၎-၄-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

စပါး ။   ။ စပါးအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပဲလေ့စ်အသင်းကို (၂-၀)ဂိုးနဲ့ အနိုင်ယူပြီး ပရီးမီးယားလိဂ်(၅)ပွဲဆက် နိုင်ပွဲပျောက်နေမှုကို ရပ်တန့်လိုက်ပါတယ်။ စပါးအသင်းဟာ သူတို့ရဲ့အိမ်ကွင်းသစ်ကြီးမှာ ဒီပွဲကို လက်ခံကစားခဲ့တာဖြစ်ပြီး ဆွန်ဟောင်မင် က ကွင်းအသစ်မှာ ပထမဆုံးဂိုးသွင်းနိုင်ခဲ့တဲ့ ကစားသမား ဖြစ်လာခဲ့တာပါ။ စပါးအသင်းဟာ ဒီနိုင်ပွဲကြောင့် အမှတ်ပေးဇယား အဆင့်(၃)နေရာကို ပြန်လည်တက်လှမ်းလာနိုင်ခဲ့ပြီး အာဆင်နယ်အသင်းထက် တစ်ပွဲလျော့၊ တစ်မှတ်အသာနဲ့ ရပ်တည်နေခဲ့ပါတယ်။ စပါးအတွက် သွင်းဂိုးတွေကိုတော့ ပွဲချိန် (၅၅)မိနစ်မှာ ဆွန်ဟောင်မင်နဲ့ ပွဲချိန် မိနစ် (၈၀)မှာ အဲရစ်ဆင် တို့က သွင်းယူပေးခဲ့ကြတာ ဖြစ်ပါတယ်။

ချယ်လ်ဆီး ။     ။ ချယ်လ်ဆီးအသင်းဟာ မနေ့ညက ပွဲစဉ်မှာ တိုက်စစ်ပိုင်းအပြောင်းအလဲ ပြုလုပ်ခဲ့မှုနဲ့အတူ ဘရိုက်တန်အသင်းကို (၃-၀)ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ချယ်လ်ဆီးရဲ့တိုက်စစ်မှာ ဂျီရော့ဒ်ပွဲထွက်လာခဲ့ပြီး အိုဒွိုင်း ကလည်း ပွဲထွက်ကစားသမားအဖြစ် ပါဝင်လာခဲ့တာပါ။ ပထမပိုင်းပွဲချိန် (၃၈)မိနစ်မှာတင် ချယ်လ်ဆီးအသင်း ဦးဆောင်ဂိုးရခဲ့ပြီး တိုက်စစ်မှူး ဂျီရော့ဒ်က အိုဒွိုင်းရဲ့ဖန်တီးပေးပို့မှုကတစ်ဆင့် သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ချယ်လ်ဆီးရဲ့ကွင်းလယ်မှာပါဝင်လာခဲ့တဲ့ လော့ဖ်တပ်ချိခ်က ဒီပွဲစဉ်မှာ ခြေစွမ်းပြနိုင်ခဲ့ပြီး ပွဲချိန် မိနစ်(၆၀)မှာ သွင်းယူခဲ့တဲ့ ဟာဇက်ရဲ့ဂိုးကို ဖန်တီးပေးနိုင်ခဲ့သလို ကိုယ်တိုင်လည်း ပွဲချိန် (၆၃)မိနစ်မှာ အသင်းအတွက် တတိယမြောက် အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

READ
မော်ဒယ်လေးတွေပါဝင်ခဲ့တဲ့Atlético Mineiro အသင်းရဲ့ ၀တ်စုံသစ်မိတ်ဆက်ပွဲ
(AP Photo/Frank Augstein)

ဖူလ်ဟမ် ။       ။ ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားရပြီဖြစ်တဲ့ ဖူလ်ဟမ်အသင်းဟာ ဒေါ့တ်မွန်အသင်းကနေ (၂)နှစ်အငှားစာချုပ်နဲ့ ခေါ်ယူထားခဲ့တဲ့ တိုက်စစ်မှူး ရှာရယ် ကို ဒီနွေရာသီမှာ အသင်းဆီ ပြန်လည်စေလွှတ်ဖို့ ပြင်ဆင်နေပါပြီ။ ဖူလ်ဟမ်အသင်းဟာ ရှာရယ်အတွက် ပေးချေနေရတဲ့ တစ်ရာသီလုပ်ခ ပေါင်(၂.၅)သန်းကို လျော့ချဖို့ စီစဉ်နေတာဖြစ်ပြီး ရှာရယ် ကိုယ်တိုင်လည်း ဖူလ်ဟမ်အသင်း တန်းဆင်းရရင် အသင်းကနေ ပြန်သွားမှာဖြစ်တယ်လို့ ပြောဆိုထားခဲ့ဖူးတာပါ။

