၎-၇-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

(AP Photo/Ricardo Mazalan)

ချီလီ ။  ။ ဒီနေ့မနက်ပိုင်းကစားခဲ့တဲ့ ချီလီအသင်းနဲ့ ပီရူးအသင်းတို့ရဲ့ ကိုပါအမေရိကဖလား ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်မှာ ပီရူးက ချီလီ ကို (၀-၃)ဂိုးနဲ့နိုင်ပြီး ဗိုလ်လုပွဲဆီ တက်လှမ်းသွားနိုင်ခဲ့ပါပြီ။ ပီရူးအသင်းအတွက် သွင်းဂိုးတွေကို ပထမပိုင်းပွဲချိန် (၂၁)မိနစ်မှာ အက်ဒီဆင်ဖလောရက်စ်နဲ့ ပွဲချိန် (၃၈)မိနစ်မှာ ယိုတွန် တို့က သွင်းယူပေးခဲ့ကြတာပါ။ ဒုတိယပိုင်းမှာလည်း ချီလီအသင်းက ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် ပီရူးအသင်းကပဲ နောက်ထပ် ဂိုးတစ်ဂိုး ရရှိသွားခဲ့ပြီး ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ ဂွာရဲရိုးက သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

မန်စီးတီး ။       ။ မန်စီးတီးအသင်းဟာ အက်သလက်တီကိုအသင်းကွင်းလယ်လူ ရိုဒရီကို ပေါင်(၆၃)သန်းနဲ့ စာချုပ်လျော်ကြေးပေးပြီး ခေါ်ယူနိုင်ခဲ့ပြီဆိုတဲ့အကြောင်း ပရိသတ်တွေကို တရားဝင်အသိပေးလိုက်ပါပြီ။ အသက် (၂၃)နှစ်အရွယ် ကွင်းလယ်လူ ဟာ ဖာနန်ဒင်ဟိုရဲ့နေရာကို အစားထိုးဖို့ ဂွာဒီယိုလာ ရည်ရွယ်ထားတဲ့ ကစားသမားဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက အက်သလက်အသင်းအတွက် ပြိုင်ပွဲစုံ (၄၇)ပွဲအထိ ပွဲထွက်ကစားပေးခဲ့သူပါ။

 

လမ်းပတ် ။      ။ ချယ်လ်ဆီးအသင်းရဲ့မန်နေဂျာ ဖြစ်လာတော့မယ့် ဖရန့်လမ်းပတ်ဟာ မနေ့က ချယ်လ်ဆီးရဲ့အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ခ်ျကို ရောက်ရှိလာခဲ့ပြီး စာချုပ်မှာ လက်မှတ်ထိုးဖို့ အပြီးသတ်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ Mirror က ဖော်ပြပါတယ်။ ချယ်လ်ဆီးအသင်းကို (၃)နှစ်စာချုပ်နဲ့ ကိုင်တွယ်ရမယ့် လမ်းပတ်ဟာ တစ်နှစ်ကို လစာပေါင်(၄)သန်းအပြင် ဆုကြေးငွေအဖြစ် ပေါင်(၁)သန်းကျော် ထပ်မံရရှိဦးမှာဖြစ်ပြီး အသင်းပိုင်ရှင် အေဗရာမိုဗစ်အနေနဲ့လည်း လမ်းပတ်ရဲ့အနာဂတ်နဲ့ ပတ်သက်လို့ အာမခံချက်ပေးထားတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

READ
(၂၀-၅-၁၈)အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
TheSun “Twitter”

ဘာစီလိုနာ ။    ။ ဘာစီလိုနာအသင်းဟာ PSG တိုက်စစ်မှူး နေမာကို ခေါ်ယူဖို့အတွက် ကော်တင်ဟို ၊ ရာကီတစ်၊ ဒမ်ဘီလီ ၊ အမ်တီတီ စတဲ့ ကစားသမားတွေကို PSG အသင်းဆီ ပေးဖို့ အဆင်သင့်ဖြစ်နေကြောင်း စပိန်သတင်းစာတွေက ဖော်ပြနေကြပါပြီ။ အက်သလက်တိုက်စစ်မှူး ဂရစ်ဇ်မန်းကို ရက်ပိုင်းအတွင်း စာချုပ်တော့မယ့် ဘာစီလိုနာ အတွက်တော့ နေမာဟာ ဒီရာသီမှာ မဖြစ်မနေခေါ်ယူမယ့် ပစ်မှတ်တစ်ခုပဲဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြနေကြပါတယ်။

မန်စီးတီး ။       ။ မန်စီးတီးအသင်းဟာ အသက် (၂၂)နှစ်အရွယ် PSV ဘယ်နောက်ခံကစားသမား အိန်ဂျယ်လီနို ကို စာချုပ်လျော်ကြေး ပေါင်(၅.၃)သန်းပေးပြီး ခေါ်ယူလိုက်ပါတယ်။ အိန်ဂျယ်လီနို ဟာ မန်စီးတီးအကယ်ဒမီထွက် ကစားသမားတစ်ယောက်ဖြစ်ပြီး (၂၀၁၄)ခုနှစ်မှာကတည်းက မန်စီးတီး စီနီယာအသင်းကြီးဆီရောက်ရှိခဲ့တာပါ။ ဒါပေမယ့် အသင်းကြီးအတွက် တစ်ပွဲမှ မကစားပေးရပဲ (၂၀၁၈)ခုနှစ်အထိ အငှားသွားရောက်ကစားရင်းနဲ့ အချိန်ကုန်ခဲ့ရသူပါ။ (၂၀၁၈)ခုနှစ်မှာတော့ PSV အသင်းဆီရောင်းချဖို့ သဘောတူညီမှု ရရှိခဲ့ပြီး တစ်ရာသီအကြာမှာပဲ စာချုပ်လျော်ကြေးပေးကာ ပြန်လည်ခေါ်ယူခဲ့တာဖြစ်ပါတယ်။

READ
၁၀-၁၁-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
Mancity FC

ပေါ့ဂ်ဘာ ။       ။ ရီးယဲလ်အသင်းက မန်ယူကွင်းလယ်လူ ပေါ့ဂ်ဘာအတွက် ဂါရက်ဘေးလ်ကို အလိုက်ပေးမယ်လို့ ကမ်းလှမ်းလာချိန်မှာပဲ ဂျူဗင်တပ်စ်အသင်းကလည်း ပေါ့ဂ်ဘာအတွက် တိုက်စစ်မှူး ဒိုင်ဘာလာကို အလိုက်ပေးမယ်လို့ ကမ်းလှမ်းလိုက်ပါတယ်။ ဒါ့အပြင် မန်ယူအသင်းအတွက် နောက်ခံလူ အဲလက်စ်ဆန်ဒရိုနဲ့ ကွင်းလယ်လူ မာတွီဒီ တို့ကလည်း အဆင်သင့်ရှိနေကြောင်း အီတလီသတင်းစာတွေက ဖော်ပြနေပြီး ဂျူဗင်တပ်စ်ဟာ ပေါ့ဂ်ဘာကိုရဖို့အတွက် ဒီကစားသမားတွေကို အသုံးချသွားဖို့ရှိနေတယ်လို့ ဖော်ပြခဲ့ကြပါတယ်။

Linn

Source : TheSun , Goal , Mirror

SHARE