၅-၇-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter "The Express"

ပေါ့ဂ်ဘာ ။       ။ ရီးယဲလ်အသင်းဟာ ပေါ့ဂ်ဘာအတွက် ကမ်းလှမ်းမှုကို အရှိန်မြှင့်လိုက်ပြီး ကွင်းလယ်လူ တိုနီခရူးစ်နဲ့ ဘေးလ်တို့ကို ပေါ့ဂ်ဘာအတွက် အလိုက်ပေးကမ်းလှမ်းဖို့ ပြင်နေပြီလို့ The Express က ဖော်ပြပါတယ်။ ပေါ့ဂ်ဘာကို ဘေးလ်နဲ့ အလဲအလှယ်လုပ်ဖို့ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့တဲ့ မန်ယူအသင်းဟာ ဒီတစ်ကြိမ်မှာတော့ ရီးယဲလ်ရဲ့ကမ်းလှမ်းမှုကို လက်ခံစဉ်းစားလာဖွယ်ရှိလာတယ်လို့လည်း သတင်းတွေက ဖော်ပြနေကြပါတယ်။

လမ်းပတ် ။      ။ ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ် က ကစားသမားခေါ်ယူခွင့် ပိတ်ပင်ခံထားရခြင်းကို သူ့အနေနဲ့ စိတ်မပူမိကြောင်းနဲ့ အသင်းရဲ့လူငယ်ကစားသမားတွေကိုသာ နေရာပေးသွားမှာဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ ချယ်လ်ဆီးအသင်းကို ပြန်လည်ရောက်ရှိလာခဲ့ကြတဲ့ အေဗရာဟမ် ၊ မေဆွန်မော့င်တ် တို့ဟာ လာမယ့်ဘောလုံးရာသီမှာ လမ်းပတ်ရဲ့စာရင်းထဲရောက်ရှိလာဖို့ရှိနေပြီး အိုဒွိုင်း၊ လော့ဖ်တပ်ချိခ် တို့ကလည်း လမ်းပတ်ရဲ့စိတ်ကြိုက်လူငယ်ကစားသမားတွေ ဖြစ်လာလိမ့်မယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။

(AP Photo/Matt Dunham)

မန်ယူ ။ ။ မန်ယူအသင်းဟာ အသင်းရဲ့အပြောင်းအရွှေ့ဆိုင်ရာကိစ္စတွေ၊ နည်းစနစ်ပိုင်းတွေကို တာဝန်ယူပေးဖို့အတွက် နည်းစနစ်ဒါရိုက်တာတစ်ယောက်ကို အမြန်ဆုံးခန့်အပ်ဖို့ စီစဉ်နေပြီး မန်ယူအသင်းနောက်ခံလူဟောင်း ဖာဒီနန်က ဒီရာထူးအတွက်ရေပန်းစားနေပါတယ်။ မန်ယူရဲ့လက်ရှိအမှုဆောင်ချုပ် ၀ုဒ်ဝါ့ဒ်ဟာ ဘောလုံးနဲ့ပတ်သက်တဲ့ အမြင်မရှိဘူးလို့ ဝေဖန်ခံနေရပြီးနောက် ကစားသမားခေါ်ယူမှုတွေမှာ အမှားအယွင်းမဖြစ်စေဖို့ မန်ယူအသင်းတာဝန်ရှိသူတွေက နည်းစနစ်ဒါရိုက်တာတစ်ယောက်ကို ခန့်အပ်ဖို့ စီစဉ်လာခဲ့တာပါ။

READ
၂၆-၁၂-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ဒီဂျောင် ။        ။ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့တဲ့ ကွင်းလယ်လူ ဖရန်ကီဒီဂျောင်ဟာ စပိန်မြေကိုရောက်ရှိလာခဲ့ပါပြီ။ အေဂျက်ဇ်အသင်းကနေ ပေါင်(၆၅)သန်းနဲ့ခေါ်ယူခဲ့တဲ့ ဒီဂျောင်က မက်ဆီနဲ့ တွဲဖက်ကစားရမှာကို စိတ်လှုပ်ရှားမိကြောင်း ပြောဆိုလိုက်ပြီး ဒီရက်ပိုင်းအတွင်း ကစားသမားသစ် မိတ်ဆက်ပွဲ ပြုလုပ်သွားမှာဖြစ်တယ်လို့ ဘာစီလိုနာအသင်းကလည်း ကြေညာထားပါတယ်။

ရော်ဘင် ။       ။ ချယ်လ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်ကစားသမားဟောင်း အာဂျန်ရော်ဘင် က ကစားသမားဘ၀ကနေ အနားယူလိုက်ပြီဆိုတဲ့အကြောင်း တရားဝင်ကြေညာသွားခဲ့ပါပြီ။ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘ၀မှာ (၁၉)နှစ်ကြာအောင် ကျင်လည်ခဲ့တဲ့ ရော်ဘင်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကုန်ဆုံးချိန်မှာ ဘိုင်ယန်မြူးနစ်အသင်းကနေ ထွက်ခွာလာခဲ့တာဖြစ်ပြီး သူ့ရဲ့အသက် (၃၅)နှစ်အရွယ်မှာ အနားယူဖို့ ဆုံးဖြတ်လိုက်တာပါ။

READ
၂၈-၃-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ
(AP Photo/Frank Augstein, File)

ဂျာဂီယယ်ကာ ။ ။ အဲဗာတန်အသင်းကနေ ထွက်ခွာသွားခဲ့တဲ့ နောက်ခံလူ ဂျာဂီယယ်ကာ ဟာ သူ့ရဲ့ငယ်ဘ၀အသင်းဖြစ်တဲ့ ရှက်ဖီးယူနိုက်တက်အသင်းဆီကို တစ်နှစ်စာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပါပြီ။ အသက် (၃၆)နှစ်အရွယ် နောက်ခံကစားသမားဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပွဲ(၄၀)အထိ ကစားပေးခဲ့သူဖြစ်ပြီး အဲဗာတန်အသင်းအတွက် (၂၈၇)ပွဲ ကစားပေးခဲ့သူပါ။

ဇိုလာ ။ ။ ပြီးခဲ့တဲ့ ရာသီတုန်းက ချယ်လ်ဆီးအသင်းရဲ့ လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဇိုလာ က ချယ်လ်ဆီးအသင်းဟာ သူ့ကိုထုတ်ပယ်ဖို့အတွက် စောစောအသိမပေးခဲ့ဘူးလို့ အပြစ်တင်လိုက်ပါတယ်။ ဒီနေ့မှာတော့ ဇိုလာ ဟာ ချယ်လ်ဆီးအသင်းကနေ ထွက်ခွာသွားခဲ့ပြီဖြစ်ပြီး ချယ်လ်ဆီးတာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာမှ ဇိုလာကို စာချုပ်သစ်ဆက်လက်မချုပ်တော့ကြောင်း အသိပေးခဲ့တာဖြစ်တယ်လို့ ဇိုလာ က ပြောဆိုသွားခဲ့ပါတယ်။

Linn

Source : TheSun , Goal  , Express

SHARE