၈-၆-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ဟာဇက် ။        ။ ရီးယဲလ်မက်ဒရစ်အသင်းဟာ ချယ်လ်ဆီးကွင်းလယ်လူ ဟာဇက်ကို ပေါင်(၈၈)သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း သူတို့ရဲ့ တရားဝင်ဝက်ဆိုက်ကတစ်ဆင့် ကြေညာသွားခဲ့ပါတယ်။ ရီးယဲလ်အသင်းဟာ ဟာဇက်ကို (၅)နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး သူ့ရဲ့စာချုပ်က (၂၀၂၄)ခုနှစ်၊ ဇွန်လ (၃၀)အထိ အကျုံးဝင်မှာဖြစ်ပါတယ်။ ဟာဇက်ဟာ ဇွန်လ (၁၃)ရက်နေ့ကစလို့ ရီးယဲလ်အသင်းနဲ့ လာရောက်ပူးပေါင်းမှာဖြစ်ပြီး ချယ်လ်ဆီးအနေနဲ့ ဟာဇက်ရဲ့စွမ်းဆောင်ရည်အပေါ်မူတည်လို့ ပေါင်(၁၂၄)သန်းအထိ ပြောင်းရွှေ့ကြေးရရှိမှာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

ရာဘီယော့ ။    ။ PSG အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ ရာဘီယော့ ဟာ အသင်းရဲ့အားကစားဒါရိုက်တာအဖြစ် လီယိုနာဒို ရောက်ရှိလာခဲ့ပြီးတဲ့နောက် PSG မှာပဲ ဆက်လက်ရှိနေဖို့ ဆွေးနွေးမှုတွေ ပြန်လည်ပြုလုပ်နေပြန်ပါပြီ။ နောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတွေအရ အင်္ဂလန်နဲ့စပိန်ကလပ်အသင်းတွေစိတ်ဝင်စားနေတဲ့ ရာဘီယော့ ကို အားကစားဒါရိုက်တာအသစ် လီယိုနာဒိုက တွေ့ဆုံဆွေးနွေးခဲ့ပြီး ကစားသမားရဲ့မိခင်၊ နည်းပြတူချယ်လ် တို့နဲ့အတူ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီပဲဖြစ်ပါတယ်။

(AP Photo/Felipe Dana)

လီဗာပူးလ် ။     ။ လီဗာပူးအသင်းဟာ ကွင်းလယ်လူ ချိန်ဘာလိန်ရဲ့ ကျောနံပါတ်ကို နွေရာသီမှာ ပြောင်းလဲသွားမယ်လို့ သိရပါတယ်။ ၂၅ နှစ်အရွယ် ချိန်ဘာလိန်ဟာ ပရီးမီးယားလိဂ်မှာ ၂ ပွဲသာ ပွဲထွက်ခွင့်ရခဲ့ပြီး ဒဏ်ရာကြောင့်အနားယူ နေခဲ့ရပါတယ်။ ၂၀၂၂ ခုနှစ်အထိ စာချုပ် သက်တမ်းရှိနေတဲ့ ချိန်ဘာလိန်ဟာ နံပါတ် ၂၁ ၀တ်ဆင် နေရာကနေ နံပါတ် ၁၅ ကို ပြောင်းလဲဝတ်ဆင်သွားမှာ ဖြစ်ပါတယ်။ ဂိုးသမား အလီဆင်ဟာ နံပါတ် ၁၃ ကနေ အဓိက ဂိုးသမား နံပါတ် ဖြစ်တဲ့ နံပါတ် ၁ ကို ပြောင်းလဲမှာ ဖြစ်ပါတယ်။ ဖာဘင်ဟိုရဲ့ နံပါတ် ၃ ကို နောက်ခံလူ ရောဘတ်ဆန်က ၀တ်ဆင်သွားမှာ ဖြစ်ပြီး ဖာဘင်ဟိုကတော့ ကွင်းလယ်လူတွေ ၀တ်ဆင်တဲ့ နံပါတ်တစ်ခုခုကို ၀တ်ဆင်သွားဖွယ် ရှိနေပါတယ်။

