၎-၉-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter "AS"

ဂျူဗင်တပ်စ် ။    ။ ဂျူဗင်တပ်စ်အသင်းရဲ့ ကွင်းလယ်လူ အမ်မရီချန်နဲ့ တိုက်စစ်မှူး မန်ဇူကစ် တို့ဟာ အသင်းရဲ့ ချန်ပီယံလိဂ်လူစာရင်းကနေ ချန်လှပ်ခြင်းခံခဲ့ရပါတယ်။ ဒူးဒဏ်ရာကြောင့် (၆)လလောက် နားရဖို့ရှိနေတဲ့ နောက်ခံလူ ချီလီနီ ကလည်း ချန်ပီယံလိဂ်လူစာရင်းမှာ ပါဝင်လာခဲ့ခြင်းမရှိပါဘူး။ နည်းပြ ဆာရီကတော့ သူ့အနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် ဂိုးသမား(၃)ဦးအပါအ၀င် ကစားသမား(၂၂)ယောက်ကို ရွေးချယ်ရခြင်းဟာ ခက်ခဲတဲ့အလုပ်ပဲဖြစ်ပြီး ဒီလိုချန်လှပ်ခဲ့ရတာဟာ သူတို့ရဲ့ခြေစွမ်းကြောင့်မဟုတ်ပဲ နည်းစနစ်ပိုင်းအရသာဖြစ်ကြောင်းပြောဆိုသွားခဲ့ပါတယ်။

လီဗာပူးလ် ။     ။ လီဗာပူးလ်အသင်းပရိသတ်တွေကတော့ အသင်းရဲ့တိုက်စစ်မှာ တစ်ကိုယ်ကောင်းဆန်စွာကစားနေတဲ့ တိုက်စစ်မှူး ဆာလက် ကိုရောင်းချဖို့ တိုက်တွန်းနေကြပြီး ဂျာမနီရဲ့ လူငယ်ကြယ်ပွင့်လေး ကိုင် ဟာဗက်ဇ် ကိုခေါ်ယူဖို့ တောင်းဆိုနေကြပါတယ်။ လီဗာပူးလ်ပရိသတ်တွေက ကော်တင်ဟို ကို ဘာစီလိုနာဆီရောင်းချခဲ့သလိုမျိုး ကြီးမားတဲ့အပြောင်းအရွှေ့တစ်ခု ပြုလုပ်စေချင်နေကြတာဖြစ်ပြီး ဆာလက်ရဲ့တန်ကြေး မြင့်မားနေတဲ့အချိန်မှာ ရောင်းချလိုက်တာက အသင့်တော်ဆုံးပဲလို့ မှတ်ချက်ပေးနေကြတာပါ။

 

ဘစ်ဆာကာ ။   ။ မန်ယူအသင်းရဲ့နောက်ခံလူ ဘစ်ဆာကာ ဟာ ဒဏ်ရာပြဿနာကြောင့် အသင်းရဲ့လူစာရင်းကနေ နုတ်ထွက်သွားခဲ့ပါတယ်။ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က ဘစ်ဆာကာ ဟာ ဒဏ်ရာကြောင့် မန်ယူအသင်းဆီ ပြန်သွားခဲ့ပြီလို့ ကြေညာခဲ့ပြီး ဘူလ်ဂေးရီးယား၊ ကိုဆိုဗို တို့နဲ့ကစားရမယ့် ယူရိုခြေစစ်ပွဲတွေကို ပါဝင်နိုင်ဖို့မရှိတော့ဘူးလို့ ပရိသတ်တွေကို အသိပေးလိုက်တာပါ။

ဆန်းချက်ဇ် ။    ။ အင်တာမီလန်အသင်းတိုက်စစ်မှူး ဆန်းချက်ဇ်က အင်တာမီလန်ရဲ့လက်ရှိလူစာရင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘာစီလိုနာကိုတောင် အနိုင်ယူလို့ရတယ်လို့ ကြွေးကြော်လိုက်ပါတယ်။ အင်တာမီလန်ဟာ ဒီရာသီရဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့်ပြိုင်ပွဲမှာ ဘာစီလိုနာ၊ ဒေါ့တ်မွန်၊ ဆလားဗီးယားပရပ် အသင်းတို့နဲ့ အုပ်စု တစ်ခုတည်းကျနေပြီး ဆန်းချက်ဇ်က ဘာစီလိုနာကို အနိုင်ရမယ်လို့ မျှော်လင့်နေတာပါ။

ဆီမြွန်နီ ။        ။ အက်သလက်တီကိုအသင်းနည်းပြ ဆီမြွန်နီက အက်သလက်တီကိုအနေနဲ့ လက်ရှိအချိန်မှာ လာလီဂါအမှတ်ပေးဇယားကို ဦးဆောင်နေပေမယ့်လည်း ချန်ပီယံဆုအတွက်တော့ ရုန်းကန်ရဦးမှာဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ အသင်းကစားသမားတွေရဲ့ အသက်ငယ်ရွယ်မှုနဲ့ အတွေ့အကြုံမရင့်ကျက်မှုတွေက ချန်ပီယံဆုကို ရယူဖို့ အခက်အခဲဖြစ်လာလိမ့်မယ်လို့ ဆီမြွန်နီက သုံးသပ်လိုက်တာပါ။

READ
၁၁-၂-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

အဲရစ်ဆင် ။      ။ စပါးအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ အဆင်မပြေဖြစ်နေတဲ့ အဲရစ်ဆင် ဟာ လာမယ့် ဇန်န၀ါရီမှာ မန်ယူအသင်းကို ရောက်ရှိသွားလိမ့်မယ်လို့ TheSun က ဖော်ပြပါတယ်။ မန်ယူဟာ ဇန်န၀ါရီဈေးကွက်မှာ ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းကို ထပ်မံအားဖြည့်ဖို့ရှိနေပြီး လက်ရှိအချိန်ကတည်းက ပုဂ္ဂိုလ်ရေးသဘောတူညီမှုရဖို့ မန်ယူအသင်းက ကြိုးစားကြောင်း သတင်းတွေက ဖော်ပြနေကြပါတယ်။

Linn

Source : TheSun , Mirror , Goal

SHARE