၃၀-၁၀-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Barcelona FC

မက်ဆီ ။         ။ မနေ့ညက ကစားခဲ့တဲ့ ဗယ်လာဒိုးလစ်အသင်းနဲ့ပွဲစဉ်မှာ ပြစ်ဒဏ်ဘောကနေ သွင်းဂိုးတစ်ဂိုးသွင်းယူသွားခဲ့တဲ့ မက်ဆီဟာ သူ့ရဲ့ ကစားသမားဘ၀မှာ Free Kick ကနေ သွင်းယူခဲ့တဲ့ ဂိုး (၅၀) ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဘာစီလိုနာက ဗယ်လာဒိုးလစ် ကို (၅-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ မက်ဆီက အသင်းအတွက် သွင်းဂိုး (၂)ဂိုး သွင်းယူပေးခဲ့တာဖြစ်ပြီး ပထမပိုင်းပွဲချိန်အတွင်း သွင်းယူခဲ့တဲ့ ဂိုးက ပြစ်ဒဏ်ဘောကို တိုက်ရိုက်ကန်သွင်းပြီး ရရှိသွားခဲ့တာပါ။

ဇာခါ ။  ။ အာဆင်နယ်အသင်းနည်းပြ အမ်မရီ က အသင်းကွင်းလယ်လူ ဇာခါနဲ့ အာဆင်နယ်အသင်း ပရိသတ်တွေရဲ့အခြေအနေကို ဖွင့်ဟပြောဆိုလိုက်ပြီး ဇာခါ ဟာ အာဆင်နယ်ပရိသတ်တွေက သူ့အပေါ် မုန်းတီးနေတယ်လို့ ခံစားနေခဲ့ရတာဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ ပဲလေ့စ်အသင်းနဲ့ သရေကျခဲ့တဲ့ တနင်္ဂနွေည ပွဲစဉ်မှာ အာဆင်နယ်ပရိသတ်တွေက ဇာခါ ကို လှောင်ပြောင်ခဲ့ကြသလို ဇာခါကလည်း ပရိသတ်တွေကို ပြန်လည်ဆဲဆိုခဲ့တာပါ။ အမ်မရီ က ဇာခါ ဟာ ပရိသတ်တွေကို ပြန်လည်တောင်းပန်သွားမှာဖြစ်ကြောင်းနဲ့ သူ့ရဲ့စိတ် ကြည်လင်လာချိန်အထိတော့ စောင့်ရဦးမှာဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

 

ရော်နယ်ဒို ။     ။ ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး ရော်နယ်ဒို က မန်ယူအသင်းမှာ ကစားခဲ့စဉ်အချိန်မှာ သူ့ကို နည်းစနစ်ပိုင်းဆိုင်ရာတွေမှာ အကြံပေးခဲ့ကြတဲ့ ကစားသမား (၄)ဦးရဲ့အမည်ကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ မန်ယူအသင်းကွင်းလယ်လူတွေဖြစ်တဲ့ ဂစ်နဲ့ စခိုးလ်၊ တိုက်စစ်မှူးနစ္စတယ်ရွိုင်းနဲ့ နောက်ခံလူ ဖာဒီနန် တို့ဆီကနေ သူ့အနေနဲ့ သင်ယူမှုတွေ ပြုလုပ်ခဲ့ရကြောင်းနဲ့ သူတို့ကြောင့် မြန်မြန်ဆန်ဆန်တိုးတက်လာခဲ့တာဖြစ်ကြောင်း ပြောဆိုသွားခဲ့တာပါ။

ဘေးလ် ။        ။ ရီးယဲလ်အသင်းတိုက်စစ်မှူးဟောင်း မီဂျာတိုဗစ် က ရီးယဲလ်ဟာ သူတို့ရဲ့တိုက်စစ်မှူး ဂါရက်ဘေးလ်ကိုရောင်းချဖို့ထက် အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ဖို့ကိုသာ လုပ်ဆောင်သွားဖွယ်ရှိနေကြောင်း မှတ်ချက်ပေးလိုက်ပါတယ်။ အသက် (၃၀)အရွယ် တိုက်စစ်မှူးဟာ ဒီရာသီ ကုန်ဆုံးချိန်မှာ ရီးယဲလ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပေမယ့်လည်း ရီးယဲလ်က လာမယ့် ဇန်န၀ါရီအပြောင်းအရွှေ့မှာ ရောင်းချဖို့ စဉ်းစားဦးမှာမဟုတ်ဘူးလို့ မီဂျာတိုဗစ် က ဆိုလိုက်တာပါ။

READ
ဘာစီလိုနာရဲ့ သမိုင်းဝင်နိုင်ပွဲအတွက် ဂုဏ်ပြုစကားပြောကြားခဲ့တဲ့ ဂန္ထ၀င်များ

ဝက်ဖို့ဒ် ။         ။ ပရီးမီးယားလိဂ်ကလပ် ၀က်ဖို့ဒ်အသင်းဟာ ဖလူမီးနီးစ်အသင်းရဲ့ လူငယ်တိုက်စစ်မှူးလေး ဂျာအိုပက်ဒရို ကို ခေါ်ယူဖို့ ကြိုးစားနေမှု အောင်မြင်သွားခဲ့ပါပြီ။ အသက် (၁၈)နှစ်အရွယ် ဘရာဇီး တိုက်စစ်မှူးလေးဟာ အင်္ဂလန်မှာကစားဖို့အတွက် Work Permit ရရှိသွားခဲ့ပြီဖြစ်ပြီး လာမယ့် ဇန်န၀ါရီ (၁)ရက်မှာ (၅)နှစ်စာချုပ်နဲ့ ခေါ်ယူသွားမှာဖြစ်တယ်လို့ အသင်းက ကြေညာသွားခဲ့ပါတယ်။

မန်ယူ ။ ။ မန်ယူအသင်းဟာ တိုက်စစ်ပိုင်းနေရာအတွက် လိုင်ယွန်ကွင်းလယ်လူ ဒမ်ဘီလီ ကိုခေါ်ဖို့ ယုံကြည်ချက်ရှိနေကြောင်း Soccerlink က ဖော်ပြပါတယ်။ အာဆင်နယ်နဲ့ လီဗာပူးလ်အသင်းတွေကလည်း ပစ်မှတ်ထားနေတဲ့ အသက် (၂၃)နှစ်အရွယ် တိုက်စစ်မှူးဟာ မန်ယူအသင်းရဲ့ အဓိက ပစ်မှတ်ဖြစ်နေတယ်လို့ သတင်းတွေက ဖော်ပြနေကြပြီး ချယ်လ်ဆီးအသင်းကလည်း ဂျီရော့ဒ်ရဲ့နေရာကို အစားထိုးဖို့ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

READ
၉-၁၀-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Linn

Source : TheSun , Goal , Mirror

SHARE