(၇-၅-၂၀၁၉)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

မန်စီးတီး – ယမန်နေ့ညက ကစားခဲ့တဲ့ပွဲမှာ မန်စီတီးအသင်းဟာ ပြိုင်ဘက်လက်စတာအသင်းကို (၁-၀)ရလဒ်နဲ့ ကပ်ပြီးနိုင်ခဲ့ပါတယ်။ ဒီအနိုင်ကြောင့် မန်စီးတီးတို့ ဇယားထိပ်ဆုံးကို ပြန်လည်ရောက်ရှိလာခဲ့ပြီး၊ လက်ကျန်တစ်ပွဲ ကစားပြီးတာနဲ့ မန်စီးတီးဖလားလို့ သတ်မှတ်လို့ရပါပြီ။ မန်စီးတီးအတွက် အနိုင်ဂိုးကို ကွန်ပနီက မိနစ် (၇၀)မှာ သွင်းယူပေးခဲ့တာပါ။

မန်ယူ – မန်ယူအသင်းဟာ ဂျူဗင်တပ်အသင်းတိုက်စစ်မှူး ဒိုင်ဘာလာကို ပေါင် (၈၅)သန်းနဲ့ ကမ်းလှမ်းဖို့အထိ ရှိနေကြောင်း သိရပါ။ ဒိုင်ဘာလာဟာ ဂျူဗင်တပ်အသင်းထံကို ပါလာမိုအသင်းကနေ (၂၀၁၅)ခုနှစ်မှာ ရောက်ရှိခဲ့ပြီး၊ ဂျူဗင်အတွက် (၁၂၅)ပွဲကစားပြီး (၅၇)ဂိုး သွင်းယူထားသူပါ။

T-Online

ဂွါဒီယိုလာ – ယမန်နေ့ညက ကစားခဲ့တဲ့ပွဲမှာ မန်စီးတီးအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ ကွန်ပနီဟာ မန်စီးတီးအသင်းမှာ သူ့အနာဂတ် ဆက်ပြီးရှိ၊ မရှိဆိုတာကို မဆုံးဖြတ်ရသေးကြောင်း ဂွါဒီယိုလာက ပြောပါတယ်။ ကွန်ပနီဟာ လက်ရှိအချိန်ထိ မန်စီးတီးအသင်းမှာ (၁၁)နှစ်ကြာ ကစားနေဆဲ ဖြစ်ပါတယ်။

ပိုချက်တီနို – ပထမအကြော့ အိမ်ကွင်းမှာ အေဂျက်ကို ရှုံးနိမ့်ခဲ့တဲ့ စပါးအနေနဲ့ နောက်တစ်ဆင့် တက်ရောက်ရေးအတွက် အဝေးကွင်းမှာ ခြေကုန်ထုတ် ကစားကြဖို့ စပါးအသင်းနည်းပြ ပိုချက်တီနိုက တိုက်တွန်းလိုက်ပါတယ်။ အေဂျက်အသင်းဟာ လူငယ်တွေအများစုနဲ့ စုဖွဲ့ထားပြီး အကောင်းဆုံး ခြေစွမ်း ရနေသူပါ။

Liverpool FC

အန်ဒီရော်ဘတ်ဆင် – လီဗာပူးနောက်ခံလူ ရော်ဘတ်ဆင်က ဘာစီလိုနာနဲ့ ကစားရမယ့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကြော့မှာ ပထမအကြော့က ရှုံးကြွေးကိုဆပ်ဖို့ ရော်ဘတ်ဆင်က ခြေကုန်ထုတ်ကစားကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ဘာစီလိုနာဟာ ပထမကြော့မှာ လီဗာပူးကို (၃-၀)ရလဒ်နဲ့ အနိုင်ရခဲ့တာကြောင့် နောက်တစ်ဆင့် တက်ရေး အခြေအနေကောင်းနေပါတယ်။

ကာဆီးလက် – ရုတ်တရက်ထဖောက်တဲ့ နှလုံးရောဂါကြောင့် ဆေးရုံအရေးပေါ် တက်ရောက်ခဲ့ရတဲ့ ကာဆီးလက်ဟာ အခုအခါမှာတော့ အခြေအနေ ပြန်လည်ကောင်းမွန်လာပြီဖြစ်တာကြောင့် ဆေးရုံကနေ ဆင်းလာခဲ့ပြီ ဖြစ်ပါတယ်။ သူ ဘောလုံးဆက်ကစားမှာလားဆိုတာတော့ မသိရသေးပါဘူး။

Irish Mirror

ဆွာရက်ဇ် – လီဗာပူးဘက်ကို ဂိုးသွင်းပြီး အောင်ပွဲခံခဲ့တဲ့ ဆွာရက်ဇ်ကို ဝေဖန်မှုတွေ ရှိခဲ့ရာ၊ ဆွာရက်ဇ်က ဘယ်ကစားသမားပဲဖြစ်ဖြစ် တစ်ခါတလေ စိတ်လိုလက်ရ လုပ်မိတတ်ကြောင်း၊ ဒါပေမယ့် လီဗာပူးအိမ်ကွင်းမှာ ရင်ဆိုင်ရမယ့် အကြော့မှာတော့ မိမိ ဂိုးသွင်းဖြစ်ခဲ့ရင်လည်း အောင်ပွဲခံမှာ မဟုတ်ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။

READ
မိန်းမနှစ်ယောက် တပြိုင်တည်းယူဖို့ စီစဉ်နေတဲ့ ရော်နယ်ဒင်ဟို

လီဗာပူး- အခုနောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းတွေအရ လီဗာပူးအသင်းရဲ့ အဓိကတိုက်စစ်မှူးနှစ်ဦးဖြစ်တဲ့ ဆာလာနဲ့ ဖာမီနိုတို့နှစ်ဦးစလုံးဟာ ဘာစီလိုနာနဲ့ကစားရမယ့် ဒုတိယအကြော့ကို လွဲချော်မှာဖြစ်ကြောင်း သိရပါတယ်။ လီဗာပူးရဲ့ ဖလားကျိန်စာဟာ အတော်လေးကို ရင်နာစရာကောင်းနေပြီး၊ ပရီးမီယားလိဂ်မှာလည်း မန်စီးတီးအမှားကို စောင့်နေရတဲ့ အဖြစ်ပါ။

ဝီရှိုင်းယား – အာဆင်နယ်ကွင်းလယ်မှာ ခြေစွမ်းပြခဲ့တဲ့ ဝီရှိုင်းယားက အာဆင်နယ်အသင်းရဲ့ ဒီနှစ်ရာသီခြေစွမ်းဟာ ကောင်းမွန်ခဲ့ကြောင်း ချီးကျူးခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ်ဟာ ယူရိုပါလိဂ်မှာသာ ဆက်ရှိနေရမှာဖြစ်ပြီး၊ ယူရိုပါလိဂ်ဖလားရရင်တော့ ချန်ပီယံလိဂ်ဝင်ခွင့် အလိုလျှောက် ရရှိမှာပါ။ ဝီရှိုင်းယားဟာ မြို့ခံပြိုင်ဘက် ဝက်စ်ဟမ်းအသင်းကို ယမန်နှစ်က ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။

လင်းဇော်ကို (Shwemom)

Source : skysports.com/ goal.com/ espn.com/ marca.com/ dailymail.com/ thesun.com

SHARE