၅-၁၂-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

မန်စီးတီး ။       ။ မန်စီးတီးအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ၀က်ဖို့ဒ်ကို (၁-၂) ဂိုးနဲ့ အနိုင်ယူလိုက်ပါတယ်။ ဒီနိုင်ပွဲကြောင့် မန်စီးတီးဟာ ပရီးမီးယားလိဂ်ရဲ့ (၇) ပွဲဆက် နိုင်ပွဲကို ရရှိသွားခဲ့ပြီး အမှတ်ပေးဇယားဒုတိယနေရာက လီဗာပူးလ်ကို တစ်ပွဲလျော့ ၊ (၅) မှတ်အသာနဲ့ ဦးဆောင်နိုင်ခဲ့တာပါ။ မန်စီးတီးအတွက် သွင်းဂိုးတွေကို ပွဲချိန် မိနစ် (၄၀) မှာ ဆာနေး ၊ ပွဲချိန် (၅၁)မိနစ်မှာ မာရက်ဇ်တို့က သွင်းယူပေးခဲ့ပြီး ၀က်ဖို့ဒ်အတွက် တစ်လုံးတည်းသော ချေပဂိုးကို ပွဲချိန် (၈၅)မိနစ်မှာ ဒိုကူရီ က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အခြားပွဲစဉ်ရလဒ်များ

ဘရိုက်တန် ၃-၁ ပဲလေ့စ်

ဘုန်းမောက် ၂-၁ ဟက်ဒါဖီးလ်

ဝက်စ်ဟမ်း ၃-၁ ကာဒစ်ဖ်

အိုဇေးလ် ။       ။ အာဆင်နယ်အသင်းနည်းပြ အမ်မရီက ကွင်းလယ်ကစားသမား အိုဇေးလ်ကို ပုံမှန်ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်စေချင်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။ အမ်မရီက အိုဇေးလ်အနေနဲ့ ပိုပြီးကြိုးစားမယ်ဆိုရင် အာဆင်နယ်ရဲ့ ကွင်းလယ်တစ်နေရာက သူ့အတွက်ပဲဖြစ်တယ်လို့ ဆိုလိုက်ပြီး အသင်းအတွက် အကောင်းဆုံးပုံစံနဲ့ မြင်တွေ့စေချင်နေကြောင်း ပြောဆိုလိုက်တာပါ။ အသက် (၃၀) အရွယ် ကွင်းလယ်ကစားသမားဟာ အာဆင်နယ်အသင်းရဲ့ ပွဲထွက်လူစာရင်းကနေ နောက်ဆုံး (၂) ပွဲဆက် ချန်လှပ်ခံခဲ့ရခြင်းဟာ သူ့ရဲ့ဒဏ်ရာကြောင့်မဟုတ်ပဲ ခြေစွမ်းကျဆင်းနေမှုကြောင့်ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

READ
မန်ယူနောက်ခံလူဘိုင်လေရဲ့ ကွေးညွှတ်နေတဲ့လက်ချောင်းကိုပရိသတ်များအံ့သြခဲ့ရ
SkySports

မိုဒရစ် ။          ။ ရီးယဲလ်ကွင်းလယ်ကစားသမား မိုဒရစ်က အင်တာမီလန်ကိုပြောင်းရွှေ့မယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်သွားခဲ့ပြီး သူ့အနေနဲ့ ရီးယဲလ်မှာသာ ကစားသမားဘ၀ကုန်ဆုံးသွားချင်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ (၂၀၁၈) ရဲ့ ဘလွန်းဒီအောဆုရှင် မိုဒရစ်က ရီးယဲလ်နဲ့သူ့ကြားက စာချုပ်ဟာ (၂) နှစ်ကျန်ရှိနေသေးကြောင်းနဲ့ ရီးယဲလ်ဟာ သူ့ရဲ့အိမ်လိုဖြစ်နေပြီဖြစ်ကြောင်း ပြောဆိုလိုက်ရင်း အင်တာမီလန်နဲ့ ပတ်သက်တဲ့ အပြောင်းအရွှေ့သတင်းတွေကို ရှင်းလင်းသွားခဲ့ပါတယ်။

(AP Photo/Christophe Ena)

