၅-၄-၂၀၁၉ အတွက် နံနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ပေါ့ဘာ။                   ။ မန်ယူအသင်းဟာ အသင်းရဲ့ ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာကို တစ်ပတ်လစာ ပေါင်(၅၀၀,၀၀၀)နဲ့သက်တမ်းတိုး စာချုပ် ချုပ်ဆိုဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ ပြင်သစ်နည်းပြ ဇီဒန်း တစ်ကျော့ပြန် ကိုင်တွယ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းဟာ ပေါ့ဘာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် မန်ယူအသင်းဟာ ပေါ့ဘာကို ကာလရှည်စာချုပ် ချုပ်ဆိုပြီး သက်တမ်းတိုးဖို့ ကြိုးစားခဲ့တာပါ။ တစ်ပတ်ကို ပေါင်(၃၀၀,၀၀၀)ရရှိနေတဲ့ ပေါ့ဘာရဲ့ လက်ရှိ စာချုပ်သက်တမ်းဟာ (၂၀၂၁)ခုနှစ်မှ ကုန်ဆုံးမှာ ဖြစ်ပေမယ့် မန်ယူအသင်းဟာ ပေါ့ဘာကို (၂၀၂၄)ခုနှစ်အထိ စာချုပ်သက်တမ်းတိုးဖို့ လိုလားနေပြီး  စံချိန်လစာလည်း ပေး ချေဖို့ အသင့်ဖြစ်နေတယ်လို့ အင်္ဂလိပ်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

လူစီယန် ဖာဗာ။ ။ စနေနေ့ည မြန်မာစံတော်ချိန် (၁၁)နာရီမှာ ယှဉ်ပြိုင်ကစားမယ့် ဘိုင်ယန်မြူးနစ်နဲ့ ဒေါ့မွန် အသင်းတို့ရဲ့ ပွဲစဉ်ဟာ ဘွန်ဒစ်လီဂါချန်ပီယံဆုအတွက် အဆုံးအဖြတ်ပွဲ မဟုတ်ကြောင်း ဒေါ့မွန်နည်းပြ လူစီ ယန် ဖာဗာက ပြောကြားခဲ့ပါတယ်။ ဖာဗာက “ ဘိုင်ယန်နဲ့ ဒေါ့မွန်တွေ့နေတဲ့ပွဲဆိုတော့ ပရိသတ်အကြိုက် ပွဲကြီး ပွဲကောင်းပါ။ ရာသီကုန်ဖို့ ပွဲစဉ်ကလည်း (၇)ပွဲပဲ ကျန်ပါတော့တယ်။ ကျွန်တော်တို့ နိုင်သည်ဖြစ်စေ၊ သရေကျ သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ ဘာကိုမှ ယတိပြတ်ပြောလို့ မရပါဘူး။ ရာသီမကုန်မချင်း အပြောင်းအလဲတွေ အများကြီး ဖြစ်သွားနိုင်ပါတယ်” လို့ သုံးသပ်သွားခဲ့ပါတယ်။

အိုဒွိုင်း။          ။ ချယ်လ်ဆီးအသင်းရဲ့ တောင်ပံကစားသမားဟာဇက်က အသင်းရဲ့ လူငယ်ကစားသမား အိုဒွိုင်းရဲ့ ခြေစွမ်း ပိုမိုတောက်ပလာအောင် အစွမ်းကုန်ကူညီဖို့ အသင့်ရှိနေတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ဟာဇက် က “အိုဒွိုင်းဟာ ယုံကြည်မှုအပြည့်နဲ့ ဘယ်လိုမျိုး ကစားနိုင်လဲဆိုတာ ခင်ဗျားတို့ မျက်မြင်ပါ။ သူ့အသက်ဟာ ငယ်သေးလို့ ဒီထက်အများကြီး တိုးတက်လာဦးမှာပါ ” လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။ ဒါ့အပြင်လည်း အိုဒွိုင်းကို အောက်ခြေမလွတ်ဖို့နဲ့ လေ့ကျင့်ရေးကွင်းမှာ အစွမ်းကုန်ကြိုးစားဖို့အတွက်လည်း အကြံပေးခဲ့ကြောင်း ဟာဇက် က ပြောခဲ့ပါတယ်။

READ
ဘာကာ-ပီအက်စ်ဂျီပွဲကို ကိုင်တွယ်ခဲ့သည့် ကွင်းလယ်ဒိုင်အား ရာထူးလျှော့ချမည်ဟုသတင်းထွက်

