၅-၉-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter "Goal"

ဆွာရက်ဇ် ။      ။ ဘာစီလိုနာအသင်းတိုက်စစ်မှူး ဆွာရက်ဇ်က နေမာ ဟာ ဘာစီလိုနာအသင်းဆီ ပြန်လာဖို့အတွက် သူလုပ်နိုင်သမျှ အားလုံးကို လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ရင်ဖွင့်လိုက်ပါတယ်။ နေမာ တစ်ယောက် ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ဖို့ မဖြစ်နိုင်တော့တဲ့နောက် ၊ အပြောင်းအရွှေ့ရာသီ ပိတ်သွားချိန်မှာ ဆွာရက်ဇ်အပါအ၀င် ဘာစီလိုနာအသင်းဖော်တချို့ဆီ ဖုန်းဆက်ခဲ့ပြီး ဘာစီလိုနာဆီ ပြန်မရောက်လာနိုင်တော့တဲ့အတွက် စိတ်မကောင်းဖြစ်မိကြောင်းကို ပြောဆိုခဲ့တယ်လို့ ဆွာရက်ဇ်က ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

အဲရစ်ဆင် ။      ။ လာမယ့် ဇန်န၀ါရီအပြောင်းအရွှေ့မှာ စပါးအသင်းကွင်းလယ်လူ အဲရစ်ဆင် ကိုခေါ်ယူဖို့ အက်သလက်တီကိုအသင်းကလည်း ကြိုးစားသွားမှာဖြစ်ကြောင်း Marca က ဖော်ပြပါတယ်။ ဇန်န၀ါရီအပြောင်းအရွှေ့မှာ အဲရစ်ဆင်ရဲ့တန်ကြေးက လက်ရှိအခြေအနေထက်အများကြီး လျော့ကျသွားမှာဖြစ်လို့ မန်ယူ၊ အက်သလက်နဲ့ ရီးယဲလ်အသင်းတို့ အပြိုင်လုကြဖွယ်ရှိနေတယ်လို့ Marca က သုံးသပ်ပါတယ်။

လိုဗရန် ။         ။ လီဗာပူးလ်အသင်းနောက်ခံကစားသမား လိုဗရန်က သူ့အနေနဲ့ စီးရီးအေအသင်းတွေဆီ ပြောင်းရွှေ့ဖို့ ကြိုးစားခဲ့ပေမယ့်လည်း နည်းပြ ဂျာဂန်ကလော့ပ်ရဲ့တောင်းဆိုမှုကြောင့် မပြောင်းရွှေ့ခဲ့တာဖြစ်တယ်လို့ ဖွင့်ဟလိုက်ပါတယ်။ ကလော့ပ်က လိုဗရန် ကို အငှားစေလွှတ်ဖို့ မဖြစ်နိုင်ကြောင်း အသိပေးခဲ့ပြီး အသင်းအနေနဲ့ လိုဗရန်ကို လိုအပ်နေဆဲဖြစ်တယ်လို့ ပြောပြခဲ့ကြောင်း ကစားသမားက ရင်ဖွင့်သွားခဲ့ပါတယ်။

ဘေးလ် ။        ။ ဗီလာရီးယဲလ်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ (၂)၀ါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရတဲ့ တိုက်စစ်မှူး ဂါရက်ဘေးလ်ကတော့ လာမယ့် လီဗန်တေးနဲ့ ပွဲစဉ်မှာ ပါဝင်ကစားနိုင်မှာမဟုတ်ပဲ ပွဲပယ်ခံရတော့မှာပါ။ ရီးယဲလ်အတွက် အားတက်စရာက ဒဏ်ရာကြောင့် နားနေရတဲ့ ကွင်းလယ်လူ ဟာဇက်တစ်ယောက် လီဗန်တေးနဲ့ပွဲမှာ ပြန်လည်ကစားပေးနိုင်ဖို့ရှိနေပြီး လက်ရှိအချိန်မှာ တစ်ကိုယ်တော်လေ့ကျင့်ခန်းအစီအစဉ်တွေ လုပ်ဆောင်နေပြီဖြစ်ပါတယ်။

ဖာတီ ။ ။ ဘာစီလိုနာအသင်းနဲ့အတူ ရာသီအစပွဲစဉ်တွေမှာ ခြေစွမ်းပြခဲ့တဲ့ တောင်ပံကစားသမားလေး ဖာတီ ဟာ ဘာစီလိုနာရဲ့ ချန်ပီယံလိဂ် လူစာရင်းမှာတော့ ပါဝင်ခဲ့ခြင်းမရှိပါဘူး။ နည်းပြ ဗယ်လ်ဗာဒီ က ဖာတီ ဟာ အရည်အချင်းရှိတဲ့ ကစားသမားလေးတစ်ယောက် ဖြစ်ပေမယ့်လည်း ချန်ပီယံလိဂ်အတွက် ရွေးချယ်စရာ ကစားသမားတွေ အသင်းမှာ အများကြီးရှိနေသေးတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

READ
၁၂-၄-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Linn

Source : TheSun , Goal , Mirror

SHARE