၆-၉-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

တယ်ရီ ။         ။ မန်ယူအသင်းနည်းပြ မော်ရင်ဟိုနဲ့ လက်တွဲခဲ့ဖူးတဲ့ အင်္ဂလန်နောက်ခံလူ ဂျွန်တယ်ရီဟာ မန်ယူအသင်းကို မထင်မှတ်ပဲ ရောက်လာဖို့ရှိနေပြီး မော်ရင်ဟိုနဲ့ပြန်လည်လက်တွဲဖို့ရှိနေပါတယ်။ အသက် (၃၇)နှစ်အရွယ် ဂျွန်တယ်ရီဟာ လက်ရှိမှာ အသင်းလက်မဲ့ဖြစ်နေပြီး မော်ရင်ဟိုအနေနဲ့ သူ့ရဲ့ခံစစ်ပိုင်း ပြဿနာအတွက် တယ်ရီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူသွားဖို့ရှိတယ်လို့ သတင်းတွေက ဖော်ပြနေကြတာပါ။

ဂျီလိုဘိုဂျီ ။      ။ လိဂ်(၁)ကလပ် ဆန်းဒါးလန်းအသင်းဟာ အသင်းဆီကို (၇၂) ရက် နောက်ကျပြီးမှ ရောက်ရှိလာတဲ့ နောက်ခံလူ ဂျီလိုဘိုဂျီ ကို အသင်းကနေ ထုတ်ပယ်ဖို့ စဉ်းစားနေပြီဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းရဲ့ ခံစစ်ကစားသမားဟောင်းဟာ  အသင်းရဲ့ လေ့ကျင့်ရေးကွင်းကို မနေ့က မနက်ပိုင်းကမှ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့ လာရောက်ပူးပေါင်းဖို့ သတ်မှတ်ထားတဲ့ရက်ထက် (၇၂)ရက် နောက်ကျပြီးမှရောက်ရှိလာတာဖြစ်ပါတယ်။

AFP

ပီယာတက် ။    ။ ဘာစီလိုနာအသင်းဟာ လီဝန်ဒေါစကီးလက်သစ်လို့ သတ်မှတ်ခြင်းခံနေရတဲ့ ဂျီနိုအာ တိုက်စစ်မှူး ပီယာတက် ကိုခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဂျီနိုအာအသင်းရဲ့ အသက် (၂၃)နှစ်အရွယ် တိုက်စစ်မှူးဟာ စီးရီးအေရဲ့ အဖွင့်ပွဲစဉ်(၃)ပွဲမှာ (၇) ဂိုးသွင်းယူနိုင်ခဲ့ပြီး အသင်းအတွက် ခြေစွမ်းပြနေတာပါ။ ပီယာတက်ဟာ ဒီရာသီအပြောင်းအရွှေ့မှာမှ ကရာကောအသင်းကနေ ဂျီနိုအာအသင်းဆီ ပေါင် (၃.၈)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

READ
ရွိုင်းဟော့ဒန်ဆန်နဲ့အင်္ဂလန်အသင်းသားများ ဟိုတယ်မှာသရဲအခြောက်ခံရ
AFP

ဆာနေး ။        ။ ဂျာမနီအသင်းရဲ့ ကွင်းလယ်ကစားသမား တိုနီခရူးစ်က ဂျာမနီအသင်းမှာ ပြန်လည်ရွေးချယ်ခြင်းခံခဲ့ရတဲ့ ကွင်းလယ်ကစားသမား ဆာနေးဟာ အနိုင်၊ အရှုံးကို စိတ်မ၀င်စားတဲ့သူလို့ ဝေဖန်လိုက်ပါတယ်။ ခရူးစ်က ဆာနေးဟာ ပွဲကစားဖို့ပဲသိပြီး အသင်းရဲ့ အနိုင်အရှုံးကို စိတ်မ၀င်စားတဲ့သူမို့လို့ ဂွာဒီယိုလာရဲ့ လက်အောက်မှာ ပွဲထွက်ခွင့်ပျောက်ဆုံးနေတာဖြစ်တယ်လို့ မှတ်ချက်ပေးလိုက်တာပါ။

PA

ဘရန့်တ် ။       ။ ဂျာမနီအသင်းကနေ အနားယူသွားပြီဖြစ်တဲ့ ကွင်းလယ်လူ အိုဇေးလ်ရဲ့ ကျောနံပတ် (၁၀) ကို ဂျာမနီအသင်းလူငယ်တိုက်စစ်ကစားသမား ဂျူလီယံဘရန့်တ်က ၀တ်ဆင်သွားတော့မှာဖြစ်ပါတယ်။ (၂၀၁၈) ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကျောနံပတ် (၂၀) ၀တ်ဆင်ခဲ့တဲ့ ဘရန့်တ်ဟာ အိုဇေးလ်မရှိတော့တဲ့နောက် သူ့ရဲ့ ကျောနံပတ်ကို ရယူလိုက်ပြီး အသက် (၂၂)နှစ်အရွယ်ကွင်းလယ်လူက ဒီနံပတ်ကြောင့် သူ့အတွက် ဖိအားရှိလာမှာမဟုတ်ဘူးလို့ ဆိုလိုက်ပါတယ်။

READ
၎-၁-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ဇီဒန်း ။ ။ ရီးယဲလ်အသင်းနည်းပြဟောင်း ဇီဒန်းက ရီးယဲလ်မှာလက်တွဲခဲ့ဖူးတဲ့ နောက်ခံလူရာမို့စ်နဲ့ တိုက်စစ်မှူး ရော်နယ်ဒိုတို့နဲ့ ပတ်သက်ပြီး ချီးကျူးစကားဆိုလိုက်ပါတယ်။ ဇီဒန်းက ရာမို့စ်နဲ့ ရော်နယ်ဒိုတို့ နှစ်ဦးစလုံးဟာ အသင်းသားတွေကို ဦးဆောင်နိုင်တဲ့သူတွေဖြစ်ပြီး ရာမို့စ်က အ၀တ်လဲခန်းထဲမှာ အသင်းသားတွေကို လွှမ်းမိုးမှုရှိသလို၊ ရော်နယ်ဒိုကတော့ ကွင်းအတွင်းမှာ အသင်းဖော်တွေကို စိတ်ဓာတ်တက်ကြွအောင် ဦးဆောင်နိုင်တဲ့သူလို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

Linn

Source : TheSun , Dailymail , Mirror

SHARE