၃၀-၆-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

လင်ဂတ် ။       ။ Love Island ရုပ်သံဇာတ်လမ်းတွဲထဲက မင်းသမီးချောလေး အမ်ဘာဟာ သူမဆီကို တိတ်တဆိတ်ပေးပို့ခဲ့တဲ့ အင်္ဂလန်ကစားသမား လင်ဂတ်ရဲ့ မက်ဆေ့ခ်ျတစ်စောင်အကြောင်းကို ဖွင့်ဟသွားခဲ့ပါတယ်။ Capital Breakfast show ပွဲမှာ ပါဝင်ခဲ့တဲ့ အမ်ဘာက သူ့အနေနဲ့ အင်္ဂလန်ကစားသမား လော့ဖ်တပ်ချိခ် ဆီ စာပို့ပြီး ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း သူတကယ်တမ်းရရှိခဲ့တာက လင်ဂတ်ဆီက စာတစ်စောင်ပဲဖြစ်တယ်လို့ ဖွင့်ဟလိုက်တာပါ။ လင်ဂတ်အနေနဲ့ လက်ရှိအချိန်မှာ ချစ်သူမရှိသေးဘူးလို့ အစီအစဉ်တင်ဆက်သူတွေက ပြောပြခဲ့ကြပြီး အမ်ဘာအနေနဲ့ လင်ဂတ်ကြောင့် တကယ်ရင်ခုန်နေရပြီဖြစ်ကြောင်း ဟာသလုပ်ခဲ့ကြပါတယ်။

YouTube

ဂျူဗင်တပ်စ် ။    ။ စီးရီးအေကလပ် ဂျူဗင်တပ်စ်အသင်းဟာ နောက်ခံလူတွေဖြစ်တဲ့ ချီလီနီနဲ့ ဘာဇာဂလီတို့ကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ဂျူဗင်တပ်စ်ဟာ ချီလီနီကို ၂၀၂၀ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးခဲ့တာဖြစ်ပြီး ဘာဇာဂလီကိုတော့ တစ်ရာသီသက်တမ်းတိုးခဲ့တာပဲဖြစ်ပါတယ်။ ချီလီနီဟာ ဘတ်ဖွန်ရဲ့အသင်းခေါင်းဆောင်လက်ပတ်ကို လွှဲပြောင်းယူမှာဖြစ်ပြီး ရာသီသစ်မှာအသင်းခေါင်းဆောင်သစ်အဖြစ် ဂျူဗင်တပ်စ်ကို ဦးဆောင်တော့မှာပါ။

READ
ယူရို 2016 မှာ ပြေးနှုန်းအမြန်ဆုံးကစားသမား Kingsley Coman
SOCCERINFOMANIA

အမ်တီတီ ။      ။ ပြင်သစ်အသင်းရဲ့နောက်ခံကစားသမား အမ်တီတီက ရှုံးထွက်အဆင့်မှာတွေ့ဆုံရမယ့် အာဂျင်တီးနားနဲ့ပြင်သစ်တို့ရဲ့ပွဲစဉ်မှာ ဘာစီလိုနာအသင်းဖော်မက်ဆီကို အခက်တွေ့အောင်ကစားသွားမယ်လို့ ဆိုလိုက်ပါတယ်။ အမ်တီတီက သူနဲ့မက်ဆီဟာ ရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်ကြပေမယ့်လည်း ဒီနေ့ည ကစားမယ့်ပွဲစဉ်မှာ အာဂျင်တီးနားအသင်းကို ရှုံးစေချင်တယ်လို့ ၀န်ခံလိုက်တာပါ။ အာဂျင်တီးနားနဲ့ ပြင်သစ်အသင်းတို့ဟာ ဒီနေ့ည မြန်မာစံတော်ချိန် ၈း၃၀ မှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

ဆေးလ်ဗား ။    ။ ဘရာဇီးအသင်းခေါင်းဆောင် သီယာဂိုဆေးလ်ဗားက တိုက်စစ်မှူးနေမာနဲ့ သူ့ရဲ့ကြားမှာ ဘာပြဿနာမှ မရှိဘူးလို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ နေမာနဲ့ ဆေးလ်ဗားတို့ဟာကော်စတာရီကာအသင်းကို ၂-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အနည်းငယ်ပြဿနာဖြစ်ပွားခဲ့ကြတယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ကြပြီး နေမာအနေနဲ့ အသင်းရဲ့စီနီယာတစ်ယောက်ဖြစ်တဲ့ ဆေးလ်ဗားကို မလေးစားတဲ့ပုံမျိုး ပြုလုပ်ခဲ့တာပါ။

Newcastle FC

နယူးကာဆယ် ။         ။ နယူးကာဆယ်အသင်းဟာ ဒီရာသီမှာ သူတို့ရဲ့ ဒုတိယမြောက် ကစားသမားခေါ်ယူမှုအဖြစ် ဆွမ်ဆီးကွင်းလယ်လူ ကီဆောင်ယောင်းကိုခေါ်ယူလိုက်ပါတယ်။ နယူးကာဆယ်အသင်းဟာ အသက် ၂၉ နှစ်အရွယ် ကိုရီးယားကစားသမားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိခဲ့တာဖြစ်ပြီး သူ့ရဲ့အရှေ့မှာ မာတင်ဒူဗရက်ကာ ကိုခေါ်ယူထားခဲ့ပါသေးတယ်။

READ
ဂီရော့ဒ်နေရာမှာအစားထိုးဖို့ အာဆင်နယ်ပစ်မှတ်ထားနေတဲ့တိုက်စစ်မှုး(၃)ဦး

Linn

Source : Dailymail , TheSun , Marca

SHARE