၃၀-၁၁-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Goal

အာဆင်နယ် ။   ။ လစ်လပ်သွားပြီဖြစ်တဲ့ အာဆင်နယ်အသင်းနည်းပြ ရာထူးအတွက် လတ်တလော နာမည်ကြီးနေသူတွေ ပေါ်ထွက်လာခဲ့ပါတယ်။ ဂျူဗင်တပ်စ်နည်းပြဟောင်း အယ်လီဂရီ ၊ အာဆင်နယ်ကွင်းလယ်လူဟောင်း ယွန်းဘတ် ၊ ဗလင်စီယာနည်းပြဟောင်း မာဆယ်လီနို နဲ့ လက်စတာအသင်းရဲ့လက်ရှိနည်းပြ ရော်ဂျာ တို့က အာဆင်နယ်နည်းပြရာထူးအတွက် နာမည်ထွက်နေကြသူတွေဖြစ်ပြီး ပရိသတ်တွေကတော့ အယ်လီဂရီ ကို သူတို့ရဲ့နည်းပြအဖြစ် မြင်တွေ့ရလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။

ဖာဘင်ဟို ။      ။ လီဗာပူးလ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဖာဘင်ဟိုဟာ ခြေကျင်းဝတ်ဒဏ်ရာကြောင့် တစ်လကျော်လောက် အနားယူရမှာဖြစ်တယ်လို့ အသင်းက ထုတ်ပြန်လိုက်ပါတယ်။ နာပိုလီအသင်းနဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဖာဘင်ဟို တစ်ယောက် ဒဏ်ရာ ရရှိသွားခဲ့တာဖြစ်ပြီး ဒီသတင်းက နည်းပြ ကလော့ပ်အတွက် သတင်းဆိုးတစ်ခု ဖြစ်လာခဲ့တာပါ။

 

ပိုချက်တီနို ။     ။ စပါးအသင်းကနေ ထုတ်ပယ်ခံထားရတဲ့ နည်းပြ ပိုချက်တီနို ဟာ အာဆင်နယ်အသင်းရဲ့ နည်းပြရာထူးအတွက် လျှောက်ထားမှုကို ပြုလုပ်မှာမဟုတ်ပဲ ပိုမိုကြီးမားတဲ့ ကလပ်အသင်းတွေကိုသာ နည်းပြဖို့ မျှော်မှန်းမှာဖြစ်တယ်လို့ Goal က သုံးသပ်ပါတယ်။ စပါးကနေ ထုတ်ပယ်ခံလိုက်ရပြီးတဲ့နောက် ပိုချက်တီနို ဟာ ဥရောပထိပ်သီးအသင်းတွေရဲ့ နည်းပြ ဖြစ်လာဖို့ ရေပန်းစားနေခဲ့ပြီး ဘိုင်ယန်၊ ရီးယဲံလ်နဲ့ မန်ယူအသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာပါ။

ဝုဗ် ။    ။ ပရီးမီးယားလိဂ်ကလပ် ၀ုဗ်အသင်းဟာ သူတို့ရဲ့နည်းပြ နူနို ကို အာဆင်နယ်အသင်းဆီ မရောက်အောင် တိုက်ပွဲဝင်ရဖို့ရှိနေတယ်လို့ Dailymail က ဖော်ပြပါတယ်။ ၀ုဗ်အသင်းကို ယူရိုပါလိဂ်ပြိုင်ပွဲဆီ ပို့ဆောင်ပေးခဲ့တဲ့ နည်းပြ ဟာ ၀ုဗ်ပရိသတ်တွေရဲ့ ထောက်ခံအားပေးမှုကို ရရှိထားသူဖြစ်ပြီး လက်ရှိမှာတော့ အာဆင်နယ်အသင်းနည်းပြ ရာထူးအတွက် ရေပန်းစားသူတွေထဲမှာ ပါဝင်လာခဲ့တာပါ။

အင်တာမီလန် ။ ။ အင်တာမီလန်အသင်းဟာ ရီးယဲလ်ကွင်းလယ်လူ ဂျိမ်းစ်ရိုဒရီဂွက်ဇ် ကို ယူရိုသန်း(၅၀)နဲ့ ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ Marca က ဖော်ပြပါတယ်။ ရီးယဲလ်အသင်းအနေနဲ့လည်း အသင်းမှာ အရန်အဖြစ် ထားနေရတဲ့ ဂျိမ်းစ်ကိုရောင်းချဖို့ ဆန္ဒရှိနေပြီး PSG အသင်းကလည်း ဒီကစားသမားအတွက် စိတ်ဝင်စားနေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

READ
၎-၂-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

လက်စတာ ။    ။ လက်စတာအသင်းအနေနဲ့ သူတို့ရဲ့နည်းပြ ဘရန်ဒန်ရော်ဂျာရဲ့ တန်ဖိုးအဖြစ် ပေါင်(၁၄)သန်း သတ်မှတ်ထားပြီး ခေါ်ယူချင်နေတဲ့ အသင်းတွေအနေနဲ့ ပေါင်(၁၄)သန်း ပေးချေသွားရမှာဖြစ်ကြောင်း အသိပေးလိုက်တယ်လို့ တယ်လီဂရပ်ဖ်က ဖော်ပြပါတယ်။ လက်စတာအသင်းနဲ့အတူ ရလဒ်ကောင်းတွေ ရယူနေတဲ့ ရော်ဂျာ ကို လက်ရှိမှာ အာဆင်နယ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပြီး အဲဒီအခြေအနေနဲ့ ပတ်သက်လို့ လက်စတာအသင်းက ကြိုတင် သတိပေးမှု ပြုလုပ်လိုက်တာပါ။

Linn

Source : TheSun , Goal , Mirror

SHARE