၉-၂-၂၀၁၉ အတွက် နံနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

မန်ယူ။           ။ မန်ယူအသင်းရဲ့ ယာယီနည်းပြ ဆိုးလ်ရှားနဲ့ လူငယ်တိုက်စစ်ကစားသမား ရက်ရှ်ဖို့ဒ်တို့ဟာ ဇန်န၀ါရီလအတွက် ပရီးမီယားလိဂ်အကောင်းဆုံး နည်းပြဆုနဲ့ ကစားသမားဆုတို့ကို ရရှိခဲ့ပါတယ်။ ဆိုးလ်ရှား ကိုင်တွယ်နေတဲ့ မန်ယူအသင်းဟာ ဇန်န၀ါရီလအတွင်း (၄)ပွဲကစား (၃)ပွဲနိုင် (၁)ပွဲသရေကျခဲ့ပြီး ရက်ရှ်ဖို့က လည်း ဇန်န၀ါရီလအတွင်းမှာ အသင်းအတွက်(၃)ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ မန်ယူအသင်းဟာ (၂၀၁၂)ခုနှစ် နောက်ပိုင်း လအလိုက် ပရီမီးယားလိဂ်အကောင်းဆုံး နည်းပြဆု ရရှိခဲ့ခြင်း မရှိတော့တာကြောင့် ဆိုးလ်ရှား အနေနဲ့ ဖာဂူဆန် နောက်ပိုင်း လအလိုက် ပရီးမီးယားလိဂ်အကောင်းဆုံးနည်းပြဆု ရရှိခဲ့သူအဖြစ် သမိုင်းသစ် ရေးထိုး နိုင်ခဲ့ပါတယ်။

အစ္စကို။          ။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ချယ်လ်ဆီးအသင်းရဲ့ တောင်ပံကစားသမား ဟာဇက်ကို ခေါ်ယူရာမှာ အသင်းရဲ့ တောင်ပံကစားသမား အစ္စကို အလိုက်ပေးပြီး ကမ်းလှမ်းသွားဖွယ်ရှိကြောင်း စပိန်ထိပ် တန်း Marca သတင်းစာက ဖော်ပြခဲ့ပါတယ်။ အစ္စကိုဟာ ရီးရဲလ်အသင်းရဲ့ နည်းပြသစ် ဆိုလာရီနဲ့ အဆင်မပြေ ဖြစ်နေသလို အသင်းမှာလည်း ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရသူပါ။ ချယ်လ်ဆီးအသင်းက အစ္စကို ကို ခေါ်ယူဖို့ စိတ်မ၀င်စားခဲ့ရင်လည်း ရီးရဲလ်အသင်းအနေနဲ့ ရာသီကုန်မှာ အစ္စကို ကို ရောင်းထုတ်သွားဖွယ် ရှိတယ်လို့ လည်း သိရပါတယ်။

 

 

View this post on Instagram

 

I can’t tell you anything but you will love it! @manchesterunited

A post shared by Eric Cantona (@ericcantona) on

ကန်တိုနာ။       ။ မန်ယူအသင်းရဲ့ ဂန္တ၀င်ကစားသမား ကန်တိုနာရဲ့ အင်စတာဂရမ် ပို့စ်တစ်ခုဟာ မန်ယူပရိ သတ်တွေကြား အထူးရေပန်းစား လျှက်ရှိနေပါတယ်။ ကန်တိုနာဟာ “ကျွန်တော် ဘာမှပြောလို့ မရသေးပါဘူး။ ဒါပေမယ့် ခင်ဗျားတို့အားလုံး ပျော်ရွှင်စေရမှာပါ @manchesterunited” လို့ ရေးသားခဲ့တာကြောင့် ကန်တိုနာ ဟာ ဘောလုံးဒါရိုက်တာအဖြစ် မန်ယူအသင်းကို ပြန်လည်ရောက်ရှိလာတော့မယ်လို့ ပရိသတ်တွေက ထင် ကြေးပေးနေကြပါတယ်။ ကန်တိုနာဟာ မန်ယူအသင်းမှာ (၁၉၉၂)ခုနှစ်ကနေ (၁၉၉၇)ခုနှစ်အထိ (၅)ရာသီကြာ ကစားခဲ့ပြီး ပရီးမီးယားလိဂ်ဖလား(၄)၊ အက်ဖ်အေဖလား(၂)ကြိမ် ရယူနိုင်ခဲ့ပါတယ်။

READ
၁၁-၈-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ဂယ်ရီနီဗီးလ်။    ။ ဘောလုံးဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ မန်ယူဂန္တ၀င် ကစားသမားဟောင်း ဂယ်ရီနီဗီးလ်က လီဗာပူးလ်အသင်းဟာ ဖိအားဒဏ်တွေကို စတင်ခံစားနေရပြီလို့ သုံးသပ်ခဲ့ပါတယ်။ လီဗာပူးလ် အသင်းဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီလအတွင်းမှာ ရလဒ်တွေ ယိမ်းယိုင်ခဲ့ပြီး (၄)ပွဲကစား (၁)ပွဲနိုင် (၂)ပွဲသရေ (၁)ပွဲ ရှုံး နိမ့်ခဲ့ပါတယ်။ နီဗီးလ်က “ ပြီးခဲ့တဲ့ တစ်ပတ်က ၀က်စ်ဟမ်းနဲ့ ပွဲပြီး သတင်းစာရှင်းလင်းပွဲမှာ လီဗာပူးလ်ကစား သမားတွေဟာ ဖိအားဒဏ်ခံ နေရတဲ့ပုံပါပဲ။ သတင်းထောက်တွေက ဖိအားတွေ ၀င်နေပြီလားပြောတော့ မ၀င်ပါဘူးလို့ သူတို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် သူတို့ပုံ ကြည့်ရတာ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဆက်ပြီး ဦးဆောင်နိုင်ဖို့ ဖိအားကို ခံစားနေရပါပြီ” လို့ သုံးသပ်သွားခဲ့ပါတယ်။

