၁၉-၄-၂၀၂၀ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter

အာဆင်နယ် ။   ။ အာဆင်နယ်အသင်းဟာ ပြင်သစ်ကလပ် ရိန်းစ်အသင်းရဲ့နောက်ခံလူ အဲလက်စ် ဒီဆာဆီ ကို ပေါင် (၁၃)သန်းနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းလိုက်တယ်လို့ Goal က ဖော်ပြပါတယ်။ အသက် (၂၂)နှစ်အရွယ် နောက်ခံလူရဲ့ခြေစွမ်းကို အာဆင်နယ်က ကင်းထောက်စေလွှတ်ကာ စောင့်ကြည့်ခိုင်းခဲ့ပြီး လာမယ့်အပြောင်းအရွှေ့မှာ ခေါ်ယူနိုင်ဖို့ ကြိုးစားနေပါတယ်။

လူကာကူ ။      ။ အင်တာမီလန်အသင်းတိုက်စစ်မှူး လူကာကူ က သူ့ရဲ့တွစ်တာကနေ ပရိသတ်တွေရဲ့မေးခွန်းအချို့ကို ဖြေသွားခဲ့ပြီး သူ့အနေနဲ့ ပရီးမီးယားလိဂ်မှာ ပြန်ကစားဖို့ အစီအစဉ်မရှိတော့ကြောင်း အသိပေးလိုက်ပါတယ်။ အသက် (၂၆)နှစ်အရွယ် တိုက်စစ်မှူးဟာ ပရီးမီးယားလိဂ်မှာ (၈)နှဏ်ကြာ ကစားခဲ့ဖူးပြီး ချယ်လ်ဆီး ၊ ၀က်စ်ဘရွန်း၊ အဲဗာတန်နဲ့ မန်ယူအသင်းတို့မှာ ကစားခဲ့ဖူးတာပါ။ လူကာကူ က သူ့အနေနဲ့ အဲဗာတန်အသင်းမှာ ကစားခဲ့တဲ့အချိန်တွေကို မမေ့နိုင်အောင် ဖြစ်ခဲ့ပေမယ့်လည်း အင်္ဂလန်မြေဆီ ပြန်သွားဖို့ စိတ်ကူးမရှိဘူးလို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

ဂျီမီနက်ဇ် ။      ။ မန်စီးတီးအသင်း ကွင်းလယ်ကစားသမား ဂန်ဒိုဂန် က ၀ုဗ်တိုက်စစ်မှူး ဂျီမီနက်ဇ်တစ်ယောက် မန်စီးတီးအသင်းဆီ ရောက်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုလိုက်ပါတယ်။ (၂၀၁၉-၂၀)ဘောလုံးရာသီမှာ ၀ုဗ်အသင်းအတွက် (၂၂)ဂိုးအထိ သွင်းပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူးဟာ မန်စီးတီးအသင်းဆီကို ရောက်ရှိမယ်လို့ သတင်းတွေထွက်နေခဲ့ပြီး ဂန်ဒိုဂန် ကတော့ ဂျီမီနက်ဇ်ရဲ့ခြေစွမ်းဟာ မန်စီးတီးအသင်းဆီ ရောက်လာဖို့ ထိုက်တန်ကြောင်း ပြောဆိုလိုက်ပါတယ်။

READ
၈-၁၂-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ကော်တင်ဟို ။   ။ ဘာစီလိုနာအသင်းဟာ သူတို့ရဲ့ ကွင်းလယ်လူ ကော်တင်ဟို ကို ပရီးမီးယားလိဂ် ကလပ်အသင်းတွေဆီ ရောင်းချဖို့ ဆန္ဒရှိနေဆဲဖြစ်တယ်လို့ Marca က ဖော်ပြပါတယ်။ ဘာစီလိုနာ ဟာ ကော်တင်ဟိုအတွက် ကမ်းလှမ်းမှုတွေကို စောင့်ဆိုင်းနေပြီး ပေါင်သန်း(၈၀)၀န်းကျင်လောက်နဲ့ ရောင်းချနိုင်ဖို့မျှော်လင့်နေတယ်လို့ သတင်းတွေက ဖော်ပြတာပါ။ ဘဏ္ဍာရေးအခက်အခဲတွေ ဖြစ်နေတယ်လို့ သတင်းတွေထွက်နေတဲ့ ဘာစီလိုနာဟာ တိုက်စစ်မှူးသစ်တစ်ဦး ၀ယ်ယူဖို့အတွက် ကော်တင်ဟို ကို မဖြစ်မနေရောင်းဖို့ လိုအပ်နေတယ်လို့ Marca က ဖော်ပြပါတယ်။

လူကာဇီဒန်း ။   ။ ရီးယဲလ်အသင်းနည်းပြ ဇီဒန်းရဲ့ သားဖြစ်သူ လူကာဇီဒန်းဟာ ရီးယဲလ်အသင်းနဲ့ စာချုပ်သက်တမ်းမတိုးတော့ပဲ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာတော့မှာဖြစ်တယ်လို့ Marca က ဖော်ပြပါတယ်။ အသက် (၂၁)နှစ်အရွယ် ဂိုးသမားဟာ ရီးယဲလ်အသင်းမှာ ပွဲထွက်ဖို့ အခွင့်အရေးအချို့ရခဲ့ပေမယ့် သူ့ရဲ့လက်စွမ်းကြောင့် ရေဆင်း အသင်းဆီ အငှားချခံခဲ့ရပြီး ဒီရာသီကုန်ဆုံးရင် ရီးယဲလ်အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

READ
ပေါ့ဘာကိုပေးရမည့်ပြောင်းရွှေ့ကြေးမှာမတန်ကြောင်း ပေါလ်စခိုးလ်ဝေဖန်

Linn

Source : TheSun , Goal , Mirror

SHARE