၃၁-၁-၂၀၂၀ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Mirror

ဖာနန်ဒက်စ် ။    ။ မန်ယူအသင်းဟာ နောက်ဆုံးမှာတော့ စပို့တင်းကွင်းလယ်လူ ဖာနန်ဒက်စ်ကို (၅)နှစ်ခွဲ စာချုပ်နဲ့ ခေါ်ယူနိုင်လိုက်ပါပြီ။ မန်ယူဟာ အသက် (၂၅)နှစ်အရွယ် ကွင်းလယ်လူအတွက် ပေါင်(၆၇.၈)သန်း သုံးလိုက်ရပြီး (၂၀၁၅)ခုနှစ်ကတည်းက ခေါ်ယူဖို့ ကြိုးစားနေမှုဟာ ဒီနေ့အချိန်မှာမှ အောင်မြင်သွားခဲ့တာပါ။ မန်ယူအသင်းဟာ ဖာနန်ဒက်စ်အတွက် ကနဦးပေးချေငွေ ပေါင်(၄၆.၆)သန်းသာ ပေးခဲ့ရပြီး ကစားသမားရဲ့ စွမ်းဆောင်ရည်ပေါ်မူတည်လို့ ကျန်တဲ့ ငွေပမာဏကို ပေးချေသွားရမှာပါ။

မိုနာကို ။         ။ မိုနာကိုအသင်းဟာ ဘော်ဒိုးအသင်းရဲ့ ကွင်းလယ်ကစားသမား အူရီလီယန် ကို (၄)နှစ်ခွဲ စာချုပ်နဲ့ ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။ အသက် (၂၀)အရွယ် ကစားသမားလေးဟာ ပြင်သစ်ရဲ့ ထွန်းတောက်လာမယ့် ကြယ်ပွင့် လို့ သတ်မှတ်ခြင်းခံထားရသူဖြစ်ပြီး ပြောင်းရွှေ့ကြေးအသေးစိတ်ကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။

ဖလော်ရန်ဇီ ။    ။ ဗလင်စီယာအသင်းဟာ ရိုးမားအသင်းခေါင်းဆောင် ဖလော်ရန်ဇီ ကို ရာသီကုန်အထိ အငှားနဲ့ ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ အသက် (၂၈)နှစ်အရွယ် ကစားသမားဟာ နောက်ခံလူအဖြစ်ရော၊ ကွင်းလယ်လူ အဖြစ်ပါ ကစားနိုင်သူဖြစ်ပြီး ဖလော်ရန်ဇီကို အငှားချလိုက်တဲ့ ရိုးမားရဲ့ ဆုံးဖြတ်ချက်က အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။

နယူးကာဆယ် ။ ။ နယူးကာဆယ်အသင်းဟာ ချယ်လ်ဆီးအသင်းတိုက်စစ်မှူး ဂျီရော့ဒ်ကို ရာသီကုန်အထိ ပေါင်(၃)သန်းနဲ့ ငှားဖို့ ချိတ်ဆက်နေတယ်လို့ Goal က ဖော်ပြပါတယ်။ နယူးကာဆယ်နည်းပြ စတိဗ်ဘရုစ်ဟာ တိုက်စစ်ပိုင်းကို အားဖြည့်ဖို့အတွက် ဂျီရော့ဒ်နဲ့ ဟူးလ်စီးတီးအသင်းရဲ့ တိုက်စစ်မှူး ဂျာရို့ဒ် တို့ကို ခေါ်ယူဖို့ ဆက်သွယ်မှုတွေ ပြုလုပ်နေတာပါ။

READ
၂၇-၂-၂၀၂၀ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ဒန်နီရို့စ် ။       ။ စပါးအသင်းနောက်ခံကစားသမား ဒန်နီရို့စ်ဟာ နယူးကာဆယ်အသင်းဆီကို ရာသီဝက် အငှားနဲ့ ရောက်ရှိသွားခဲ့ပါပြီ။ နယူးကာဆယ်အသင်းနဲ့အတူ ဆေးစစ်ခံဖို့ ရောက်ရှိနေတဲ့ ဒန်နီရို့စ်ရဲ့ ပုံရိပ်တွေကို မြင်နေရပြီး အငှားစာချုပ်ပြည့်ရင် အပြီးသတ်ခေါ်ယူခွင့်ရှိတယ်ဆိုတဲ့ အချက်ကိုလည်း နယူးကာဆယ်က စာချုပ်ထဲမှာ ထည့်သွင်းချုပ်ဆိုမှာ ဖြစ်တယ်လို့ သိရပါတယ်။

ရိုးမား ။ ။ ရိုးမားအသင်းဟာ မန်ယူအသင်းကနေ အငှားနဲ့ခေါ်ယူထားတဲ့ နောက်ခံလူ စမောလင်းကို အပြီးသတ် စာချုပ်ချုပ်နိုင်ဖို့ မျှော်လင့်နေတယ်လို့ Sky Sports က ဖော်ပြပါတယ်။ ရိုးမားအသင်းအားကစားဒါရိုက်တာ ပီထရာချီ က ရိုးမားအသင်းအနေနဲ့ စမောလင်းကို အပြီးသတ်ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် အကောင်းဆုံးပဲဖြစ်ကြောင်းနဲ့ ဒီ့အတွက်လည်း ကြိုးစားသွားမှာဖြစ်ကြောင်း ပြောဆိုသွားခဲ့တာပါ။

READ
(၉-၅-၂၀၁၉)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

မန်ယူ ။ ။ အေစီမီလန်တိုက်စစ်မှူး ပီယာတက်ခ် ကို အငှားနဲ့ခေါ်ယူဖို့ အဆင်မပြေဖြစ်ခဲ့ပြီးနောက် မန်ယူအသင်းရဲ့ ပစ်မှတ်ဟာ နယူးကာဆယ် တိုက်စစ်မှူး ရွန်ဒွန် ဖြစ်သွားခဲ့တယ်လို့ The Times က ဖော်ပြပါတယ်။ မန်ယူအသင်းရဲ့ အပြောင်းအရွှေ့ပစ်မှတ်ဖြစ်ခဲ့တဲ့ ပီယာတက် ဟာ ဟာသာဘာလင် အသင်းဆီ ပြောင်းရွှေ့ဖို့ သဘောတူညီသွားခဲ့ပြီလို့ သတင်းတွေက ဖော်ပြနေကြပြီး မန်ယူအနေနဲ့ ရွန်ဒွန်ကိုကြိုးစားနေတယ်လို့ ထပ်မံဖော်ပြနေကြပါတယ်။

Linn

Source : Goal , Mirror

SHARE