၁-၃-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ရာနီရေရီ ။       ။ ဖူလ်ဟမ်အသင်းနည်းပြ ရာနီရေရီ ဟာ ရလဒ်ဆိုးတွေကို ဆက်တိုက်ရနေခဲ့ပြီးတဲ့နောက် ရာထူးကနေ ထုတ်ပယ်လိုက်ပြီဖြစ်ပါတယ်။ ရာနီရေရီရဲ့နေရာမှာ လက်ထောက်နည်းပြ စကော့ပါကား ကို ရာသီကုန်ဆုံးချိန်အထိ ယာယီနည်းပြအဖြစ် ခန့်အပ်သွားမယ်လို့ ဖူလ်ဟမ်အသင်းက ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ရာနီရေရီဟာ ဖူလ်ဟမ်အသင်းကို ကိုင်တွယ်ခဲ့တဲ့ ပွဲစဉ် (၁၇) ပွဲမှာ နိုင်ပွဲ(၃) ပွဲသာ ရရှိခဲ့ပြီးတဲ့နောက် အခုလို ရာထူးကနေ ထုတ်ပယ်ခြင်းခံခဲ့ရတာပါ။ ဖူလ်ဟမ်အသင်း ပရိသတ်တွေကတော့ ရာနီရေရီ ထုတ်ပယ်ခံရခြင်းအတွက် ဆိုရှယ်မီဒီယာတွေပေါ်မှာ အောင်ပွဲခံနေကြပြီး အီတလီနည်းပြကြီးဟာ ရာထူးကနေ ထုတ်ပယ်ခံရဖို့ ထိုက်တန်တယ်လို့ မှတ်ချက်ပေးနေကြပါတယ်။

စပါး ။   ။ စပါးအသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို မျှော်လင့်ဖို့ မဖြစ်နိုင်တော့တဲ့ အနေအထားကို ရောက်ရှိသွားခဲ့ပြီးနောက် သူတို့ရဲ့နည်းပြ ပိုချက်တီနိုကိုပါ ဆုံးရှုံးရမယ့်အရေးနဲ့ရင်ဆိုင်နေရပါတယ်။ ပိုချက်တီနို ကို လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ရီးယဲလ်က ကမ်းလှမ်းမှု ပြုလုပ်သွားဖို့ စီစဉ်နေတာဖြစ်ပြီး ပိုချက်တီနို ကိုယ်တိုင်ကလည်း သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ သေချာပေါက်မပြောနိုင်သေးကြောင်း ပြောဆိုထားခဲ့တာပါ။ စပါးအသင်းရဲ့ကစားသမားသစ်မခေါ်ယူနိုင်တဲ့အနေအထား၊ ချန်ပီယံဆုစိန်ခေါ်နိုင်စွမ်းမရှိတဲ့အနေအထားတွေက ပိုချက်တီနိုကို အသင်းကနေ ထွက်ခွာသွားဖို့ တွန်းအားဖြစ်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

READ
၂၆-၉-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
TheSun

ဝီလ်ရှိုင်းယား ။  ။ ၀က်စ်ဟမ်းအသင်းရဲ့ ကွင်းလယ်ကစားသမား ၀ီလ်ရှိုင်းယားဟာ လေ့ကျင့်ရေးကွင်းမှာ ရရှိသွားခဲ့တဲ့ ခြေကျင်းဝတ်ဒဏ်ရာသစ်ကြောင့် ရာသီကုန်အထိ နားရတော့မှာဖြစ်တယ်လို့ အသင်းကကြေညာလိုက်ပါတယ်။ အာဆင်နယ်အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ ၀ီလ်ရှိုင်းယားဟာ ပြီးခဲ့တဲ့ (၂၀၁၈) ဒီဇင်ဘာ (၁)ရက်ကစလို့ ၀က်စ်ဟမ်းအသင်းအတွက် ကစားပေးနိုင်ခြင်းမရှိခဲ့ပဲ ဒဏ်ရာပြဿနာတွေနဲ့သာ ရုန်းကန်နေခဲ့ရတာပါ။ အသက် (၂၇)နှစ်အရွယ်သာ ရှိသေးပေမယ့် ၀ီလ်ရှိုင်းယားဟာ ကစားသမားဘ၀တစ်လျှောက် ဒဏ်ရာပြဿနာတွေနဲ့သာ ရင်ဆိုင်နေခဲ့ရပြီး ပွဲထွက်ကစားခွင့်နည်းပါးခဲ့သူဖြစ်ပါတယ်။

