၉-၁၀-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Goal

မော်ရင်ဟို ။     ။ စပါးအသင်းနည်းပြ ပိုချက်တီနို သာ ထုတ်ပယ်ခံရရင် သူ့နေရာမှာ မန်ယူနည်းပြဟောင်း မော်ရင်ဟို က အစားထိုးဝင်ရောက်လာလိမ့်မယ်လို့ အင်္ဂလန်မှာ သတင်းတွေ ထွက်ပေါ်နေပါတယ်။ နည်းပြ လောကနဲ့ အချိန်ကာလ တစ်ခုအထိ ဝေးကွာနေတဲ့ မော်ရင်ဟို ကိုယ်တိုင်ကလည်း စပါးအသင်းနည်းပြ ရာထူးအတွက် မျက်စိကျနေပြီး ပိုချက်တီနိုအသင်းကနေ ထွက်ခွာရမယ့်အချိန်ကို စောင့်ဆိုင်းနေတယ်လို့ Goal က ဖော်ပြပါတယ်။

မူစတာဖီ ။       ။ အာဆင်နယ်အသင်းနောက်ခံကစားသမား မူစတာဖီ က မီဒီယာတွေဟာ သူ့ကို ဒုတိယမြောက်အဆိုးရွားဆုံးနောက်ခံလူ လို့ သတ်မှတ်ကြပြီး သူဟာ အဲဒီလို ကစားသမားမျိုးမဟုတ်ဘူးလို့ တုန့်ပြန်လိုက်ပါတယ်။ Marca သတင်းစာရဲ့ လူပေါင်း(၁၅၀၀၀၀)ကို စစ်တမ်းကောက်ယူမှုအရ ပြီးခဲ့တဲ့ရာသီရဲ့အဆိုးရွားဆုံးနောက်ခံကစားသမားစာရင်းမှာ မူစတာဖီက အဆင့်(၂)နေရာမှာ ရပ်တည်ခဲ့တာပါ။ အဆင့်(၁)နေရာကတော့ မန်ယူနောက်ခံလူ ဖေးလ်ဂျုံးစ်ပါ။ မူစတာဖီက အသင်းတစ်သင်း ပေးဂိုးတွေများနေရခြင်းဟာ နောက်ခံလူတွေပေါ်မှာ မူတည်တာမဟုတ်ပဲ အသင်းရဲ့စုစည်းမှု၊ အရှုံးမပေးမှုတွေပေါ်မှာလည်း မူတည်သေးတယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။

ဘရာဇီး ။        ။ ဘရာဇီးလ်ပြည်တွင်းလိဂ်ပွဲစဉ်(၁)ခုမှာ အင်းဆက်တွေနှောင့်ယှက်လို့ ပွဲကို ခဏနားခဲ့ရပါတယ်။ အသေးစိတ်ကိုတော့ ဒီလင့် (Link) မှာ ဖတ်ရှုနိုင်ပါတယ်…

ဘောလုံးကွင်းထဲမှာ နကျယ်ကောင်အတုပ်ခံလိုက်ရတဲ့ ဒန်နီအဲလ်ဗက်စ်

မန်ယူ ။ ။ မန်ယူအသင်းဟာ အသင်းရဲ့ ကစားသမားခေါ်ယူမှုတွေအတွက် အားကစားဒါရိုက်တာတစ်ယောက် ခေါ်ယူဖို့ အရေးပေါ်ပြင်ဆင်နေပြီး လိုင်လီအသင်းရဲ့ အားကစားဒါရိုက်တာဖြစ်တဲ့ လူးဝစ္စကမ်းပို့်စ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။ အပြောင်းအရွှေ့ဈေးကွက်မှာ ဆရာတစ်ဆူလို့ သတ်မှတ်ထားကြတဲ့ ကမ်းပို့စ်ဟာ မန်ယူနည်းပြဟောင်း မော်ရင်ဟို ရဲ့ အရင်းနှီးဆုံး မိတ်ဆွေတစ်ယောက်လည်းဖြစ်ပြီး မန်ယူအသင်းကို ကူညီဖို့ ဆန္ဒရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

ဖရက်ဒ် ။         ။ ဝေဖန်မှုတွေ အသောမသတ်ရနေတဲ့ မန်ယူကွင်းလယ်လူ ဖရက်ဒ်ရဲ့ နောက်ထပ် အရှက်ရစရာ အချက်အလက်တခုထွက်ပေါ်လာပါတယ်။ အသေးစိပ်ကိုတော့ ဒီလင့်မှာ ဖတ်ရှုနိုင်ပါတယ်…

မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ဖရက်ဒ်ရဲ့ နောက်ဆုံးတိုက်စစ်ပေးပို့မှု

အယ်လီ ။        ။ စပါးအသင်း ကွင်းလယ်ကစားသမား အယ်လီ က သူ့ရဲ့နဂိုခြေစွမ်းမျိုး ပြန်လည်ရရှိနိုင်ဖို့အတွက် အာဟာရပညာရှင်တစ်ယောက်ကို ခန့်အပ်လိုက်ပြီး သူ့ရဲ့ကြော်ငြာရိုက်ကူးမှုတွေကိုလည်း ရပ်ဆိုင်းလိုက်တယ်လို့ Mirror က ဖော်ပြပါတယ်။ အယ်လီအနေနဲ့ ဒဏ်ရာ မကြာခဏ ရရှိနေမှုတွေကို အဖြေရှာဖို့ သီးသန့်ကြံ့ခိုင်ရေးမှုးတစ်ယောက်ကိုလည်း ခန့်အပ်ဖို့ ပြင်ဆင်နေပြီး ရလဒ်တွေဆိုးနေတဲ့ စပါးအသင်းကို ကူညီပေးဖို့ ကြိုးစားနေတယ်လို့ သတင်းတွေက ဖော်ပြနေကြတာပါ။

Linn

READ
လက်စတာကိုချန်ပီယံဖြစ်စေချင်တဲ့မျှော်လင့်ချက်နဲ့ အသက်ရှင်နေတဲ့ကင်ဆာရောဂါသည်

Source : TheSun , Goal

 

SHARE