၁၀-၉-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter "Goal"

ဒန်နီရယ်ဂျိမ်းစ် ။          ။ ဝေးလ်အသင်းနည်းပြ ရွိုင်ယန်ဂစ် က ဘီလာရုစ်နဲ့ပွဲစဉ်မှာ ခြေစွမ်းပြပြီး အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူခဲ့တဲ့ ဒန်နီရယ်ဂျိမ်းစ် ဟာ ပြိုင်ဖက်ကစားသမားတွေ တားဆီးဖို့ခက်တဲ့ ကစားသမားတစ်ယောက်ဖြစ်တယ်လို့ ချီးကျူးလိုက်ပါတယ်။ မနေ့ညက ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ဝေးလ်အသင်းက ဘီလာရုစ်ကို (၁-၀)ဂိုးနဲ့ အနိုင်ရခဲ့ပြီး မန်ယူအသင်းမှာ ခြေစွမ်းပြနေတဲ့ ဂျိမ်းစ်က ပွဲချိန် (၁၇)မိနစ်မှာတင် အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာပါ။

ဘစ်ဆာကာ ။   ။ မန်ယူအသင်းနောက်ခံကစားသမားဟောင်း ၀က်စ်ဘရောင်းက ဒီရာသီမှာခေါ်ယူထားတဲ့ မန်ယူရဲ့ ညာနောက်ခံလူ ဘစ်ဆာကာ ဟာ မန်ယူအသင်းခေါ်ယူခဲ့တဲ့ ကစားသမားတွေထဲမှာ ခြေစွမ်းအတည်ငြိမ်ဆုံးဖြစ်တယ်လို့ ချီးကျူးလိုက်ပါတယ်။ အသက် (၂၁)နှစ်အရွယ် အင်္ဂလန်နောက်ခံလူဟာ မန်ယူအသင်းဆီကို ပေါင်သန်း(၅၀)နဲ့ရောက်လာခဲ့တာဖြစ်ပြီး ဆိုးလ်ရှားရဲ့အထင်ကြီးမှုနဲ့အတူ ပုံမှန်ပွဲထွက်ခွင့်ကို ရရှိနေပြီဖြစ်ပါတယ်။

 

ဒီဘရိုင်း ။        ။ ဘယ်လ်ဂျီယံအသင်းနဲ့ စကော့တလန်အသင်းတို့ကစားခဲ့တဲ့ ယူရို(၂၀၂၀)ခြေစစ်ပွဲစဉ်မှာ အသင်းအတွက် ဂိုးဖန်တီးမှု(၃)ကြိမ် ပြုလုပ်ပေးခဲ့တဲ့ ဒီဘရိုင်းက ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ စံချိန်သစ်တစ်ခု တင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဘယ်လ်ဂျီယံက စကော့တလန်အသင်းကို (၀-၄)နဲ့ အနိုင်ရခဲ့တဲ့ အဲဒီပွဲစဉ်မှာ ဒီဘရိုင်းက အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူပေးခဲ့သလို အသင်းဖော်တွေအတွက် ဂိုးဖန်တီးမှု (၃)ကြိမ်အထိပြုလုပ်ပေးခဲ့တာပါ။ အဲဒီအတွက် ဒီဘရိုင်းဟာ ယူရိုခြေစစ်ပွဲတွေမှာ တစ်ပွဲတည်း ဂိုးဖန်တီးမှု(၃)ကြိမ်ပြုလုပ်ပေးခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့တာပဲဖြစ်ပါတယ်။

ဆန်ချို ။          ။ အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က ဒီနေ့ည ကစားရမယ့် ကိုဆိုဗိုအသင်းနဲ့ ခြေစစ်ပွဲစဉ်မှာ ဆန်ချိုကို ပွဲထွက်ကစားသမားအနေနဲ့ အသုံးပြုသွားဖို့ရှိနေတယ်လို့ ပြောဆိုလိုက်ပါတယ်။ ဘူလ်ဂေးရီးယားကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အရန်ကစားသမားအဖြစ်သာ ပါဝင်ခွင့်ရခဲ့တဲ့ ဆန်ချိုဟာ တိုက်စစ်မှာခြေစွမ်းပြနေတဲ့ စတာလင်ကြောင့် ပွဲထွက်ခွင့်ဆုံးရှုံးနေရပြီး ဒီနေ့ည ပွဲစဉ်မှာတော့ ရက်ရှ်ဖို့၊ ဟယ်ရီကိန်းတို့နဲ့အတူ အင်္ဂလန်အသင်းတိုက်စစ်မှာ ပါဝင်လာဖို့ရှိနေပါတယ်။

ရာနီရေရီ ။       ။ ရိုးမားအသင်းနဲ့ လမ်းခွဲသွားခဲ့တဲ့ နည်းပြ ရာနီရေရီ ဟာ ဂီနီယာအသင်းရဲ့ လက်ရွေးစင်နည်းပြအဖြစ် တာဝန်ယူဖို့ရှိနေပါတယ်။ အသက် (၆၇)နှစ်အရွယ် နည်းပြကြီးဟာ ဂီနီယာ အသင်းကို လာမယ့် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ အနည်းဆုံး(၁၆)သင်းအဆင့်အထိ ရောက်အောင် စွမ်းဆောင်ပေးသွားမယ်လို့ ကတိပေးထားကြောင်းနဲ့ နည်းပြရာထူးခန့်အပ်ဖို့ အနီးစပ်ဆုံးဖြစ်နေပြီဖြစ်ကြောင်း TheSun က ဖော်ပြပါတယ်။

READ
၁၆-၇-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ကော်စတာ ။    ။ ဂျူဗင်တပ်စ်အသင်းတောင်ပံကစားသမား ဒေါက်ဂလပ်ကော်စတာရဲ့အေးဂျင့်ဖြစ်သူက မန်ယူအသင်းဟာ ကော်စတာကို ၀ယ်ယူနိုင်ဖို့အတွက် ဂျူဗင်တပ်စ်ကို ဖိအားပေးခဲ့ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ကော်စတာရဲ့အေးဂျင့်ဖြစ်သူ ဘရန်ချီနီ က မန်ယူအသင်းနည်းပြ ဆိုးလ်ရှားဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ ကော်စတာကို အရခေါ်ယူဖို့ ကြိုးစားခဲ့ပြီး ဂျူဗင်တပ်စ်က ရောင်းချဖို့ ငြင်းဆန်ခဲ့တာဖြစ်တယ်လို့ ပြောဆိုလိုက်တာပါ။

Linn

Source :TheSun , Goal , Mirror

SHARE