၅-၁၀-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter/Mirror

ဘရန်ဒန်ရော်ဂျာ ။        ။ လက်စတာအသင်းနဲ့အတူ ရလဒ်ကောင်းတွေရယူပြနေတဲ့ ဘရန်ဒန်ရော်ဂျာဟာ အနာဂတ်မှာ မန်ယူအသင်းရဲ့နည်းပြဖြစ်လာလိမ့်မယ်လို့ ရော်ဘီဆာဗေ့ခ်ျက ခန့်မှန်းလိုက်ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ် ပွဲစဉ်မှာ နယူးကာဆယ်အသင်းကို ဂိုးပြတ်နဲ့အနိုင်ယူပြခဲ့တဲ့ ရော်ဂျာဟာ လက်စတာအသင်းကို အဆင့်(၄)အတွင်းဝင်အောင် စွမ်းဆောင်ပေးနိုင်မယ့်သူတစ်ယောက်လို့လည်း ဆာဗေ့ခ်ျက မှတ်ချက်ပေးလိုက်တာပါ။

မက်ဒီဆင် ။     ။ စပါးအသင်းဟာ အသင်းကနေ ထွက်ခွာတော့မယ့် ကွင်းလယ်လူ အဲရစ်ဆင် ရဲ့နေရာကို လက်စတာ ကွင်းလယ်လူ မက်ဒီဆင် နဲ့ အစားထိုးဖို့ ပြင်ဆင်နေပါပြီ။ ဒီရာသီမှာ လက်စတာအသင်းနဲ့အတူ ခြေစွမ်းပြနေတဲ့ လူငယ်ကစားသမားလေးကို မန်ယူအသင်းကလည်း ခေါ်ယူဖို့ ကြိုးစားနေတာဖြစ်လို့ မန်ယူနဲ့ စပါးတို့ရဲ့ အားပြိုင်္ငမှုကို မြင်တွေ့ရလိမ့်ဦးမယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

 

ပိုချက်တီနို ။     ။ စပါးအသင်းနည်းပြ ပိုချက်တီနို က အသင်းကနေ မကြာခင်ထွက်ခွာသွားတော့မယ် ဆိုတဲ့ သတင်းတွေကို ငြင်းဆိုလိုက်ပြီး သူ့အနေနဲ့ စပါးမှာ နောက်ထပ် (၅)နှစ်ကျော်လောက် ဆက်ရှိနေချင်သေးတယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ စပါးအသင်းရဲ့ရလဒ်ဆိုးတွေကြောင့် ပိုချက်တီနို တစ်ယောက် ရာထူးကနေ နုတ်ထွက်သွားလိမ့်မယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပြီး အယ်လီဂရီကို သူ့နေရာမှာ အစားထိုးမယ်လို့ သုံးသပ်မှုတွေရှိနေခဲ့တာပါ။ ပိုချက်တီနိုကတော့ သူ့အနေနဲ့ စပါးအသင်းနဲ့အတူ အောင်မြင်မှုတွေ ဆက်လက်ရယူလိုနေသေးကြောင်းနဲ့ နောက်ထပ် နှစ်တွေအများကြီးရှိနေချင်သေးကြောင်း ဖွင့်ဟသွားခဲ့တာပါ။

READ
၂၃-၁-၂၀၂၀ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

 

ကာရီးယပ်စ် ။   ။ လီဗာပူးလ်အသင်းကနေ ဘက်ဆစ်တပ်အသင်းဆီ အငှားချထားခံရတဲ့ ဂိုးသမား ကာရီးယပ်စ်က လီဗာပူးလ်အသင်းဆီ ပြန်လည်ရောက်ရှိချင်နေတယ်ဆိုတဲ့ သတင်းတွေအပေါ် ငြင်းဆန်သွားခဲ့ပါတယ်။ လီဗာပူးလ်အသင်းအတွက် (၂၉)ပွဲသာ ကစားပေးထားရတဲ့ ဂိုးသမားဟာ ဘက်ဆစ်တပ်အသင်းမှာတော့ အဓိက ဂိုးသမားအဖြစ် ပွဲထွက်ခွင့်ရနေပြီး (၃၃)ပွဲအထိ ကစားပေးထားခဲ့တာပါ။ ကာရီးယပ်စ်က လီဗာပူးလ်အသင်းဟာ အောင်မြင်မှုတွေဆီ ပြန်လည်ရောက်ရှိနေတာမှန်ပေမယ့် သူ့အနေနဲ့ ဘက်ဆစ်တပ်အသင်းအတွက်ပဲ ကစားပေးချင်ကြောင်းပြောဆိုသွားခဲ့ပါတယ်။

ဆာဗေ့ခ်ျ ။       ။ ဒီတစ်ပတ်အတွက် ရော်ဘီဆာဗေ့ခ်ျရဲ့ ခန့်မှန်းချက်တွေမှာတော့ စပါးအသင်းက လွဲပြီး ကျန်တဲ့ အသင်းကြီးတွေ အကုန်အနိုင်ရလိမ့်မယ်လို့ ပါရှိ ပါတယ်။ လီဗာပူးလ်က လက်စတာကို အကျိတ်အနယ်ကစားပြီးနိုင်လိမ့်မယ်လို့ ဆာဗေ့ခ်ျက ခန့်မှန်းထားပြီး မန်ယူနဲ့ချယ်လ်ဆီးတို့ကလည်းအဝေးကွင်းမှာ အနိုင်ကစားနိုင်လိမ့်မယ်လို့ ဆာဗေ့ခ်ျက ခန့်မှန်းပါတယ်။ ဘရိုက်တန်အသင်းရဲ့အိမ်ကွင်းမှာ သွားရောက်ကစားမယ့် စပါးအသင်းကတော့ (၂-၁)ဂိုးနဲ့ အရှုံးပေးရလိမ့်မယ်လို့ ဆာဗေ့ခ်ျက ခန့်မှန်းလိုက်ပါတယ်။

READ
၇-၈-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

တိုမိုရီ ။ ။ ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်က နောက်ခံလူ တိုမိုရီ တစ်ယောက် ဘာကြောင့် ကြယ်ပွင့်ကစားသမားတစ်ယောက် ဖြစ်လာခဲ့ရသလဲဆိုတဲ့အပေါ် ရှင်းပြလိုက်ပါတယ်။ ချယ်လ်ဆီးရဲ့ စီနီယာ ကစားသမားတွေကို ကျော်ပြီး ပွဲထွက်ခွင့်ရလာခဲ့တဲ့ တိုမိုရီဟာ ချယ်လ်ဆီးအသင်းမှာ ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းကြီးအတွက် ပထမဆုံးအကြိမ်ရွေးချယ်ခံခဲ့ရတာပါ။ လမ်းပတ်က တိုမိုရီ ဟာ သူ့အတွက်ပေးခဲ့တဲ့ အခွင့်အရေးမှန်သမျှကို အကောင်းဆုံး အသုံးချပြခဲ့ပြီး မနားမနေကြိုးစားမှုတွေကလည်း ကြယ်ပွင့်ကစားသမားတစ်ယောက်အဖြစ် ပြောင်းလဲသွားစေခဲ့တယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။

Linn

Source : TheSun , Goal , Mirror

SHARE