၃၁-၅-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

မန်စီးတီး ။       ။ မန်စီးတီးအသင်းဟာ ဘင်ဖီကာကွင်းလယ်ကစားသမားလေး ဂျာအိုဖိလစ်ကို ခေါ်ယူဖို့အတွက် ဘင်ဖီကာအသင်း ဥက္ကဌ၊ ကစားသမားရဲ့အေးဂျင့် ဂျော့ခ်ျမန်းဒက်စ်တို့နဲ့ တွေ့ဆုံခဲ့ပြီး ဆွေးနွေးမှုပြုလုပ်ခဲ့ကြတယ်လို့ Mirror သတင်းစာက ဖော်ပြပါတယ်။ မန်စီးတီးဟာ ဖိလစ်ရဲ့ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်သန်း(၁၀၀)ကိုပေးချေဖို့ အဆင်သင့်ဖြစ်နေပြီး ဖိလစ်ကိုခေါ်ယူနိုင်မယ်ဆိုရင် ဆာနေးရဲ့အပြောင်းအရွှေ့ဟာလည်း ဖြစ်လာဖို့ရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

မန်ယူ ။          ။ မန်ယူအသင်းဘုတ်အဖွဲ့ဟာ အသင်းခံစစ်ပိုင်းအတွက် စပါးနောက်ခံလူ အယ်လ်ဒါဝီးကို ပေါင်(၂၅)သန်းနဲ့ခေါ်ယူဖို့ အတည်ပြုလိုက်တယ်လို့ TheSun က ဖော်ပြပါတယ်။ ဒါပေမယ့် မန်ယူအသင်းနည်းပြ ဆိုးလ်ရှားကိုယ်တိုင်ကတော့ ဒီကစားသမားကို စာချုပ် ချုပ်ဆိုလိုခြင်းမရှိပဲ မက်ဂွိုင်းယားနဲ့ ကူလီဘာလေ နှစ်ယောက်ထဲက တစ်ယောက်ကိုသာ အလိုရှိနေတယ်လို့ သတင်းမှာပါရှိပါတယ်။ ဘယ်လ်ဂျီယံနောက်ခံကစားသမားရဲ့အသက်အရွယ်ဟာ လက်ရှိအချိန်မှာ အသက်(၃၀)ရှိနေပြီဖြစ်လို့ အသင်းရဲ့ရေရှည်စီမံကိန်းတွေမှာအသုံးမ၀င်နိုင်ဘူးလို့ ဆိုးလ်ရှားက ခံယူထားတာပါ။

READ
၃-၂-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ
(AP Photo/Matt Dunham)

ပက်ထရစ်ရောဘတ် ။    ။ မန်စီးတီးအသင်းဟာ အသက်(၂၂)နှစ်အရွယ် တောင်ပံကစားသမား ပက်ထရစ်ရောဘတ် ကို (၂)နှစ်ခွဲသက်တမ်းရှိတဲ့ သက်တမ်းတိုးစာချုပ်တစ်ရပ် ချုပ်ဆိုလိုက်ပြီး ပရီးမီးယားလိဂ်ကိုတန်းတက်လာမယ့် နောဝှစ်ခ်ျအသင်းဆီ အငှားချလိုက်ပါတယ်။ ရောဘတ်ဟာ (၂၀၁၅)ခုနှစ်ကတည်းက မန်စီးတီးအသင်းကိုရောက်ရှိလာခဲ့တာဖြစ်ပေမယ့် မန်စီးတီးအတွက် တစ်ပွဲသာ ကစားပေးထားခဲ့ရသေးပြီး (၂၀၁၆)ခုနှစ်ကတည်းက အခုအချိန်အထိ တခြားအသင်းတွေဆီကို အငှားသွားရောက်ကစားနေခဲ့ရတာပါ။

Twitter

ရာမို့စ် ။          ။ ရီးယဲလ်မက်ဒရစ်ရဲ့အသင်းခေါင်းဆောင် ရာမို့စ်ဟာ အသင်းဥက္ကဌပီရက်ဇ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် အသင်းမှာပဲ ဆက်ရှိနေတော့မယ်လို့ အတည်ပြုလိုက်ပါတယ်။ တရုတ်စူပါလိဂ်ကလပ်အသင်းတစ်သင်းရဲ့ကမ်းလှမ်းမှုကို ရရှိထားခဲ့တဲ့ ရာမို့စ်ဟာ အသင်းကနေ ထွက်ခွာဖို့ တောင်းဆိုခဲ့ပြီး သူ့ရဲ့တောင်းဆိုချက်ကို ပီရက်ဇ်က ပယ်ချခဲ့တာပါ။ မနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရာမို့စ်က သူ့အနေနဲ့ ရီးယဲလ်အသင်းမှာပဲ ကစားသမားဘ၀ကုန်ဆုံးသွားဖို့ ဆန္ဒရှိနေကြောင်းပြောဆိုသွားခဲ့ပါတယ်။

READ
၈-၈-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
By Oleksandr Osipov/ ShutterStock

မာနေး ။                   ။ လီဗာပူးလ်အသင်းတိုက်စစ်မှူး မာနေးက လက်ရှိထွက်ပေါ်နေတဲ့အပြောင်းအရွှေ့ သတင်းတွေနဲ့ပတ်သက်လို့ စိတ်မ၀င်စားကြောင်းနဲ့ လီဗာပူးလ်အသင်းမှာသာ ဆက်ရှိနေဦးမှာဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ ရီးယဲလ်နည်းပြ ဇီဒန်းရဲ့စိတ်ဝင်စားမှုကို ခံနေရတဲ့ ကစားသမားဟာ လီဗာပူးလ်ကလွဲပြီး အခြားဘယ်ကလပ်အသင်းဆီကိုမှ ထွက်ခွာသွားဖို့ အစီအစဉ်မရှိကြောင်းပြောဆိုလိုက်ပါတယ်။

မီလ်နာ၊မာတစ် ။                   ။ လီဗာပူးလ်အသင်းဟာ အသင်းနဲ့ စာချုပ်ကုန်ဆုံးတော့မယ့် ကစားသမားတွေဖြစ်ကြတဲ့ ကွင်းလယ်လူ မီလ်နာနဲ့ နောက်ခံလူ မာတစ် တို့ကို စာချုပ်သက်တမ်းတိုးဖို့ စီစဉ်နေပါပြီ။ လက်ရှိအချိန်မှာတော့ မီလ်နာရော၊ မာတစ် ပါ လီဗာပူးလ်နဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်တော့ပြီး မီလ်နာတစ်ယောက် PSG အသင်းဆီရောက်တော့မယ်ဆိုတဲ့ သတင်းတွေ ထွက်နေခဲ့တာပါ။

Linn

Source : TheSun , Goal , Mirror

SHARE