READ
(၃-၆-၁၈)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
(AP Photo/Felipe Dana)

ရွိုင်ယန်ဂစ် ။     ။ ဝေးလ်အသင်းရဲ့နည်းပြ ရွိုင်ယန်ဂစ်က မန်ယူအသင်းကစားသမားသစ် ဖြစ်လာခဲ့တဲ့ ကွင်းလယ်လူ ဒန်နီယယ်ဂျိမ်းစ်ကို လက်ရှိခြေစွမ်းကို ဆက်လက်ထိန်းသိမ်းထားပြီး မန်ယူအတွက် အကောင်းဆုံးကြိုးစားပေးဖို့ တိုက်တွန်းလိုက်ပါတယ်။ ဂစ်ဟာ ဝေးလ်အသင်းရဲ့ ယူရို(၂၀၂၀) ခြေစစ်ပွဲတွေဖြစ်ကြတဲ့ ခရိုအေးရှား၊ ဟန်ဂေရီတို့နဲ့ပွဲမှာ ဂျိမ်းစ်ကို ထည့်သွင်းကစားဖို့ ရွေးချယ်ထားခဲ့ပြီး မန်ယူအသင်းနဲ့ ပတ်သက်တဲ့ တိုက်တွန်းစကားကို အခုလို ပြောဆိုသွားခဲ့တာပါ။

ရီဗယ်လ်ဒို ။     ။ ဘရာဇီးအသင်းတိုက်စစ်မှူးဟောင်း ရီဗယ်လ်ဒိုက ဘာစီလိုနာအနေနဲ့ တိုက်စစ်မှူးနေရာအတွက် ဂရစ်ဇ်မန်းကိုခေါ်ယူမယ့်အစား နေမာကိုခေါ်ယူတာက ပိုပြီးသင့်တော်တယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ ရီဗယ်လ်ဒိုက နေမာဟာ ဆွာရက်ဇ်၊မက်ဆီ တို့နဲ့အတူ အကောင်းဆုံးပုံစံကို ပြသနိုင်ခဲ့ပြီး ဘာစီလိုနာရဲ့ကစားပုံနဲ့ အံအ၀င်ဆုံးဆိုတာ ပြသနိုင်ခဲ့လို့ သူ့ကိုခေါ်ယူတာက ဘာစီလိုနာအတွက်ပိုပြီး စိတ်ချရမှာဖြစ်တယ်လို့  ပြောဆိုသွားခဲ့ပါတယ်။

READ
မန်ချက်စတာမှာ သေဆုံးသွားခဲ့သူတွေအတွက်အနိုင်ယူခဲ့တာပါလို့ဆိုလိုက်တဲ့ပေါ့ဘာ
(AP Photo/Eraldo Peres)

ရက်ရှ်ဖို့ဒ် ။       ။ ဘာစီလိုနာအသင်းဟာ မန်ယူအသင်းတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ရဲ့စာချုပ်သက်တမ်းတိုးမှု အခြေအနေကို စောင့်ကြည့်နေပြီး တိုက်စစ်အတွက် ခေါ်ယူသွားဖို့ အဆင်သင့်ပြင်နေတယ်လို့ Marca က ဖော်ပြပါတယ်။ အသက် (၂၁)နှစ်အရွယ် တိုက်စစ်မှူးဟာ မန်ယူအသင်းနဲ့အတူ စာချုပ်သက်တမ်း (၁)နှစ်သာ ကျန်တော့ပေမယ့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုဖို့ဆွေးနွေးမှုတွေ အဆင်မပြေဖြစ်နေခဲ့ပြီး အဲဒီအနေအထားကို ဘာစီလိုနာက စောင့်ကြည့်နေတာပဲဖြစ်ပါတယ်။

Linn

SHARE