(၉-၅-၂၀၁၉)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

(AP Photo/Peter Dejong)

အေဂျက် 2-3 စပါး – မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာ အေဂျက်အသင်းဟာ ဂိုးတွေ စောစောစီးစီးရခဲ့ပေမယ့် ဧည့်သည်စပါးတို့ရဲ့ အနိုင်မခံအရှုံးမပေးစိတ်ဓာတ်အောက်မှာ ပြားပြားမှောက်ခဲ့ရပါတယ်။ အေဂျက်ကလည်း ဒီပွဲကို အကောင်းဆုံးတုန့်ပြန်ခဲ့ပေမယ့် တိုက်စစ်မှူးတွေ အခွင့်ရေးလွဲချော်ခဲ့လို့ ကံဆိုးခဲ့ရပါတယ်။

(AP Photo/Martin Meissner)
(AP Photo/Martin Meissner)

အဖွင့်ဂိုးတွေကိုတော့ အေဂျက်မှာ ခြေစွမ်းပြနေတဲ့ အသင်းခေါင်းဆောင် ဒီလစ်ဂ်ျနဲ့ ဟက်ကင်မ်ဇီယက်တို့က ပွဲချိန်(၅),(၃၅)မိနစ်တွေမှာ သွင်းယူခဲ့တာပါ။ စပါးအတွက် ချေပဂိုးတွေကိုတော့ လူးကပ်စ်မော်ရာကတစ်ဦးတည်းကပဲ ပွဲချိန် (၅၅),(၅၉),(၉၀+၆)မိနစ်တွေမှာ သွင်းယူခဲ့တာပါ။

လီဗာပူးရဲ့သူရဲကောင်း – လီဗာပူးအသင်းမှာ ဘောလုံးကောက်တဲ့ ကောင်လေး Oakley Cannonier အမည်ရှိကောင်လေးဟာ လီဗာပူးအတွက် အဖိုးတန်နိုင်ဂိုးသွင်းယူရာမှာ အဓိကပါဝင်ပတ်သက်သူ ဖြစ်လာခဲ့ပါတယ်။ သူဟာ ဘာကာကစားသမားတွေ ပွဲကို အာရုံမစိုက်နိုင်ချိန်၊ ထောင့်ကန်ဘောကန်မယ့် အာနိုးလ်ထံကို ဘောလုံး လျှင်မြန်စွာ ပစ်ပေးခဲ့ပါတယ်။

Instagram

အာနိုးလ်ဟာ ဘောလုံးကို နေရာလွတ်ယူထားတဲ့ အိုရီဂီထံကို အမြန်ပို့ပေးခဲ့ရာက လီဗာပူးတို့ အဖိုးတန်အနိုင်ဂိုး ရရှိသွားခဲ့တာပါ။ Oakley ဟာ လက်ရှိအချိန်မှာ အသက်(၁၄)နှစ်ဖြစ်ပြီး၊ သူဟာ လိဒ်မြို့မှာ နေထိုင်သူပါ။ လီဗာပူးအသင်းပရိသတ်တွေကတော့ သူဟာ လီဗာပူးရဲ့ လက်နက်ပုန်းလေးလို့ တင်စားနေကြပါတယ်။

ရီးယဲလ်မက်ဒရစ် – ရီးယဲလ်မက်ဒရစ်အသင်းဟာ အသင်းနည်းပြ ဇီဒန်းနဲ့ ပုဂ္ဂိုလ်ရေးအဆင်မပြေဖြစ်နေတဲ့ ဂါရက်ဘေ်းကို ပြောင်းရွှေ့ဖို့အသင်းမရခင်အထိ ရီးယဲလ်u23 အသင်းမှာ ဆင်းကစားစေတော့မှာဖြစ်ကြောင်း သိရပါတယ်။ ဒါဟာ ဂါရက်ဘေးလ်ကို Roll အရ ရီးယဲလ်ဘက်က နှိပ်ကွပ်လိုက်တာလို့ ထင်မြင်ယူဆနေကြပါတယ်။