AFP

ဇီဒန်း ။ ။ မနေ့ညက ကစားခဲ့တဲ့ ပွဲစဉ်မှာ ဗလင်စီယာအသင်းကို (၂-၁)နဲ့ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ရီးယဲလ်အသင်းအနေနဲ့ ကစားသမားအပြောင်းအလဲတွေ ပြုလုပ်ဖို့ လိုအပ်နေပြီဆိုတဲ့အကြောင်းကို နည်းပြ ဇီဒန်းက အသိပေးလိုက်ပါတယ်။ ဗလင်စီယာအသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားခဲ့ရတဲ့ အဲဒီပွဲစဉ်မှာ ဗလင်စီယာအသင်းရဲ့ ဦးဆောင်ဂိုး (၂)ဂိုးကို ခွင့်ပြုခဲ့ရပြီးမှ ပွဲချိန် (၉၃)မိနစ်မှာ ဘန်ဇီမာက တစ်လုံးတည်းသော ချေပဂိုးကို ပြန်လည်သွင်းယူနိုင်ခဲ့တာပါ။ ဘက်စ်ကွက် ၊ အဆန်ဆီယိုနဲ့ ဘန်ဇီမာ တို့ကို ပွဲထုတ်ခဲ့တဲ့ ရီးယဲလ်တိုက်စစ်ပိုင်းက အလုပ်မဖြစ်ခဲ့ပဲ ရီးယဲလ်အနေနဲ့ တိုက်စစ်ကစားသမားသစ်တွေ လိုအပ်နေပြီဖြစ်တယ်လို့ ဇီဒန်းက ငြီးငြူသွားခဲ့ပါတယ်။

READ
အာဆင်နယ်အသင်းမှာ ဝင်းဂါးဆက်ရှိနေခြင်းကို မိမိလုံးဝနားမလည်နိုင်ကြောင်း မော်ရင်ဟိုဆို
Dailymail

ဒီဘရိုင်း ။        ။ မန်စီးတီးအသင်း ကွင်းလယ်ကစားသမား ဒီဘရိုင်းက လူငယ်ကွင်းလယ်လူ ဖိုဒန် ကို အသင်းမှာ ဆက်ရှိနေစေချင်သေးကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပြီး ဖိုဒန်ဟာ အရည်အသွေးမြင့်ကွင်းလယ်လူ တစ်ယောက်ဖြစ်ကြောင်း ချီးကျူးလိုက်ပါတယ်။ အသက် (၁၈)နှစ်အရွယ် ကွင်းလယ်ကစားသမားလေးဟာ မနေ့ညက ကစားခဲ့တဲ့ ကာဒစ်ဖ်အသင်းနဲ့ ပွဲစဉ်မှာ ပွဲထွက်ခွင့်ရခဲ့ပြီး သူ့အတွက် ပထမဆုံးပွဲထွက်ကစားခွင့်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်ခဲ့တာပါ။ ဒီဘရိုင်း က ဖိုဒန်လို ကစားသမားမျိုးဟာ တကယ့်ကိုရှားပါးမှာဖြစ်ပြီး သူ့ကို အသင်းမှာဆက်ရှိနေအောင် ထိန်းသိမ်းနိုင်ဖို့လိုတယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

Twitter

ဂျီရော့ဒ် ။        ။ မနေ့ညက ပွဲစဉ်မှာ ချယ်လ်ဆီးအတွက် သွင်းဂိုးတစ်ဂိုးသွင်းပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဂျီရော့ဒ်က ဟာဇက် ၊ အိုဒွိုင်း တို့နဲ့ တွဲဖက်ထားတဲ့ CHO တိုက်စစ်အတွဲကို အခွင့်အရေးတွေပိုပေးဖို့ နည်းပြဆာရီကိုတောင်းဆိုလိုက်ပါတယ်။ ဂျီရော့ဒ်က အသင်းရဲ့တောင်ပံကစားသမား အိုဒွိုင်းဟာ ပွဲထွက်ခွင့်တွေ လိုအပ်နေတဲ့ ကစားသမားမျိုးဖြစ်ကြောင်း မှတ်ချက်ပေးခဲ့ပြီး သူဟာ လျှင်မြန်တဲ့တောင်ပံ ကစားသမားတစ်ယောက်ဖြစ်တယ်လို့ ချီးကျူးသွားခဲ့ပါတယ်။

Linn

Source : TheSun , Dailymail , Goal

SHARE