကြောင်းကို သူတို့ရဲ့ တရားဝင် ၀က်ဆိုက်ကတစ်ဆင့် အသိပေးသွားခဲ့တာပါ။

READ
၁၉-၁၂-၂၀၁၈ အတွက် မနက်ခင်းဦးဦးဖျားဖျား အားကစားသတင်းများ

 

မက်ဂွိုင်းယား ။  ။ မန်ယူအသင်းရဲ့ ပေါင်သန်း(၇၀)နဲ့ ကမ်းလှမ်းမှုအပေါ် လက်စတာက ပယ်ချပြီးတဲ့နောက် နောက်ခံလူ မက်ဂွိုင်းယား ဟာ လက်စတာအသင်းကနေ ထွက်ခွာချင်ကြောင်း အသင်းရဲ့တာဝန်ရှိသူတွေကို အသိပေးလိုက်ပါတယ်။ အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ လက်စတာအသင်းရဲ့ အပြောင်းအရွှေ့ဈေးကွက်အတွင်း ကစားနေမှုကို စိုးရိမ်နေပြီး သူ့အနေနဲ့ အသင်းကြီးတစ်သင်းဆီ ရောက်ရှိမသွားမှာကို စိတ်ပူနေပုံပါ။ မက်ဂွိုင်းယားကို မန်စီးတီးအသင်းကလည်း ပေါင်သန်း(၇၀)နဲ့ ကမ်းလှမ်းခဲ့ဖူးပြီး အဲဒီကမ်းလှမ်းမှုကိုလည်း လက်စတာအသင်းက ငြင်းပယ်သွားပါတယ်။

Linn

Source : TheSun , Goal ,Mirror

SHARE