ဒီဂီယာ။          ။ ရာသီကုန်မှာ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့ ဂိုးသမားဒီဂီယာကို ပြင်သစ် ထိပ်သီး ပီအက်စ်ဂျီအသင်းက တစ်ပတ်လစာ ပေါင်(၃၅၀,၀၀၀)နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ The Independent သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဒီဂီယာဟာ မန်ယူအသင်းရဲ့ လစာအများဆုံး ကစားသမားဖြစ် ဖို့ ဆန္ဒရှိနေပြီး မန်ယူအသင်းဘက်က ဒီဂီယာရဲ့ တောင်းဆိုမှုကို လိုက်လျောဖို့ အခက်အခဲ ရှိနေတယ်လို့လည်း သိရပါတယ်။

ရစ်ချာလီဆန်။   ။ လီဗာပူးလ်အသင်းရဲ့ နည်းပြ ယာဂန်ကလော့ဟာ မြို့ခံပြိုင်ဘက် အဲဗာတန်အသင်းရဲ့ တိုက် စစ်ကစားသမား ရစ်ချာလီဆန်ရဲ့ အေးဂျင့် ရီနာတို ဗီလာစကိုနဲ့ တွေ့ဆုံခဲ့တယ်လို့ ဘရာဇီးလ်မီဒီယာ UOL Esporte က ဖော်ပြခဲ့ပါတယ်။ ကလော့ဟာ ရစ်ချာလီဆန်ရဲ့ အေးဂျင့် ရီနာတိုကို သူ့ရဲ့ အိမ်မှာ တွေ့ဆုံဖို့ ဖိတ် ခေါ်ခဲ့တာပါ။ ရစ်ချာလီဆန်ဟာ ဒီနှစ်ဘောလုံးရာသီ မစတင်ခင်ကမှ ၀က်ဖို့ဒ်အသင်းကနေ အဲဗာတန်အသင်း ကို ပေါင်(၃၅)သန်းနဲ့ ပြောင်းရွှေ့လာသူဖြစ်ပြီး အဲဗာတန်အတွက် (၃၃)ပွဲကစား (၁၃)ဂိုးသွင်းပြီး ခြေစွမ်းပြက စားနေသူလည်း ဖြစ်ပါတယ်။

READ
၁၁-၈-၂၀၁၈ အတွက် ညနေခင်း ဦီးဦးဖျားဖျား အားကစားသတင်းများ

ဟီမီနက်ဇ်။      ။ ၀ုဗ်အသင်းဟာ ဘင်ဖီကာအသင်းကနေ အငှားခေါ်ယူထားတဲ့ တိုက်စစ်မှူး ဟီမီနက်ဇ်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၃၂)သန်းဝန်းကျင်ခန့်နဲ့ အပြီးသတ်ခေါ်ယူလိုက်ပြီလို့ သိရပါတယ်။ အသက်(၂၇)နှစ်အရွယ် ဟီမီနက်ဇ်ဟာ ဒီနှစ်ဘောလုံးရာသီမှာ ၀ုဗ်အတွက် (၃၇)ပွဲကစား (၁၅)ဂိုးသွင်းပြီး အထူးခြေစွမ်းပြနေသူပါ။ ၀ုဗ်အသင်းကို ပြောင်းရွှေ့ခွင့်ရတာနဲ့ ပတ်သတ်ပြီး ဟီမီနက်ဇ်က “ ကျွန်တော် ဒီအ သင်းမှာ သမိုင်းသစ်ရေးထိုးချင်ပါတယ်။ ၀ုဗ်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ချက်ကို လွယ်လွယ်ကူကူပဲ ချခဲ့တာပါ။ ဒီ အသင်းဟာ ကျွန်တော့်ရဲ့ အိမ်လိုမျိုး ခံစားရပါတယ်” လို့ ပြောခဲ့ပါတယ်။

 

မက်ဂွိုင်းယား။   ။ မနှစ်ကဘောလုံးရာသီအပြီးမှာ ဘောလုံးသမားဘ၀က အနားယူခဲ့တဲ့ လက်စတာနောက်ခံ လူဟောင်း ရောဘတ်ဟုခ်ျက အသင်းဖော်ဟောင်း မက်ဂွိုင်းယားဟာ မန်ယူအသင်းကို ပြောင်းရွှေ့လိမ့်မယ်လို့ ထင်ကြေးပေးခဲ့ပါတယ်။ ဟုခ်ျက “ မက်ဂွိုင်းယားကို လက်စတာအသင်းသားအဖြစ်ပဲ ကျွန်တော်မြင်ချင်ပါ တယ်။ ဒါပေမယ့် မန်ယူအသင်းကို ပြောင်းရွှေ့ခွင့်ကို ငြင်းဆန်ဖို့ဆိုတာ ခက်ခဲလွန်းမှာပါ။ ငွေကြေးအရ အကျိုး အမြတ် ရှိမှာဖြစ်ပြီး ဆုဖလားတွေရဖို့ အခွင့်အရေးမှာလည်း မန်ယူက ပိုသာပါတယ်” လို့ ဖွင့်ဟခဲ့တာပါ

Ref : BBC Sports , Goal.com , GivemeSport

SHARE