၃၀-၆-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

(AP Photo/Ricardo Mazalan)

ဥရုဂွေး ။         ။ မနေ့ညက ကစားခဲ့တဲ့ ကိုပါအမေရိကပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်မှာ ဥရုဂွေးအသင်းဟာ ဆွာရက်ဇ်ရဲ့ပင်နယ်တီ လွဲချော်မှုနဲ့အတူ ပီရူးအသင်းကို အရှုံးပေးလိုက်ရပါတယ်။ ပွဲချိန် မိနစ်(၉၀)ပြည့်တဲ့အထိ တစ်ဖက်နဲ့တစ်ဖက် ဂိုးမသွင်းနိုင်ကြလို့ ပင်နယ်တီအဆုံးအဖြတ် ခံယူခဲ့ကြပြီး ဥရုဂွေးအသင်းမှာ ဆွာရက်ဇ်တစ်ယောက်ပဲ ပင်နယ်တီမ၀င်ခဲ့တာပါ။ ပီရူးအသင်းကတော့ သူတို့ကန်သွင်းခွင့်ရတဲ့ ပင်နယ်တီအလုံးတိုင်းကို ၀င်အောင်ကန်နိုင်ခဲ့တာကြောင့် ပွဲအပြီးမှာ ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ကိုဗာဆစ် ။      ။ ချယ်လ်ဆီးအသင်းဟာ ရီးယဲလ်ကွင်းလယ်လူ ကိုဗာဆစ် ကို အပြီးသတ် ခေါ်ယူလိုက်ကြောင်း မကြေညာရသေးခင်မှာပဲ ချယ်လ်ဆီးအသင်းအသုံးပြုတဲ့ App တစ်ခုကြောင့် ကစားသမားကို ခေါ်ယူထားမှုဟာ ပေါက်ကြားသွားခဲ့ရပါတယ်။ ချယ်လ်ဆီးအသင်း သတင်းတွေကို ဖော်ပြတဲ့ App မှာ ကိုဗာဆစ်နဲ့အင်တာဗျူးတစ်ခု ပါဝင်နေပြီး အဲဒီအင်တာဗျူးမှာ ကိုဗာဆစ်က ချယ်လ်ဆီးအသင်းရဲ့တရားဝင်ကစားသမားဖြစ်လာရတဲ့အတွက် ပျော်ရွှင်ကြောင်း ပြောဆိုထားခဲ့တာပါ။

 

မန်ယူ ။ ။ မန်ယူအသင်းအမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝါ့ဒ်ရဲ့အပြောင်းအရွှေ့ပေါ်လစီနဲ့ သက်ဆိုင်တဲ့ အီးမေးလ်တွေ ပေါက်ကြားသွားခဲ့ပြီး အသင်းအနေနဲ့ ကစားသမားခေါ်ယူမှုကို အေးအေးဆေးဆေးသာ လုပ်ကိုင်သင့်ကြောင်း ၀ုဒ်ဝါ့ဒ်က အသင်းတာဝန်ရှိသူတွေကို တိုက်တွန်းထားခဲ့တယ်လို့ သိရှိရပါတယ်။ တယ်လီဂရပ်ဖ်က ဖော်ပြတဲ့သတင်းအရ ၀ုဒ်ဝါ့ဒ်ဟာ နာမည်ကျော် ကစားသမားတွေကို ခေါ်ယူဖို့ထက် အနာဂတ်အတွက် အကျိုးရှိမယ့်လူငယ်ကစားသမားတွေကိုသာ ခေါ်ယူချင်နေပြီး အပြောင်းအရွှေ့ဈေးကွက်ရဲ့ သဘောတရားကို နားလည်ကြဖို့ တိုက်တွန်းထားခဲ့တာပါ။

READ
လစ်ဗာပူးလ် Vs မန်ယူ ပွဲကြိုသုံးသပ်ချက်

မန်စီးတီး ။       ။ မန်စီးတီးအသင်းဟာ ကွင်းလယ်လူ ရိုဒရီကို ခေါ်ယူမှုအတွက် လာမယ့် တနင်္လာနေ့မှာ ကြေညာသွားဖို့ရှိနေပါတယ်။ မန်စီးတီးဟာ ရိုဒရီအတွက် အက်သလက်တီကိုနဲ့သဘောတူညီမှု ရရှိခဲ့ပြီးပြီ ဖြစ်ပေမယ့် အပြောင်းအရွှေ့တန်ကြေးနဲ့ တရားဝင်ကြေညာမှုကိုတော့ တနင်္လာနေ့မှာမှ ပြုလုပ်သွားဖို့ ပြင်ဆင်နေတာပါ။

 

ရီးယဲလ် ။        ။ ရီးယဲလ်အသင်းဟာ လီဗာပူးလ်တိုက်စစ်မှူး မာနေး ကို ခေါ်ယူဖို့အတွက် အသင်းရဲ့ကွင်းလယ်ကစားသမား အဆန်ဆီယို ကို အလိုက်ပေးကမ်းလှမ်းခဲ့ပါတယ်။ အသက် (၂၃)နှစ်အရွယ် ကွင်းလယ်ကစားသမား အဆန်ဆီယို ဟာ လီဗာပူးလ်အသင်းရဲ့ ကစားကွက်နဲ့ အံဝင်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေခဲ့ပြီး လီဗာပူးလ်အနေနဲ့တော့ သူတို့ရဲ့ ကစားသမားကို လက်လွှတ်ဖို့ စဉ်းစားရလိမ့်ဦးမယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

READ
၁၀-၄-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ
(AP Photo/Bernat Armangue)

လမ်းပတ် ။      ။ ချယ်လ်ဆီးအသင်းနည်းပြဖြစ်လာတော့မယ့် လမ်းပတ် အတွက် အသင်းရဲ့ကွင်းလယ်လူ အိုဒွိုင်းကို ဆက်လက်ထိန်းသိမ်းထားရေးဟာ ဦးစားပေးအလုပ် ဖြစ်လာလိမ့်မယ်လို့ Dailymail ကဖော်ပြပါတယ်။ အသက် (၁၈)နှစ်အရွယ် တောင်ပံကစားသမားဟာ (၂၀၂၀)ခုနှစ်မှာ ချယ်လ်ဆီးနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းဆီ ပြောင်းရွှေ့ဖို့ ဆန္ဒပြင်းပြနေခဲ့သူပါ။

Linn

Source : Goal , Mirror , TheSun

SHARE