၇-၇-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

(AP Photo/Victor R. Caivano)

အာဂျင်တီးနား ။ ။ အာဂျင်တီးနားအသင်းဟာ ကိုပါအမေရိက ပြိုင်ပွဲရဲ့ တတိယနေရာလုပွဲမှာ ချီလီအသင်းကို (၂-၁)နဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။ အာဂျင်တီးနားအတွက် ပွဲချိန် (၁၃)မိနစ်နဲ့ (၂၂)မိနစ်တွေမှာပဲ အဂွီရို၊ ဒိုင်ဘာလာ တို့က ဦးဆောင်ဂိုးတွေ သွင်းပေးခဲ့ကြလို့ ပွဲချိန် ပထမပိုင်းမှာတင် အာဂျင်တီးနားက (၂-၁)ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာပါ။ ပွဲချိန် (၃၇)မိနစ်မှာတော့ ချီလီနောက်ခံလူ မီဒယ်နဲ့ မက်ဆီတို့ အချင်းများခဲ့ကြပြီး နှစ်ယောက်စလုံး အနီကတ်နဲ့ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။ ပွဲချိန် (၅၉)မိနစ်မှာ ချီလီအသင်းပင်နယ်တီရခဲ့ပြီး ဗီဒယ်က ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူပေးခဲ့ပေမယ့် လိုအပ်တဲ့ နောက်ထပ်ချေပဂိုးတစ်ဂိုး ထပ်မရတော့လို့ ပွဲအပြီးမှာ အာဂျင်တီးနားက (၂-၁)နဲ့ နိုင်သွားခဲ့တာပါ။

ပေါ့ဂ်ဘာ ။       ။ မန်ယူအသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်နေခဲ့တဲ့ ကွင်းလယ်လူ ပေါ့ဂ်ဘာ ဟာမန်ယူအသင်းရဲ့ ရာသီကြိုခြေစမ်းပွဲခရီးစဉ်ကို လိုက်ပါလာဖို့မရှိဘူးလို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ မန်ယူအသင်းဟာ ဒီနေ့ညမှာ သူတို့ရဲ့ ရာသီကြိုခြေစမ်းပွဲ ခရီးစဉ်ကို စတင်ထွက်ခွာမှာဖြစ်ပြီး ပေါ့ဂ်ဘာဟာ လက်ရှိအချိန်အထိ အသင်းနဲ့လာရောက်ပူးပေါင်းမှု ရှိမနေသေးတာပါ။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားဟာ နိုင်ငံတကာပွဲစဉ်တွေ ကစားထားရတဲ့ ပေါ့ဂ်ဘာကို နားရက်ပိုပေးထားခဲ့ပြီး ပြီးခဲ့တဲ့တစ်ပတ်၊ မန်ယူကစားသမားတွေ လေ့ကျင့်ခန်းစတင်ဆင်းနေချိန်မှာ ပေါ့ဂ်ဘာတစ်ယောက် အနားယူနေခဲ့ရတာပါ။

READ
မော်ရင်ဟိုရဲ့တရားဝင်မိတ်ဆက်ပွဲမှာပြောသွားတဲ့အဓိကအချက်များ
Twitter “Mirror”

အီဂျစ် ။ ။ ဆာလက် ဦးဆောင်တဲ့ အီဂျစ်အသင်းဟာ အာဖရိကဖလားပြိုင်ပွဲရဲ့(၁၆)သင်းအဆင့်ပွဲစဉ်မှာ တောင်အာဖရိကအသင်းကို (၀-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။ အီဂျစ်အနေနဲ့ တောင်အာဖရိက ကို အနိုင်ယူပြီး နောက်တစ်ဆင့်တက်နိုင်လိမ့်မယ်လို့ သုံးသပ်မှုတွေ ရှိထားပေမယ့် ပွဲချိန် (၈၅)မိနစ်မှာ တောင်အာဖရိက က မမျှော်လင့်ပဲ ဂိုးရရှိသွားခဲ့လို့ အီဂျစ်အသင်း ပြိုင်ပွဲကနေ ထွက်လိုက်ရတာပါ။

Twitter “TheSun”

မက်ဆီ ။         ။ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီ က ဒီနှစ်ကိုပါအမေရိကဖလားပြိုင်ပွဲဟာ ဘရာဇီးကို ဆုဖလားပေးဖို့အတွက် ကျင်းပတဲ့ပွဲသာ ဖြစ်ကြောင်း ဝေဖန်လိုက်ပါတယ်။ ချီလီအသင်းနဲ့ ပွဲစဉ်မှာ ပြိုင်ဖက်နောက်ခံလူဗီဒယ် ကို ခေါင်းနဲ့တိုက်ခဲ့လို့ အနီကတ် ပြစ်ဒဏ်နဲ့ ထုတ်ပယ်ခံခဲ့ရတဲ့ မက်ဆီက ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်ကို မကျေမနပ်ဖြစ်နေခဲ့ပြီး ဒိုင်လူကြီးတွေဟာ ဘရာဇီးအသင်းကိုသာ ချန်ပီယံဖြစ်အောင် တွန်းပို့နေကြတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

READ
ဘောလုံးလောက၏ နောက်ဆုံးရ သတင်းအတိုများ
(AP Photo/Nelson Antoine)

ဆန်းချက်ဇ် ။    ။ မန်ယူအသင်းတိုက်စစ်မှူး ဆန်းချက်ဇ် ဟာ အာဂျင်တီးနားနဲ့ ချီလီအသင်းတို့ရဲ့ပွဲစဉ်မှာ ကြွက်သားဒဏ်ရာ ရသွားခဲ့ပြီး ပွဲချိန် မိနစ်(၂၀)မှာတင် လူစားလဲခဲ့ရပါတယ်။ ချီလီအသင်းတာဝန်ရှိသူတွေက ဆန်းချက်ဇ်ရဲ့ ဒဏ်ရာဟာ အသေးစားဒဏ်ရာမျိုးမဟုတ်ကြောင်း ပြောဆိုထားပြီး ဒီအခြေအနေက မန်ယူအသင်းအတွက် သတင်းဆိုးဖြစ်လာခဲ့တာပါ။ လက်ရှိအချိန်မှာတော့ ဆန်းချက်ဇ်ဟာ ချီလီနိုင်ငံမှာပဲ စစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်သွားရဖွယ်ရှိနေပြီး မန်ယူအသင်းရဲ့ ရာသီကြိုခြေစမ်းခရီးစဉ်ကို လွဲချော်ရဖွယ်ရှိနေပါတယ်။

ဂရစ်ဇ်မန်း ။      ။ အက်သလက်တီကိုအသင်းတိုက်စစ်မှူး ဂရစ်ဇ်မန်းဟာ အသင်းကနေ ထွက်ခွာသွားခြင်းမရှိသေးပေမယ့်လည်း အသင်းရဲ့ ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်ကိုတော့ ရောက်လာခဲ့ခြင်းမရှိဘူးလို့ Marca က ဖော်ပြပါတယ်။ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့မယ်လို့ သတင်းတွေ ထွက်နေခဲ့ပေမယ့် အပြောင်းအရွှေ့နှောင့်နှေးနေခဲ့တဲ့ ဂရစ်ဇ်မန်းဟာ မနေ့ကစတင်ခဲ့တဲ့ အက်သလက်တီကိုရဲ့ ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်ကိုရောက်လာခြင်းမရှိခဲ့တာပါ။

Linn

Source : TheSun , Goal , Mirror

SHARE