၅-၁-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

စပါး ။   ။ စပါးအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ FA ဖလား၊ တတိယအဆင့်ပွဲစဉ်မှာ လိဂ်(၂)ကလပ် ထရန်မဲရ်အသင်းကို (၀-၇)ဂိုးနဲ့ အနိုင်ယူလိုက်ပါတယ်။ စပါးအသင်းအတွက်ပွဲထွက်ခွင့်ရခဲ့တဲ့ လော်ရန်တေးက Hat-Trick သွင်းဂိုး သွင်းယူခဲ့ပြီး ဆွန်ဟောင်မင်၊ အော်ရဲယားနဲ့ ဟယ်ရီကိန်းတို့ကလည်း စပါးအတွက် ဂိုးတွေ သွင်းပေးခဲ့ကြတာပါ။ စပါးအသင်းတိုက်စစ်မှူး လော်ရန်တေးအတွက်တော့ FA ဖလားပွဲစဉ်မှာ ဒုတိယမြောက် Hat-Trick သွင်းဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ကစားခဲ့တဲ့ ရို့ခ်ျဒေးအသင်းနဲ့ပွဲစဉ်တုန်းကလည်း စပါးအတွက် Hat-Trick သွင်းယူပေးခဲ့ပါသေးတယ်။

ဆိုလန်ကီ ။      ။ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှူး ဆိုလန်ကီ ဟာ ဘုန်းမောက်အသင်းဆီကို ပေါင် (၁၉)သန်းနဲ့ ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ အသက် (၂၁)နှစ်အရွယ် တိုက်စစ်မှူးကို တခြားပရီးမီးယားလိဂ်အသင်းတွေဖြစ်ကြတဲ့ ပဲလေ့စ်၊ ကာဒစ်ဖ်တို့က ခေါ်ယူဖို့ ကြိုးစားခဲ့ကြပေမယ့်လည်း ဘုန်းမောက်အသင်းကိုပြောင်းရွှေ့ဖို့သဘောတူညီမှု ရသွားခဲ့တာပါ။ ဆိုလန်ကီဟာ (၂၀၁၇) ယူ(၂၀) ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းနဲ့အတူ ချန်ပီယံဆု ဆွတ်ခူးခဲ့သူဖြစ်ပြီး ဒီရာသီမှာတော့ လီဗာပူးလ်အတွက် တစ်ပွဲမှ ပွဲထွက်ခွင့်မရရှိခဲ့သူပါ။

Twitter

ဘေးလ် ။        ။ ရီးယဲလ်အသင်းတိုက်စစ်မှူး ဂါရတ်ဘေးလ်ဟာ ဗီလာရီးယဲလ်အသင်းနဲ့ (၂)ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ ရရှိခဲ့တဲ့ ကြွက်သားဒဏ်ရာကြောင့် (၂)ပတ်လောက် အနားယူရမှာဖြစ်တယ်လို့ ဆေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ ဘေးလ်ဟာ ဘယ်ဖက် ခြေသလုံးကြွက်သား ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဒီတစ်ပတ်မှာကစားမယ့် ဆိုစီဒက်နဲ့ပွဲကို လွဲချော်မယ့်အပြင် လီဂါနက်စ်၊ ဘက်တစ် တို့နဲ့ ပွဲစဉ်တွေကိုပါ လွဲချော်ရတော့မှာပါ။ ရီးယဲလ်အသင်းရဲ့အခြားတိုက်စစ်ကစားသမားတွေဖြစ်ကြတဲ့ အဆန်ဆီယို၊ မာရီယာနို ဒီယာ့ဇိ တို့ဟာလည်း ဒဏ်ရာကြောင့် ကစားနိုင်ခြင်းမရှိသေးလို့ ရီးယဲလ်တိုက်စစ်ဟာ အခက်အခဲတွေနဲ့ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။

READ
မန်ယူအသင်းရဲ့ဆိုးရွားတဲ့ကစားပုံကို ဝေဖန်လိုက်တဲ့ ပေါလ်စခိုး
Marca

ကလိုင်း ။        ။ လီဗာပူးလ်အသင်းနောက်ခံလူ နသန်နီယယ်ကလိုင်းကို ဘုန်းမောက်အသင်းက ရာသီကုန်အထိ အငှားစာချုပ်နဲ့ခေါ်ယူလိုက်ပါတယ်။ လီဗာပူးလ်မှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ရုန်းကန်နေရတဲ့ ညာနောက်ခံလူဟာ ဘုန်းမောက်အသင်းမှာတော့ ပွဲထွက်ခွင့်တစ်နေရာ ရဖို့ရှိနေပြီး ဒူးဒဏ်ရာကြောင့် နားနေရတဲ့ ဘုန်းမောက်အသင်းခေါင်းဆောင် ဖရန်စစ်ရဲ့နေရာမှာ ၀င်ရောက်ကစားရမှာပါ။ ကလိုင်းဟာ (၂၀၁၅)ခုနှစ်က ဆောက်သမ်တန်အသင်းကနေ လီဗာပူးလ်ဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဒီရာသီမှာ အသင်းအအတွက် (၅)ပွဲသာ ပါဝင်ကစားပေးထားရသေးတာပါ။

