၆-၁-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

FA ဖလား ။      ။ မနေ့ညက ကစားခဲ့တဲ့ FA ဖလား တတိယအဆင့်ပွဲစဉ်တွေမှာ ပရီးမီးယားလိဂ်အသင်းကြီးတွေဖြစ်ကြတဲ့ အာဆင်နယ်၊ မန်ယူ၊ ချယ်လ်ဆီး တို့က ပြိုင်ဖက်အသင်းတွေကို ဂိုးပြတ်နဲ့အနိုင်ယူပြီး နောက်တစ်ဆင့်ကို တက်လှမ်းသွားခဲ့ကြပြီဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းက သူတို့ရဲ့အိမ်ကွင်းမှာ နော်တင်ဟမ်ဖောရက်စ်အသင်းကို (၂-၀)နဲ့အနိုင်ရခဲ့သလို မန်ယူအသင်းကလည်း သူတို့ရဲ့ အိမ်ကွင်းမှာ ရီဒင်းအသင်းကို (၂-၀) ဂိုးနဲ့ အနိုင်ရခဲ့တာပါ။ အာဆင်နယ်အသင်းကတော့ ဘလက်ပူးလ်အသင်းကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ခဲ့ရပြီး(၀-၃)နဲ့ အနိုင်ရရှိကာ နောက်တစ်ဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။

ဖာဘရီဂက်စ် ။  ။ ချယ်လ်ဆီးအသင်းက နော်တင်ဟမ်ဖောရက်စ်အသင်းကို (၂-၀)နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အသင်းအတွက် ပွဲထွက်ကစားပေးခဲ့တဲ့ ဖာဘရီဂက်စ်အတွက် ဒီပွဲဟာ အင်္ဂလန်မြေမှာ ကစားခဲ့ရတဲ့နောက်ဆုံးပွဲ ဖြစ်သွားခဲ့ပါတယ်။ ဖာဘရီဂက်စ်ဟာ မိုနာကိုအသင်းကိုပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့ပြီးတဲ့နောက် လာမယ့်ရက်ပိုင်းအတွင်းမှာ အသင်းကနေ ထွက်ခွာသွားတော့မှာပါ။ အသက် (၃၁)နှစ်အရွယ် ကွင်းလယ်လူဟာ ဒီပွဲစဉ်မှာ ပင်နယ်တီကနေ ဂိုးသွင်းဖို့ အခွင့်အရေးတစ်ကြိမ် ရရှိခဲ့ပေမယ့်လည်း သူ့ရဲ့ပင်နယ်တီကို ဂိုးသမား လုခ်စတီး က ကာကွယ်သွားနိုင်ခဲ့ပါတယ်။

Twitter

တာဟိ ချောင်း ။ ။ မန်ယူအသင်းနဲ့ ရီဒင်းအသင်းတို့ရဲ့ပွဲစဉ်ဒုတိယပိုင်းမှာ လူစားဝင်ကစားခဲ့တဲ့ လူငယ်ကွင်းလယ်လူ တာဟိ ချောင်း ကို မန်ယူအသင်းပရိသတ်တွေက စိတ်ဝင်စားခဲ့ကြပြီး ဆိုရှယ်မီဒီယာတွေပေါ်မှာ သူ ဘယ်သူလဲလို့ မေးခွန်းထုတ်နေကြပါတယ်။ ချောင်း ဟာ မန်ယူအသင်းရဲ့ အကယ်ဒမီက ထွက်ပေါ်လာတဲ့ လူငယ်ကစားသမားတစ်ယောက်ဖြစ်ပြီး မန်ယူအသင်းကြီးမှာ ကစားဖို့ နည်းပြ ဆိုးလ်ရှားက အခွင့်အရေးပေးခဲ့တာပါ။ အသက် (၁၉)နှစ်အရွယ် လူငယ်ကစားသမားလေးဟာ ပြိုင်ပွဲရဲ့ မိနစ် (၃၀)နီးပါး ကစားခဲ့ရပြီး သူ့ရဲ့ခြေစွမ်းက ပရိသတ်တွေအတွက် ဖျော်ဖြေမှုပေးစွမ်းနိုင်စွမ်း အနည်းငယ်သာ ရှိခဲ့ပါတယ်။ မန်ယူပရိသတ်တွေကတော့ ချောင်း ဟာ အသင်းကြီးအတွက် ပွဲထွက်ကစားပေးရလို့ အမှားလုပ်မိမှာ ကြောက်နေတဲ့ပုံစံပေါက်နေကြောင်း မှတ်ချက်ပေးနေကြပါတယ်။

