၈-၂-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ဆာလာ ။        ။ အင်္ဂလိပ်ရေလက်ကြားမှာ ပျောက်ဆုံးသွားခဲ့တဲ့ ဆာလာရဲ့ လေယာဉ်အစိတ်အပိုင်းတွေကို ရှာဖွေရေးအဖွဲ့က ရှာဖွေတွေ့ရှိခဲ့ပြီးတဲ့နောက် ဆာလာ တစ်ယောက် သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း အတည်ပြုပေးခဲ့ပါတယ်။ ရှာဖွေရေးအဖွဲ့ဝင်တွေဟာ လေယာဉ်အတွင်းမှာ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ရပြီး စစ်ဆေးမှုတွေ ပြုလုပ်ပြီးတဲ့နောက်မှာ ဆာလာရဲ့ ရုပ်အလောင်းဖြစ်တယ်လို့ အတည်ပြုနိုင်ခဲ့တာပါ။ ဆာလာ အတွက် လေယာဉ်မောင်းနှင်ပေးတဲ့ လေယာဉ်မှူးကိုတော့ အခုအချိန်အထိ ရှာမတွေ့သေးပဲ လေယာဉ်အစိတ်အပိုင်းတွေနဲ့အတူ ဆာလာရဲ့ ရုပ်အလောင်းတစ်ခုတည်းကိုသာ ရှာတွေ့ထားခဲ့တာဖြစ်ပါတယ်။

ချယ်လ်ဆီး ။     ။ ချယ်လ်ဆီးအသင်းဟာ လာမယ့် နွေရာသီအပြောင်းအရွှေ့မှာ အသင်းက ထွက်ခွာဖို့ သေချာသလောက်ဖြစ်သွားတဲ့ ဟာဇက်ရဲ့နေရာကို အစားထိုးဖို့  ဘင်ဖီကာအသင်းရဲ့ ကွင်းလယ်ကစားသမား ဂျာအို ဖိလစ် ကို ပစ်မှတ်ထားနေပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကစားခဲ့တဲ့ စပို့တင်းနဲ့ဘင်ဖီကာတို့ရဲ့ပွဲစဉ်မှာ ဖိလစ်ရဲ့ ခြေစွမ်းကို အကဲခတ်ဖို့ ချယ်လ်ဆီးအသင်းက ကင်းထောက်စေလွှတ်ခဲ့ပြီး အသက် (၁၉)နှစ်အရွယ် ကွင်းလယ်ကစားသမားလေးကို စောင့်ကြည့်စေခဲ့တာပါ။ ဘင်ဖီကာ အသင်းဟာ ဂျာအိုဖိလစ်ရဲ့ တန်ကြေးကို ပေါင် (၁၀၅)သန်း သတ်မှတ်ထားပြီး အဲဒီထက်လျော့နည်းတဲ့ ကမ်းလှမ်းမှုမျိုးကို လက်ခံမှာမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

READ
လီဗာပူးလ်ကိုရောက်ဖို့ သေချာသလောက်ဖြစ်သွားတဲ့ လိုင်ယွန်ကွင်းလယ်လူ ဖေကီယာ
AFP

မန်ယူ ။ ။ မန်ယူအသင်းတာဝန်ရှိသူတွေဟာ မန်ယူနဲ့ PSG အသင်းတို့ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်အတွက် နည်းပြဆိုးလ်ရှားရဲ့အသင်းဟောင်း မိုလ်ဒီအသင်းတာဝန်ရှိသူတွေနဲ့ ၀န်ထမ်းတွေကို ဖိတ်ကြားသွားခဲ့ပါတယ်။ မန်ယူအသင်းက ဒီချန်ပီယံလိဂ်ပွဲစဉ်အတွက် မိုလ်ဒီအသင်းကို ဖိတ်ကြားခဲ့တာဖြစ်ပြီး မိုလ်ဒီအသင်းအမှုဆောင်ချုပ် အပါအ၀င် ကစားသမားနဲ့ဝန်ထမ်းပေါင်း (၁၀၀) ကျော်ဟာ မန်ချက်စတာမြေကို ချီတက်လာကြမှာဖြစ်ပါတယ်။ ဒီ အစီအစဉ်က နည်းပြ ဆိုးလ်ရှားရဲ့ အစီအစဉ်ဖြစ်ပြီး မန်ယူအမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝါ့ဒ်က သဘောတူခဲ့တာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

REX

ဇာဟာ ။         ။ ဆောက်သမ်တန်အသင်းနဲ့ ပဲလေ့စ်အသင်းတို့ တစ်ဂိုးစီ သရေကျခဲ့ကြတဲ့ ပွဲစဉ်မှာ ကွင်းလယ်ဒိုင်ကို လက်ခုပ်တီးပြီးလှောင်ပြောင်ခဲ့တဲ့ ပဲလေ့စ်ကွင်းလယ်လူ ဇာဟာ ဟာ သာမန်ထက်ပိုများတဲ့ ပြစ်ဒဏ်မျိုးကို ခံရဖွယ်ရှိနေပါတယ်။ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က ဇာဟာရဲ့ အပြုအမူဟာ လက်မခံနိုင်တဲ့ အပြုအမူတစ်ခုလို့ ဆုံးဖြတ်ခဲ့ပြီး ပွဲပယ်ပြစ်ဒဏ်အပြင် ငွေဒဏ်ပါ ထပ်တိုးဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဇာဟာ အနေနဲ့ ဒီတစ်ပတ်ကစားရမယ့် ၀က်စ်ဟမ်းအသင်းနဲ့ပွဲစဉ်မှာတော့ ပါဝင်ခွင့်ရှိဦးမှာဖြစ်ပြီး အယူခံဝင်ခွင့်ရှိသေးတယ်လို့ FA က  အသိပေးသွားခဲ့ပါတယ်။

READ
၂၁-၂-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ
PA

ဆာရီ ။ ။ ချယ်လ်ဆီးအသင်းနည်းပြ ဆာရီက ကွင်းလယ်လူ ကန်တီ ကို တိုက်စစ်ပိုင်းမှာ လိုက်ပါကစားစေခဲ့လို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပေမယ့်လည်း ကန်တီရဲ့ စွမ်းဆောင်ရည်တွေကတော့ အမှန်တကယ် မြင့်မားလာခဲ့တယ်လို့ ဆိုလိုက်ပါတယ်။ ကွင်းလယ်ကနေ ဘောလုံးဖျက်ထုတ်တဲ့နေရာ၊ ဘောလုံးဖြန့်ဝေတဲ့နေရာတွေမှာ အကောင်းဆုံးကစားနိုင်တဲ့ ကန်တီ ဟာ ဆာရီရဲ့ လက်ထက်မှာတော့ ကွင်းလယ်တိုက်စစ်နေရာကနေ ကစားနေရပြီး မှတ်တမ်းတွေအရလည်း ကန်တီဟာ အဲဒီနေရာမှာ ကောင်းကောင်းကစားပြနိုင်တာပါ။ ကန်တီဟာ နည်းစနစ်ပိုင်းအပြောင်းအလဲ ပြုလုပ်ခဲ့ပြီးတဲ့နောက် အသင်းအတွက် (၃) ဂိုးသွင်းယူထားပြီး အသင်းဖော်တွေ ဂိုးသွင်းနိုင်ဖို့ (၄) ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။

TheSun

Linn

Source : TheSun , Dailymail , Mirror

SHARE