Twitter

ပီတာခရော့ခ်ျ ။  ။ လီဗာပူးလ်အသင်းတိုက်စစ်မှူးဟောင်း ပီတာခရော့ခ်ျက ချယ်လ်ဆီးအသင်းအနေနဲ့ တိုက်စစ်ပိုင်းအတွက် ဒီယေဂိုကော်စတာကို ပြန်လည်ခေါ်ယူသင့်တယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ ပီတာခရော့ခ်ျက ချယ်လ်ဆီးဟာ သူတို့ရဲ့တိုက်စစ်မှူးဟောင်း ကော်စတာကို ပြန်လည်ခေါ်ယူနိုင်မယ်ဆိုရင် အကောင်းဆုံးဖြစ်လာမယ်လို့ သုံးသပ်လိုက်တာဖြစ်ပြီး တိုက်စစ်ပိုင်းအခက်အခဲကိုလည်း ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်လို့ မှတ်ချက်ပေးလိုက်တာပါ။ ချယ်လ်ဆီးအသင်းနည်းပြ ဆာရီကလည်း အသင်းရဲ့တိုက်စစ်ပိုင်းအတွက် ကစားသမားသစ်ခေါ်ယူဖို့ လိုအပ်နေပြီဖြစ်တယ်လို့ ဘုတ်အဖွဲ့ကို အသိပေးထားခဲ့ပါတယ်။

READ
(၂၉-၃-၁၈)အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

မာရာဒိုနာ ။      ။ မက္ကဆီကို ကလပ်အသင်း Dorados အသင်းကို နည်းပြပေးနေတဲ့ အာဂျင်တီးနားတိုက်စစ်မှူးဟောင်း မာရာဒိုနာ ဟာ အစာအိမ်သွေးယိုမှု ဖြစ်ပွားပြီး ဆေးရုံမှာ အရေးပေါ်ခွဲစိတ်မှု ပြုလုပ်နေရတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ အသက် (၅၈)နှစ်အရွယ် ဘောလုံးသမားဟောင်းကြီးဟာ ဗြူနိုအေးရိစ်မြို့မှာရှိတဲ့ သူ့ရဲ့နေအိမ်မှာပဲ လဲကျသွားခဲ့တာဖြစ်ပြီး ဆေးရုံကို အရေးပေါ်တင်ပို့ခဲ့ရတယ်လို့ TheSun က ဖော်ပြပါတယ်။ မာရာဒိုနာဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပွဲစဉ်မှာတုန်းကလည်း ဘောလုံးပွဲကြည့်နေရင်း လဲကျသွားခဲ့တာကြောင့် ဆေးကုသမှု ခံယူခဲ့ရပါသေးတယ်။

Twitter

အိုဒွိုင်း ။         ။ ချယ်လ်ဆီးအသင်းရဲ့ လူငယ်တိုက်စစ်မှူး အိုဒွိုင်းဟာ ဘိုင်ယန်အသင်းကိုပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်တယ်လို့ ESPN ကဖော်ပြပါတယ်။ အသက် (၁၈)နှစ်အရွယ် ကစားသမားလေးအတွက် ချယ်လ်ဆီးနဲ့ ဘိုင်ယန်တို့အကြား အကြိုသဘောတူညီမှု ရရှိသွားခဲ့ပြီဖြစ်ပြီး ပေါင်သန်း(၃၀)နဲ့ ညှိနှိုင်းမှု အဆင်ပြေခဲ့တယ်လို့ ESPN က ဖော်ပြပါတယ်။ တောင်ပံတိုက်စစ်မှူးအဖြစ် ကစားနိုင်တဲ့ အိုဒွိုင်းဟာ ဒီရာသီကုန်ဆုံးရင် အသင်းကနေ ထွက်ခွာဖို့ရှိနေတဲ့ အာဂျန်ရော်ဘင်ရဲ့နေရာကို အစားဝင်ရဖို့ရှိနေသူပါ။

Linn

Source : TheSun , Dailymail , ESPN

SHARE