(၄-၅-၂၀၁၉)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ခရစ္စတီယာနိုရိုနယ်ဒို – ဂျူဗင်အသင်းမှာ ထင်မှတ်ထားသလောက် အောင်မြင်မှုမရတဲ့ ဒိုလေးဟာ တစ်ခါလေမှာ ကိုယ်အကောင်းဆုံးဖြစ်ကြောင်း သက်သေပြနေရတဲ့ကိစ္စမျိုးကို ညည်းငွေ့လာပြီဖြစ်ကြောင်း၊ ဒီလူတွေဟာ ပရိသတ်ဖိအား၊ မိသားစုဝင်တွေရဲ့ တိုက်တွန်းမှုကြားမှာ စိတ်ဖိအားတွေ ခံစားနေရသူတွေဖြစ်ပြီး၊ မိမိအနေနဲ့လည်း ဒီလိုအဖြစ်ကို ဒေါသထွက်မိတယ်လို့ ဆိုပါတယ်။

ဘာစီဒုဥက္ကဋ္ဌက အေဂျက်မှာ ခြေစွမ်းပြနေတဲ့ ဒီလစ်ဂ်ျကို ခေါ်ယူမှာမဟုတ်ကြောင်း အတည်ပြုခဲ့တယ်လို့ သိရပါတယ်။ ဒီလစ်ဂျစ်ဟာ လက်ရှိအချိန်မှာ အသက်(၁၉)နှစ်ကျော်သာရှိသေးပြီး၊ သူဟာ အသက်ငယ်ငယ်နဲ့ အေဂျက်အသင်းကြီးကို ဦးဆောင်နေသူ ဖြစ်ပါတယ်။ သူ့ကို ဥရောပအသင်းကြီးတွေက အလိုရှိနေကြပါတယ်။

ကလော့ပ် – လီဗာပူးနည်းပြ ကလော့ပ်က လက်ရှိအချိန်မှာ ပွဲကန်ဖို့ရက်လိုသေးတဲ့ ဘာစီလိုနာနဲ့ပွဲကို အာရုံစိုက်နေမှာမဟုတ်ကြောင်း၊ ပရီးမီယားလိဂ်မှာ ရလဒ်ကောင်းရဖို့ နယူးကာဆယ်နဲ့ပွဲအတွက် အာရုံစိုက်နေကြောင်း ထုတ်ဖော်ခဲ့ပါတယ်။

Twitter

မော်ရင်ဟို – ချယ်လ်ဆီး၊ မန်ယူ၊ ရီးယဲလ်နဲ့ အီတလီဘောလုံးလောကမှာ ကျင်လည်ခဲ့တဲ့ မော်ရင်ဟိုက မက်ဆီကို ဘောလုံးလောကရဲ့နတ်ဘုရားလို့ ချီးကျူးလိုက်ပါတယ်။ ဒီလို ချီးကျူးမှုဟာ မော်ရင်ဟိုအတွက်တော့ အတော်လေး လုပ်ခဲတဲ့ မှတ်ချက်မျိုးဖြစ်ပြီး၊ မော်ရင်ဟိုဟာ သူ့စိတ်ထဲမှာ တကယ် လှိုက်လှိုက်လှဲလှဲ ခံစားမိမှသာ ချီးကျူးတာမျိုး လုပ်လေ့ရှိသူပါ။

Marca

အမ်ဘာပေး – Coupe de France final မှာ ထုတ်ပယ်ခံခဲ့ရတဲ့ အမ်ဘာပေးဟာ၊ ကျူးလွန်ခဲ့တဲ့ ပြစ်ဒဏ်ကြောင့် (၃)ပွဲပယ်ခံလိုက်ရတဲ့အတွက် ရွှေဘောလုံးဆုမှာ မက်ဆီက အရေးသာသွားခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း မက်ဆီက ဘာပေးထက် (၄)ဂိုးအသာနဲ့ ဦးဆောင်နေပြီး၊ သွင်းဂိုး (၃၄)ဂိုး ရမှတ် (၆၈)မှတ် ဖြစ်ပါတယ်။ ဂျူဗင်တိုက်စစ်မှူး ဒိုလေးကတော့ (၂၁)ဂိုး၊ (၄၂)မှတ်နဲ့ အဆင့်(၆)နေရာမှာ ရပ်တည်နေပါတယ်။

READ
၁၃-၁၀-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

မော်ရင်ဟို – တပည့်ဟောင်းဖြစ်တဲ့ ဂိုးသမား ကာဆီးလက်ဟာ နှလုံးရောဂါကြောင့် ဘောလုံးဆက်ပြီး ကစားဖို့မဖြစ်နိုင်ကြောင်း ဒေါက်တာတွေက အကြံပေးခဲ့တယ်လို့ သိရပါတယ်။ ဆရာဟောင်းဖြစ်တဲ့ မော်ရင်ဟိုဟာ ကာဆီးလက်သတင်းကို ကြားသိလျှင်ကြားသိချင်းမှာပဲ ပေါ်တိုအသင်းထံကို ဖုန်းဆက် လူနာသတင်းမေးမြန်းခဲ့ပြီး၊ သူ မကြာမီ သက်သာလာမှာပါလို့ ယုံကြည်နေပါတယ်။ အခုလည်း အရေးပေါ်စောင့်ကြည့်ရေးအခြေအနေကနေ ကာဆီးလက်တစ်ယောက် လွတ်မြောက်ခဲ့ပြီလို့ သိရပါတယ်။

Instagram

ဇာဗီ – ယခုနှစ်ဘောလုံးရောသီ ကုန်ဆုံးချိန်မှာ ဘောလုံးကစားခြင်းကနေ အပြီးတိုင်ရပ်နားတော့မှာ ဖြစ်ကြောင်း ကြေညာခဲ့တဲ့ ဇာဗီကို ဘာစီလိုနာအသင်းဖော် မက်ဆီက တွစ်တာမှာ ဂုဏ်ပြုနှုတ်ဆက်စကား ဆိုခဲ့ပါတယ်။ ဇာဗီဟာ စပိန်နဲ့ ဘာစီလိုနာတို့ရဲ့ ဂန္ထဝင်အဖြစ် မှတ်ယူခံရသူဖြစ်ပြီး၊ သူဟာ နည်းပြဘဝနဲ့ ဘောလုံးလောကကို ပြန်လာဖွယ်ရှိနေပါတယ်။

 

READ
(၁၂-၃-၁၈)အတွက် ညနေခင်းပိုင်း ဦးဦးဖျားဖျား အားကစားသတင်းများ

လင်းဇော်ကို (SportsAhtar)

Source : marca.com/ dailymail.com/ thesun.co.uk/ goal.com/ skysports.com

SHARE