Twiiter

တော့တင်ဟမ်။  ။ တော့တင်ဟမ်အသင်းဟာ ပရီမီးယားလိဂ်ပြိုင်ဘက် ၀က်စ်ဟမ်းအသင်းရဲ့ လူငယ်ကွင်း လယ်ကစားသမား ဒေကလန် ရိုက်စ်ကို  ပေါင်(၃၅)သန်းနဲ့ ရာသီကုန်မှာ ကမ်းလှမ်းသွားဖွယ်ရှိတယ်လို့ အင်္ဂ လိပ် မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ အသက်(၂၀)ပဲရှိသေးတဲ့ ရိုက်စ်ဟာ ၀က်စ်ဟမ်းအသင်းရဲ့ ငယ်မွေးခြံ ပေါက် လူငယ်ကစား သမားတစ်ဦးဖြစ်ပြီး ယခုနှစ်ဘောလုံးရာသီမှာ အသင်းအတွက် အထူးခြေစွမ်းပြ ကစားနေ သူပါ။ ဗဟိုနောက်ခံလူနဲ့ ကွင်းလယ်အဖျက်နေရာတွေမှာ ကစားနိုင်တဲ့ ရိုက်စ်ကို တော့တင်ဟမ်အပြင် လီဗာ ပူးလ်အသင်းကလည်း ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။

READ
လေယာဉ်ပျက်ကျခဲ့တဲ့ ဘောလုံးအသင်းအတွက် ရိုနယ်ဒင်ဟို ဘောလုံးပြန်ကစားမည်

ဂွာဒီယိုလာ။     ။ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက အသင်းရဲ့ ၀ါရင့်တိုက်စစ်မှူး အဂွေရိုကို အသင်းကြီး အချင်းချင်းတွေ့တဲ့ ပွဲကြီးတွေမှာ ပိုမိုခြေစွမ်းပြနိုင်သူဆိုပြီး ချီးကျူးပြောဆိုလိုက်ပါတယ်။ ယခုတစ်ပတ် ချယ်လ်ဆီးအသင်းနဲ့ ကစားရမယ့်ပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဂွာဒီယိုလာက “ ကြီးကျယ်ခမ်းနား တဲ့ ကစားသမားတွေဟာ ပွဲကြီးတွေမှာ အမြဲလိုလို ခြေစွမ်းပြနိုင်ကြပါတယ်။ အဂွေရိုဟာ အကြိမ်ကြိမ် ခြေစွမ်း ပြခဲ့ပြီးပါပြီ။ ဒီတစ်ပွဲမှာလည်း ထပ်ပြီး ခြေစွမ်းပြနိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ ထုတ်ဖော်ပြောဆိုခဲ့တာပါ။

Google

အူနိုင်းအမ်မရီ။  ။ အာဆင်နယ်အသင်းနည်းပြ အူနိုင်းအမ်မရီက ရာသီကုန်အမှတ်ပေးဇယား ရပ်တည်မှုမှာ အာဆင်နယ်အသင်းဟာ ခါးသီးတဲ့မြို့ခံပြိုင်ဘက် တော့တင်ဟမ်အသင်းရဲ့ အောက်မှာပဲ ရှိနေတော့မှာဖြစ် ကြောင်း ၀န်ခံပြောကြားလိုက်ပါတယ်။ လက်ရှိအချိန်မှာတော့ အမှတ်ပေး ဇယားရဲ့ အဆင့်(၃)နေရာမှာ ရမှတ် (၅၇)မှတ်နဲ့ တော့တင်ဟမ်၊ အဆင့်(၄)နေရာမှာ ရမှတ်(၅၀)နဲ့ ချယ်လ်ဆီး၊ အဆင့်(၅)နေရာမှာ ရမှတ် (၄၈)မှတ်နဲ့ မန်ယူ တို့က အစဉ်လိုက်ရပ်တည်နေပြီး အာဆင်နယ်ကတော့ ရမှတ် (၄၇)မှတ်နဲ့ အဆင့်(၆) နေရာ မှာ ရပ်တည်နေပါတယ်။ အမ်မရီက “ တော့တင်ဟမ်အသင်းဟာ ရာသီကုန်မှာ ချန်ပီယံလိဂ် ၀င်ခွင့်ရဖို့ သေချာ သလောက် ဖြစ်နေပါပြီ။ ကျွန်တော်တို့ အာဆင်နယ်အသင်းကတော့ ချန်ပီယံလိဂ်ဝင်ခွင့် လက်ကျန်တစ်နေရာ အတွက် ချယ်လ်ဆီး၊ မန်ယူတို့နဲ့ အပြိုင်လုရမှာပါ။ သေချာတာကတော့ ချယ်လ်ဆီးကော မန်ယူပါ အာဆင်နယ် ထက် ပိုမိုတောင့်တင်းပါတယ်” လို့ ဖွင့်ဟခဲ့ပါတယ်။

Ref : BBCSport , Goal.com , DailyMail

SHARE