READ
၂၁-၁-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ
Twitter

လယ်လာနာ ။   ။ လီဗာပူးလ်အသင်းဟာ သူတို့ရဲ့ ကွင်းလယ်ကစားသမား လယ်လာနာကို အငှားချမယ့်အစီအစဉ်မရှိတော့ဘူးလို့ ကြေညာလိုက်ပါတယ်။ လီဗာပူးလ်ဟာ ပေါင်ခြံဒဏ်ရာကြောင့် ဒီရာသီ ပွဲစဉ်အများစုကို လွဲချော်နေခဲ့ရတဲ့ လယ်လာနာကို အငှားချဖို့ စီစဉ်နေခဲ့တာဖြစ်ပြီး ဒဏ်ရာကနေ ပြန်လည်သက်သာလာချိန်မှာ အငှားချထားဖို့ စဉ်းစားခဲ့တာပါ။ Sky Sports ရဲ့ ရေးသားချက်အရ လယ်လာနာ ဟာ တူရကီကလပ် ဖီနာဘာချီအသင်းဆီ အငှားချထားခံရဖို့ နီးစပ်ခဲ့ပြီး လီဗာပူးလ်အသင်းက သူတို့ရဲ့ ဆွေးနွေးမှုကို နောက်ဆုတ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

ဝစ်ဂယ် ။         ။ ဘိုင်ယန်မြူးနစ်အသင်းနည်းပြ လူစီယန် ဖက်ဘရီ က PSG အသင်းခေါ်ယူဖို့ လုပ်နေတဲ့ ကွင်းလယ်လူ ၀စ်ဂယ်ကို အသင်းမှာ ဆက်ထိန်းထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ PSG အသင်းနည်းပြ တူချယ်ဟာ သူနဲ့ လက်တွဲခဲ့ဖူးတဲ့ လူငယ်ကွင်းလယ်လူ ကို PSG အသင်းဆီ ခေါ်ချင်နေတာဖြစ်ပြီး ဖက်ဘရီက ဒီကစားသမားကိုရောင်းချဖို့ ငြင်းဆန်လိုက်တာပါ။ လက်ရှိအမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ ဒေါ့တ်မွန်အသင်းအနေနဲ့ ရာသီဝက်ကာလမှာ အသင်းကစားသမားတွေကို ဆုံးရှုံးသွားရမှာ မလိုလားဘူးလို့ နည်းပြ  ဖက်ဘရီက ဆိုပါတယ်။

READ
နိုင်ငံလက်ရွေးစင်အဖြစ်ကနေအနားယူတော့မယ်လို့ အံ့သြသင့်ဖွယ်ကြေငြာခဲ့တဲ့မက်ဆီ
Twitter

ကိုစီယယ်နီ ။    ။ အာဆင်နယ်အသင်းနောက်ခံကစားသမား ကိုစီယယ်နီဟာ ဘလက်ပူးလ်အသင်းနဲ့ကစားရမယ့် ပွဲကြိုလေ့ကျင့်ခန်းအစီအစဉ်မှာ ဒဏ်ရာရရှိသွားခဲ့ပြီး အသင်းလူစာရင်းကနေ နုတ်ထွက်သွားခဲ့ရပါတယ်။ အသက် (၃၃)နှစ်အရွယ် နောက်ခံလူဟာ တံကောက်ကြောဒဏ်ရာကနေ ပြန်လည်သက်သာလာတာ ရက်ပိုင်းအတွင်းပဲရှိသေးပြီး လက်ရှိမှာ နောက်ကျောနာကျင်မှုဒဏ်ကို ခံစားနေခဲ့ရတာပါ။ အာဆင်နယ်နည်းပြ အမ်မရီကတော့ ကိုစီယယ်နီရဲ့နေရာမှာ ယန်ကင်ဆန် ကို အစားထိုးခဲ့ရပြီး ခံစစ်ပိုင်းကို အားဖြည့်ခဲ့ရပါတယ်။

Linn

Source : TheSun , Dailymail , Goal

SHARE