၆-၂-၂၀၂၀ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Twitter / Goal

ဒီလစ် ။ ။ ဂျူဗင်တပ်စ်အသင်းနောက်ခံကစားသမား ဒီလစ် ရဲ့ ခြေစွမ်းဟာ တစ်နေ့ထက် တစ်နေ့ ပိုမိုကောင်းမွန်လာကြောင်းနဲ့ သူနဲ့ပတ်သက်ပြီး ပရိသတ်တွေ ခံစားနေရတဲ့ သံသယတွေကိုလည်း ဖျောက်ဖျက်ပစ်လိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း အေးဂျင့်ဖြစ်သူ ရိုင်အိုလာ က ဆိုလိုက်ပါတယ်။ အသက် (၂၀)အရွယ် နောက်ခံလူဟာ အေဂျက်ဇ်အသင်းကနေ ပေါင်(၆၈)သန်းနဲ့ရောက်ရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ ရာသီမှာ အရန်ခုံမှာပဲ အချိန်ကုန်ခဲ့ရလို့ ပရိသတ်တွေရဲ့ ဝေဖန်မှုကို ခံထားရတာပါ။ ဒီရာသီမှာတော့ ဒီလစ် က ဂျူဗင်တပ်စ်အသင်းအတွက် (၁၇)ပွဲအထိ ကစားပေးထားခဲ့ပြီး ဒီတစ်ပတ် ကစားခဲ့တဲ့ ဖီအိုရင်တီးနားနဲ့ ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူပေးခဲ့ပါသေးတယ်။

 

မက်ဆီ ။         ။ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာ က ဘာစီလိုနာအသင်းကနေ မက်ဆီသာ ထွက်ခွာသွားမယ်ဆိုရင် ဘာစီအနေနဲ့ ရုန်းကန်ရမှာဖြစ်ပြီး ရော်နယ်ဒို မရှိတော့တဲ့ ရီးယဲလ်အသင်းလို ဖြစ်သွားလိမ့်မယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ အသင်းအတွင်း မကျေလည်မှုတွေကြောင့် ဘာစီလိုနာကနေ ထွက်ခွာသွားလိမ့်မယ်လို့ သတင်းတွေ ထွက်နေတဲ့ မက်ဆီ အပေါ် ဂွာဒီယိုလာက မှတ်ချက်ပေးလိုက်တာဖြစ်ပြီး ဘာစီလိုနာဟာ မက်ဆီ ကို အဆုံးရှုံးခံနိုင်မှာမဟုတ်ဘူးလို့ ဆိုလိုက်ပါတယ်။

READ
ခရစ္စမတ်နေ့မှာ မနက်(4:30)နာရီမှစပြီး လေ့ကျင့်ခန်းဆင်းဖို့ အမိန့်ထုတ်ခဲ့တဲ့ မော်ရင်ဟို

ဟာဇက် ။        ။ ရီးယဲလ်လိုအသင်းမျိုးမှာ ဟာဇက်တစ်ယောက် ခြေစွမ်းမပြနိုင်ဘူးဆိုရင် တစ်ခုခုမှားယွင်းနေတာကြောင့်ပဲလို့ ဂွာဒီယိုလာ ကသုံးသပ်လိုက်ပြန်ပါတယ်။ ချယ်လ်ဆီးကနေ ရီးယဲလ်ဆီကို ပေါင်သန်း(၉၀)နဲ့ ပြောင်းရွှေ့သွားခဲ့ပေမယ့် ရီးယဲလ်မှာ ခြေစွမ်းမပြနိုင်ပဲဖြစ်နေတဲ့ ဟာဇက်ရဲ့အခြေအနေကို ဂွာဒီယိုလာက မေးခွန်းထုတ်လိုက်တာပါ။ ရီးယဲလ်အတွက် (၁၃)ပွဲ ကစားပြီးချိန်မှာမှ သွင်းဂိုးတစ်ဂိုးသာ သွင်းယူနိုင်ခဲ့တဲ့ ဟာဇက်ရဲ့အနေအထားက ပရိသတ်တွေအတွက်လည်း စိတ်ပျက်စရာဖြစ်နေပြီး ဟာဇက်ဟာ ကမ္ဘာ့အဆင့်ကစားသမားမျိုးဖြစ်လို့ ဒီလိုခြေစွမ်းမပြနိုင်တာမျိုး ဖြစ်စရာအကြောင်းမရှိဘူးလို့ ဂွာဒီယိုလာကဆိုလိုက်ပါတယ်။


စပါး ။   ။ PSG တောင်ပံကစားသမား ဘတ်ခ်ျဝင်း ကို ခေါ်ယူထားနိုင်ခဲ့ပေမယ့်လည်း စပါးအသင်းက နောက်ထပ် ကွင်းလယ်ကစားသမားသစ် တစ်ဦး ထပ်မံခေါ်ယူဖို့ အစီအစဉ်ဆွဲနေပြန်ပါတယ်။ ရိုးမားအသင်းရဲ့ တောင်ပံကစားသမား အွန်ဒါ ကို နည်းပြမော်ရင်ဟို က ကင်းထောက်စေလွှတ်ပြီး စောင့်ကြည့်ခိုင်းနေတယ်လို့ အီတလီသတင်းစာတွေက ဖော်ပြနေကြပြီး အသက် (၂၂)နှစ်အရွယ် ကွင်းလယ်လူဟာ လာမယ့်အပြောင်းအရွှေ့မှာ စပါးအသင်းရဲ့ အဓိက ပစ်မှတ်ဖြစ်လာဖို့ရှိနေတာပါ။

မော်ရင်ဟို ။     ။ မနေ့ညက ကစားခဲ့တဲ့ FA ဖလား ပြန်ကန်ပွဲစဉ်မှာ စပါးအသင်းက ဆောက်သမ်တန်အသင်းကို (၃-၂)ဂိုးနဲ့ အနိုင်ယူခဲ့ပြီးတဲ့နောက် နည်းပြ မော်ရင်ဟိုက ဆောက်သမ်တန်ဟာ စပါးအသင်းထက်ပိုကောင်းခဲ့ကြောင်း ၀န်ခံလိုက်ပါတယ်။ ဒါပေမယ့်လည်း မော်ရင်ဟိုက စပါးအသင်းကသာ နိုင်ပွဲနဲ့ပိုပြီးထိုက်တန်တဲ့အသင်း ဖြစ်ခဲ့တယ်လို့ ဆိုခဲ့တာပါ။ ဆောက်သမ်တန်အသင်းဟာ ပွဲချိန် မိနစ် (၇၀)အထိ (၁-၂)ဂိုးနဲ့ စပါးကို နိုင်နေခဲ့ပေမယ့်လည်း ပွဲချိန် (၇၈)မိနစ်မှာ မိုရာရဲ့ချေပဂိုး၊ ပွဲချိန် (၈၈)မိနစ်မှာ ဆွန်ဟောင်မင်ရဲ့ အနိုင်ဂိုးတွေကိုခွင့်ပြုခဲ့ရပြီး ပွဲအပြီးမှာ ရှုံးနိမ့်သွားခဲ့ရတာပါ။

READ
(၂၈-၅-၁၈)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Linn

Source : theSun , Goal , Mirror

SHARE