ဟာဇက် ။        ။ ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့ အဓိက ကွင်းလယ်ကစားသမား ဟာဇက် ကို တစ်ပတ်လုပ်ခလစာ ပေါင် (၃၀၀,၀၀၀) နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းလိုက်ပါတယ်။ ဟာဇက်သာ ဒီကမ်းလှမ်းမှုကို လက်ခံခဲ့မယ်ဆိုရင် ချယ်လ်ဆီးအသင်းရဲ့ သမိုင်းတစ်လျှောက် လစာအများဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်သွားမှာပါ။ ဒါပေမယ့် ဟာဇက်ကတော့ ရီးယဲလ်အသင်းရဲ့ ကမ်းလှမ်းမှုတွေကို စောင့်ကြည့်ဖို့ စဉ်းစားနေပြီး ဇန်န၀ါရီအပြောင်းအရွှေ့ ပြီးဆုံးသွားတဲ့အချိန်မှာမှ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ချင်နေတာပါ။ ဟာဇက်နဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ စာချုပ်ဟာ လာမယ့်ဘောလုံးရာသီ ပြီးဆုံးချိန်မှာ ကုန်ဆုံးမှာဖြစ်တာကြောင့် ချယ်လ်ဆီးတာဝန်ရှိသူတွေအနေနဲ့ သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ဖို့ အသည်းအသန်ကြိုးစားနေကြတာပါ။

READ
အက်သလက်တီကိုနဲ့သက်တမ်းတိုးပြီး မန်ယူနဲ့အပြောင်းအရွှေ့များကို ဂရစ်ဇ်မန်းအဆုံးသတ်
(AP Photo/Tim Ireland)

ကိုစီယယ်နီ ။    ။ အာဆင်နယ်အသင်းနောက်ခံကစားသမား ကိုစီယယ်နီဟာ ဒဏ်ရာကနေ ပြန်လည်သက်သာကာစ၊ ယူ(၂၁)အသင်းအတွက် ကစားပေးနေချိန်မှာပဲ ဒဏ်ရာထပ်မံရရှိသွားခဲ့ပြန်ပါတယ်။ ပို့စ်မောက်ယူ(၂၁)နဲ့ အာဆင်နယ်ယူ(၂၁) အသင်းတို့ရဲ့ ပွဲစဉ်မှာပါဝင်ကစားပေးခဲ့တဲ့ ကိုစီယယ်နီဟာ ပွဲချိန် (၁၀) မိနစ်မှာတင် ဒဏ်ရာကြောင့် လူစားလဲခဲ့ရပြီး သူ့ရဲ့ဒဏ်ရာဟောင်းဖြစ်တဲ့ ခြေဖနောင့်ကိုပြန်လည်ထိခိုက်မိခဲ့တာဖြစ်ပါတယ်။ ကိုစီယယ်နီဟာ ဖနောင့်ဒဏ်ရာကြောင့် အာဆင်နယ်အသင်းရဲ့ ပွဲစဉ်တွေကို ကာလရှည်လွဲချော်ခဲ့ရသူဖြစ်ပြီး လက်ရှိအခြေအနေမှာ ပြန်လည်သက်သာကာစပဲရှိပါသေးတယ်။

ပေါ့ဂ်ဘာ ။       ။ မန်ယူအသင်းကွင်းလယ်ကစားသမား ပေါ့ဂ်ဘာ က နည်းပြမော်ရင်ဟိုအနေနဲ့ မန်ယူအသင်းရဲ့ရလဒ်ဆိုးတွေအတွက် မိမိကို အပြစ်လာတင်မနေသင့်တော့ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ မော်ရင်ဟို ဟာ ဆောက်သမ်တန်နဲ့ သရေကျခဲ့တဲ့ ပွဲအပြီးမှာ အသင်းကစားသမားတွေရဲ့ ခြေစွမ်းကို ဝေဖန်သွားခဲ့ပြီး အထူးသဖြင့် ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာဟာ အသင်းကို ပိုမိုဆိုးရွားအောင်လုပ်နေတယ်လို့ ပြောဆိုခဲ့တာပါ။ ပေါ့ဂ်ဘာက မော်ရင်ဟိုရဲ့ မှတ်ချက်စကားအပေါ် မကျေမနပ်ဖြစ်နေပြီး မော်ရင်ဟိုအနေနဲ့ ရလဒ်ဆိုးတွေအတွက် သူများကိုအပြစ်တင်နေမယ့်အစား ကိုယ့်ဘာသာကိုယ်အဖြေရှာသင့်တယ်လို့တုန့်ပြန်ပြောဆိုသွားခဲ့တာပါ။

PA

Linn

Source : Dailymail , TheSun , Goal

SHARE