၈-၉-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Twitter "TalkSports"

အင်္ဂလန် ။       ။ မနေ့ညက ကစားခဲ့တဲ့ ယူရိုခြေစစ်ပွဲစဉ်မှာ အင်္ဂလန်အသင်းက တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ Hat Trick ဂိုးနဲ့ အတူ (၄-၀)ဂိုးနဲ့ ဘူလ်ဂေးရီးယားကို အနိုင်ယူခဲ့ပါတယ်။ မနေ့ညက ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ အသင်းကြီးအများစု ဂိုးပြတ်နိုင်ပွဲတွေရရှိခဲ့ပြီး ပေါ်တူဂီက  ဆားဘီးယားကို (၂-၄)နဲ့ နိုင်ပွဲရခဲ့သလို၊ ပြင်သစ်ကလည်း အယ်လ်ဘေးနီးယားကို (၄-၁)ဂိုးနဲ့  နိုင်ပွဲရရှိခဲ့ပါတယ်။

ဂျူဗင်တပ်စ် ။    ။ ဂျူဗင်တပ်စ်အသင်းဟာ မန်ယူအသင်းနဲ့ စာချုပ်ကုန်ဆုံးတော့မယ့် ဂိုးသမား ဒီဂီယာ ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ချိတ်ဆက်နေပြန်ပါတယ်။ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ကစားသမားတွေကို ခေါ်ယူရာမှာ နာမည်ကြီးအသင်းဖြစ်နေတဲ့ ဂျူဗင်တပ်စ်ကြောင့် ဒီဂီယာ ကို မန်ယူတို့ သေချာပေါက် လက်လွှတ်ရလိမ့်မယ်လို့ ခန့်မှန်းမှုတွေရှိနေပြီး အာဆင်နယ်အသင်း ရမ်ဆေးကို ဆုံးရှုံးခဲ့တဲ့ ပုံစံအတိုင်း ဖြစ်လာလိမ့်မယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

 

ဖိုဒန် ။  ။ မန်စီးတီးအသင်းကွင်းလယ်လူ ဖိုဒန်က အသင်းနည်းပြ ဂွာဒီယိုလာ ဟာ ကိုယ်ပိုင်အမြင်ရှိတဲ့ နည်းပြတစ်ယောက်ဖြစ်ကြောင်းနဲ့ လာမယ့်ပွဲစဉ်တွေမှာ မန်စီးတီးအတွက် ကစားပေးနိုင်ဖို့ မျှော်လင့်ကြောင်းပြောဆိုလိုက်ပါတယ်။ မန်စီးတီးအသင်းရဲ့ကွင်းလယ်မှာ ရိုဒရီရောက်လာပြီးနောက် ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့တဲ့ ဖိုဒန် က သူ့အနေနဲ့ ပုံစံကောင်းမှာရှိနေတယ်ဆိုတာ သိစေဖို့ လေ့ကျင့်ရေးကွင်းမှာ အစွမ်းကုန်ကြိုးစားပြနေခဲ့ကြောင်းလည်း ပြောဆိုသွားခဲ့ပါတယ်။

ကီပါ ။  ။ စပိန်လက်ရွေးစင်အသင်းနည်းပြ မိုရီနို က ချယ်လ်ဆီးအသင်းဂိုးသမား ကီပါ ဟာ စပိန်အသင်းရဲ့ပထမဦးစားပေးဂိုးသမား မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ ရိုမေးနီးယားအသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ကီပါ ဟာ ပွဲထွက်ကစားသမားအဖြစ် ၀င်ရောက်ကစားခဲ့ရပြီး မန်ယူဂိုးသမား ဒီဂီယာကတော့ အရန်ခုံမှာသာ ထိုင်နေခဲ့တာပါ။ မိုရီနို က စပိန်အသင်းရဲ့ဂိုးသမားနေရာဟာ ပထမဦးစားပေးဆိုတာ မရှိပဲ ဂိုးသမားတွေအနေကို အလှည့်ကျနေရာပေးသွားဖို့ မျှော်လင့်တယ်လို့ပြောဆိုသွားခဲ့ပါတယ်။

ဒရင့်ခ်ဝါးတား ။  ။ ဘန်လေအသင်းကို အငှားသွားရောက်ကစားနေတဲ့ ချယ်လ်ဆီးကွင်းလယ်လူ ဒရင့်ခ်ဝါးတား ဟာ မန်ချက်စတာမြို့ထဲက ChinaWhite ကလပ်မှာ ရန်ပွဲဖြစ်ပွားခဲ့ပြီး လူ(၆)ဦးရဲ့ ၀ိုင်းဝန်းထိုးနှက်ခြင်းကို ခံခဲ့ရပါတယ်။ ဒရင့်ခ်ဝါးတား ဟာ စကန်သော့ပ်အသင်းနောက်ခံလူ အန်ဂိုဆီ ရဲ့ ချစ်သူမိန်းကလေးကို ချည်းကပ်ရာကနေ ရန်ပွဲစတင်ခဲ့ပြီး ဒရင့်ခ်ဝါးတားနဲ့ မျက်နှာနဲ့  ခန္ဓာကိုယ်မှာ ဒဏ်ရာတွေရရှိသွားခဲ့တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

READ
၈-၉-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

 

Linn

Source : TheSun , Goal , Mirror

SHARE