EPA

မန်ယူ ။ ။ မန်ယူအသင်းဟာ သူတို့ရဲ့ အပြောင်းအရွှေ့ပစ်မှတ်တွေအဖြစ် ကစားသမား(၃)ယောက်ကို ခေါ်ယူနိုင်ဖို့ကြိုးစားနေပြီး ဆက်သွယ်မှုတွေ စတင်နေပြီဖြစ်ကြောင်း Dailymail က ဖော်ပြပါတယ်။ ပဲလေ့စ်အသင်းနောက်ခံလူ ဘစ်ဆာကာ ၊ နာပိုလီ နောက်ခံလူ ကူလီဘာလေ နဲ့ ဘာစီလိုနာ ကွင်းလယ်ဖန်တီးရှင် ရာကီတစ် တို့ဟာ မန်ယူရဲ့ ပစ်မှတ်ကစားသမားတွေ ဖြစ်လာခဲ့ပြီး ဒီ(၃)ယောက်ကို ခေါ်ယူဖို့ အသင်းဘုတ်အဖွဲ့နဲ့ ဆိုးလ်ရှားတို့ သဘောတူခဲ့ကြကြောင်း Dailymail ကဖော်ပြထားပါတယ်။

READ
အာဆင်နယ်ပရိသတ်များ သဘောကျနေတဲ့ ဟာရဲရားကို ဆန်းချက်ဇ်ပြောခဲ့တဲ့စကား
DAilymail

ရာမို့စ် ။ ။ ရီးယဲလ်အသင်းနောက်ခံကစားသမား ရာမို့စ်ဟာ အေဂျက်ဇ်အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အ၀ါကတ်ရရှိအောင် တမင်ပြုလုပ်ခဲ့တဲ့အတွက် ပွဲပယ်ပြစ်ဒဏ်တစ်ပွဲအပြင် ထပ်ပေါင်းပွဲပယ်ပြစ်ဒဏ်တစ်ပွဲ ၊ စုစုပေါင်းပွဲပယ်ပြစ်ဒဏ်(၂)ပွဲ ကို ကျခံစေဖို့ဆုံးဖြတ်ချင်းခံခဲ့ရပါတယ်။ အဲဒီအတွက် ရီးယဲလ်အသင်း ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားမယ်ဆိုရင် ရာမို့စ်တစ်ယောက် အဲဒီ ပွဲကို လွဲချော်ရတော့မှာပါ။

Twitter

မန်ယူ ။ ။ မန်ယူအသင်းဟာ PSG နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်က ဖြစ်ရပ်တွေကြောင့် ဒဏ်ငွေ ပေါင် (၁၃၇၀၀) ချမှတ်ခြင်းခံခဲ့ရပါတယ်။ မန်ယူအသင်းရဲ့ ပရိသတ်တွေဟာ အဲဒီပွဲစဉ်မှာ PSG ကွင်းလယ်လူ ဒီမာရီယာ ကို ဘီယာပုလင်းတွေနဲ့ ပစ်ပေါက်ခဲ့ပြီး အဲဒီအတွက် UEFA ရဲ့ ပြစ်ဒဏ်ချမှတ်ခြင်းကို ခံခဲ့ရတာပါ။ မန်ယူအသင်းအနေနဲ့ အဲဒီရှုံးပွဲကြောင့် နောက်တစ်ဆင့်ကိုတက်ဖို့ မဖြစ်နိုင်တော့ဘူးဆိုတဲ့ သုံးသပ်မှုတွေ ရှိနေပြီး လက်ရှိအနေအထားအရလည်း အဓိက ကစားသမားတွေ ဒဏ်ရာရနေခဲ့လို့ ပိုပြီးခက်ခဲလာဖွယ်ရှိနေပါတယ်။

Linn

Source : TheSun , Dailymail , Goal

SHARE