မန်ယူ – မန်ယူအသင်းဟာ အပြောင်းအရွှေ့အတွက် ငွေကို လောဘတကြီးသုံးစွဲမှာ မဟုတ်ဘဲ၊ ဈေးချိုပြီးအသင်းအတွက် ထိရောက်နိုင်မယ့် ကစားသမားမျိုးတွေကိုသာ ရွေးချယ်ခေါ်ယူသွားမှာလို့ ဆိုးလ်ရှားက ဆိုပါတယ်။ နာမည်ကြီးတဲ့ ကစားသမားတိုင်းလည်း အသင်းအတွက် အန်ဝင်ဖို့ မသေချာဘူးလို့ သူက ဆိုပါတယ်။

လီဗာပူး – ဇွန်လ(၁)ရက်နေ့ ရီးယဲမက်ဒရစ်မှာကစားရမယ့် ချန်ပီယံလိဂ်ဖိုင်နယ်ပွဲစဉ်မှာ ခုံ (၆၇၀၀၀)အနက် လီဗာပူးအတွက် ခွဲတမ်းက (၁၆၀၀၀)သာ ရှိတာကြောင့် လီဗာပူးပရိသတ်တွေက အလွန်ဒေါသထွက်နေကြကြောင်း သိရပါတယ်။

 

လီယွန်နယ်မက်ဆီ – လီဗာပူးကို အရှက်တကွဲရှုံးနိမ့်အပြီးမှာ ဘာစီလိုနာပရိသတ်တွေဟာ အသင်းခေါင်းဆောင် မက်ဆီကို ကွင်းပြင်ကနေ တမင်စောင့်ဆိုင်းပြီး ဆဲဆိုခဲ့ကြကြောင်း သိရပါတယ်။ မက်ဆီဟာ ဘာစီလိုနာအသင်းကားနဲ့ ပါဝင်သွားခြင်းမရှိဘဲ၊ အရေးပေါ်ဆေးစစ်ရင်း လီဗာပူးကွင်းမှာ ကျန်ရစ်နေခဲ့ကြောင်း၊ ဒါပေမယ့် ပရိသတ်တွေက သူ့ကို တကူးတက စောင့်ဆိုင်းကာ ဆဲဆိုခဲ့ကြတယ်လို့ သိရပါတယ်။

အူနိုင်းအမ်မရီ – အာဆင်နယ်အသင်းနည်းပြ အမ်မရီက ယခုနှစ်မှာ အာဆင်နယ်တို့ ချန်ပီယံလိဂ်ဝင်ခွင့် ဝေးကွာခဲ့ပေမယ့် ယူရိုပါလိဂ်မှာ အောင်ပွဲခံနိုင်ပါက ဒီမျှော်လင့်ချက်ကို အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ ဆိုပါတယ်။ ဒါကြောင့် ယူရိုပါလိဂ်ဟာ လက်ရှိအချိန်မှာ ချန်ပီယံလိဂ်ထက် အရေးပါတယ်လို့ သူက ပြောခဲ့တာပါ။

PSG – PSG အသင်းဟာ ဂန္ထဝင်ဂိုးသမားကြီး ဘူဖွန်နဲ့ တစ်ရာသီလက်တွဲပြီးနောက်၊ ဆက်ပြီး ခေါ်ယူထားလိုခြင်းမရှိတော့ကြောင်း သိရပါတယ်။ တစ်ချိန်က ဂိုးသမားလောကမှာ လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့သော်လည်း အသက်အရွယ်အရ စွမ်းဆောင်ရည်တွေကျဆင်းလာတာကို ဘယ်သူမှ လွန်ဆန်နိုင်မှာ မဟုတ်ပါဘူး။

လင်းဇော်ကို (Shwemom)

READ
ချန်ပီယံလိဂ် ရှုံးထွက်(၁၆)သင်းအဆင့်မှာ ဘယ်အသင်းတွေ ဘယ်ပြိုင်ဘက်နဲ့ တွေ့နိုင်သလဲ

Source : thesun.co.uk/ marca.com/ skysports.com/ goal.com/ mirror.co.uk/ metro.co.uk

SHARE