(၆-၅-၂၀၁၉)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

မော်ရင်ဟို – တစ်နှစ်ကျော်ကြာ အလုပ်လက်မဲ့ဖြစ်နတဲ့ မော်ရင်ဟိုကို အခုအခါမှာ အသင်းကြီးတစ်ချို့က ကမ်းလှမ်းမှုတွေ ရှိလာပါတယ်။ အီတလီကလပ် ရိုးမားအသင်းနဲ့လည်း တွေ့ဆုံဆွေးနွေးနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေသလို၊ ဆဲလ်တစ်အသင်းကလည်း မော်ရင်ဟိုကို ချိတ်ဆက်နေတယ်လို့ သိရပါတယ်။

ပရီးမီးယားလိဂ် – အမှတ်ပေးဇယားမှာ မန်စီးတီးက ယနေ့ညပွဲ မကန်ရသေးခင်မှာ လီဗာပူးထက်တစ်မှတ်လျှော့အနေအထားနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ ပြီးခဲတဲ့ ပွဲစဉ်တွေမှာ ချယ်လ်ဆီးအသင်းကလွဲရင်၊ စပါး၊ အာဆင်နယ်၊ မန်ယူတို့ အမှတ်တွေဆုံးရှုံးခဲ့ပါတယ်။ ချယ်လ်ဆီးကတော့ ဒီနိုင်ပွဲကြောင့် တတိယ/စတုတ္ထနေရာအတွက်သာ အားကုန်ထုတ်ရတော့မှာပါ။

(AP Photo/Matt Dunham)

စပါးအသင်းကလည်း ရှုံးနိမ့်ခဲ့ပေမယ့် အာဆင်နယ်က အမှတ်ဆုံးရှုံးခဲ့လို့ ချန်ပီယံလိဂ်အတွက်တော့ အခြေအနေ ကောင်းသွားပါပြီ။ အာဆင်နယ်က ရမှတ်(၆၇)နဲ့ နောက်တစ်ပွဲမှာ နိုင်ရင်တောင် စပါးနေရာကိုလုဖို့ ဂိုးကွာခြားချက် ကြီးမားလွန်းလို့ အတော်အလှမ်းဝေးပါတယ်။ အာဆင်နယ်ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ဆိုရင် နောက်ပွဲမှာ စပါးကလည်း ရှုံးမှ၊ အာဆင်နယ်ကိုယ်တိုင်က ဘန်လေကို အနည်းဆုံး (၉-၀)လောက်နဲ့ နိုင်မှဖြစ်နိုင်တာမို့ ချန်ပီယံလိဂ်ဝင်ခွင့် မရတော့ဘူးလို့တောင် ပြောလို့ရပါပြီ။

ဘရန်ရော်ဂျာ – မန်စီးတီးအသင်းဟာ လက်စတာအသင်းနဲ့ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ဘရန်ရော်ဂျာက သတိပေးလိုက်ပါတယ်။ ဘရန်ရော်ဂျာဟာ လီဗာပူးမန်နေဂျာအဖြစ် ဆောင်ရွက်ခဲ့ဖူးသူဖြစ်ပြီး၊ အသင်းဟောင်းအတွက် သူ တက်နိုင်သလောက် ဖြည့်ဆည်းပေးဖို့ရှိပါတယ်။ မန်စီးတီးကို ဒုက္ခပေးမယ့်သူကတော့ ဂျိမ်းဗာဒီဖြစ်တယ်လို့လည်း ရော်ဂျာက ထုတ်ဖော်ခဲ့ပါတယ်။

အာရွန်ရမ်ဆေး – အာဆင်နယ်အသင်းမှာ အားထားရတဲ့ ကွင်းလယ်လူအဖြစ် (၁၁)နှစ်ကြာ ပေးဆပ်ခဲ့တဲ့ ရမ်ဆေးဟာ အာဆင်နယ်အသင်းကို အခုအခါမှာ အပြီးတိုင် နှုတ်ဆက်လိုက်ပါပြီ။ သူဟာ ဇူလိုင်လမှာ အီတလီကလပ် ဂျူဗင်နဲ့ ပူးပေါင်းတော့မှာဖြစ်ပြီး၊ ဒဏ်ရာရရှိထားလို့လည်း လက်ကျန်ပွဲစဉ်တွေကို လွဲချော်တော့မှာဖြစ်လို့ အာဆင်နယ်ပရိသတ်ကို နှုတ်ဆက်လိုက်ကြောင်း သိရပါတယ်။

ဇီဒန်း – ရီးယဲလ်အသင်းနည်းပြ ဇီဒန်းဟာ လာမယ့်ရာသီမှာ အသင်းကနေ ထွက်ခွာဖို့ပြင်ဆင်နေတဲ့ ဂါရက်ဘေးနဲ့ တွေ့ဆုံဆွေးနွေးမှုကို ငြင်းဆန်လိုက်ကြောင်း သိရပါတယ်။ ဂါရက်ဘေးလ်ရဲ့ အနာဂတ်ရေးနဲ့ပတ်သက်ပြီး သတင်းသမားတွေရဲ့အမေးကိုလည်း ဖြေကြားဖို့ ငြင်းဆန်ခဲ့တာကြောင့် ဂါရက်ဘေးတစ်ယောက် အသင်းကနေ လစ်ဖို့ ရှိနေပါပြီ။

READ
၂၀-၈-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
(AP Photo/Matt Dunham)

ကန်တေ – ယမန်နေ့ညက ဝက်ဖို့ဒ်အသင်းနဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိသွားလို့ လူစားလဲခံလိုက်ရတဲ့ ကန်တေဟာ ဒဏ်ရာ ပြင်းထန်ခဲ့ကြောင်း သိရပါတယ်။ ဒါကြောင့် ကန်တေအနေနဲ့ လက်ကျန်ပွဲစဉ်တွေလွဲချော်မှာကို ဆာရီက  စိုးရိမ်နေကြောင်း သိရပါတယ်။ ချယ်လ်ဆီးဟာ ယူရိုပါလိဂ်အရေးကြီးပွဲစဉ်ကို ကစားရဦးမှာပါ။

ဟန်ဒါဆင် – ယခုနှစ်ရာသီမှာ မန်စီးတီးနဲ့အပြိုင် ပရိသတ်တွေအတွက် လှုပ်ခပ်မှုအပေးနိုင်ဆုံး လီဗာပူးအသင်းဟာ ချန်ပီယံဖြစ်ရေးအတွက် နောက်ဆုံးအကြိမ်ထိ အသက်ဆက်နေမယ်လို့ အသင်းခေါင်းဆောင် ဟန်ဒါဆင်က ဆိုပါတယ်။ အသင်းသားတွေအားလုံးကလည်း ချန်ပီယံဖြစ်ရေး အခုအချိန်ထိ စိတ်အားထက်သန်နေဆဲလို့ ဆိုပါတယ်။

လင်းဇော်ကို (Shwemom)

Source : skysports.com/ goal.com/ marca.com/ mirror.com/ thesun.co.uk/ metro.co.uk

SHARE