၉-၆-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ပေါ့ဂ်ဘာ ။       ။ မန်ယူအသင်းဟာ ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာ ကို ရောင်းချဖို့အတွက် ရီးယဲလ်အသင်းနဲ့ ဆွေးနွေးမှုတွေစတင်နေပြီလို့ Mirror က ဖော်ပြပါတယ်။ ရီးယဲလ်အသင်းဥက္ကဌ ပီရက်ဇ်ဟာ ပေါ့ဂ်ဘာအတွက် ပေါင်သန်း(၁၅၀)အထိ ပေးဖို့ အဆင်သင့်ဖြစ်နေပြီး မန်ယူအသင်းက လက်ခံသွားဖို့ရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေကြတာပါ။ မန်ယူအသင်းဟာ ပေါ့ဂ်ဘာကိုရောင်းချလို့ရတဲ့ ငွေနဲ့ လက်စတာနောက်ခံလူ မက်ဂွိုင်းယားကိုခေါ်ယူသွားဖို့ရှိနေပြီး ပေါင်သန်း(၈၀)အထိ တိုးမြှင့်ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေပါတယ်။

ရော်နယ်ဒို ။     ။ ပေါ်တူဂီအသင်းနည်းပြ ဆန်းတို့စ် က အသင်းရဲ့တိုက်စစ်မှူး ရော်နယ်ဒို ကို (၂၀၂၂)ကမ္ဘာ့ဖလားအထိ ဆက်လက်ကစားနိုင်လိမ့်ဦးမယ်လို့ မျှော်လင့်မိကြောင်းပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာ အသက် (၃၄)နှစ်ရှိပြီဖြစ်တဲ့ တိုက်စစ်မှူးဟာ (၂၀၂၂)ခုနှစ် ကမ္ဘာ့ဖလားမှာ အသက် (၃၇)နှစ်အရွယ် ဖြစ်လာဖို့ရှိနေပေမယ့်လည်း ဆန်းတို့စ်ကတော့ ရော်နယ်ဒိုဟာ လေ့ကျင့်ခန်းအစီအစဉ်တွေနဲ့အတူ သူ့ရဲ့စွမ်းဆောင်ရည်ကို ထိန်းထားနိုင်လိမ့်မယ်လို့ မျှော်လင့်နေတာပါ။ ဆန်းတို့စ်က ဒီနေ့ညကစားမယ့် Nations League ဗိုလ်လုပွဲစဉ်မှာလည်း ရော်နယ်ဒိုဟာ သူ့ရဲ့ခြေစွမ်းကောင်းကို ဆက်လက်ပြသနိုင်လိမ့်ဦးမယ်လို့ ယုံကြည်နေပါတယ်။

READ
(၁၇-၃-၁၈)အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
(AP Photo/Martin Meissner)

ဗလင်စီယာ ။    ။ မန်ယူအသင်းကွင်းလယ်ကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်က မန်ယူအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီး ထွက်ခွာမယ့် ဗလင်စီယာ ကို သူ့ရဲ့ကလပ်အသင်းဆီ ခေါ်ယူဖို့ ဆက်သွယ်နေပါတယ်။ ဘက်ခမ်ဟာဗလင်စီယာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် အခွင့်အရေးကို အသုံးချသွားဖို့ရှိနေပြီး အသက် (၃၃)နှစ်အရွယ် နောက်ခံလူအနေနဲ့လည်း မေဂျာလိဂ်ပြိုင်ပွဲကို စိတ်ဝင်စားနေတယ်လို့ သတင်းရင်းမြစ်တွေက ဖော်ပြနေကြပါတယ်။

(AP Photo/Wilfredo Lee)

လင်ဂတ် ။       ။ မန်ယူအသင်းဟာ ကွင်းလယ်ကစားသမား လင်ဂတ်ကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုဖို့အတွက် တစ်ပတ်လုပ်ခလစာ ပေါင်(၁၃၀၀၀၀)အထိ တိုးမြှင့်ပေးသွားဖို့ ပြင်ဆင်နေပါတယ်။ အသက် (၂၆)နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ မန်ယူနဲ့ စာချုပ်သက်တမ်း(၂)နှစ် ကျန်နေသေးပေမယ့်လည်း နည်းပြ ဆိုးလ်ရှားက သက်တမ်းတိုးစာချုပ် ချုပ်ဆိုဖို့ ပြင်ဆင်နေတာဖြစ်ပြီး လက်ရှိလစာထက် ပိုမိုမြင့်မားတဲ့ ပမာဏကိုပေးချေမယ်လို့ ကမ်းလှမ်းထားခဲ့တာပါ။

READ
(၃-၅-၁၈)အတွက် ညနေခင်းပိုင်း ဦးဦးဖျားဖျား အားကစားသတင်းများ
(AP Photo/Rui Vieira)

မော်ရင်ဟို ။     ။ မန်ယူနဲ့ချယ်လ်ဆီးနည်းပြဟောင်း မော်ရင်ဟို ဟာ နယူးကာဆယ်နည်းပြ ဖြစ်လာမယ့်အခြေအနေကို စိတ်ဝင်စားနေပြီး အင်္ဂလန်မြေကို ပြန်လည်ခြေချဖို့ ပြင်ဆင်နေတယ်လို့ Mirror က ဖော်ပြပါတယ်။ အသင်းပိုင်ရှင်သစ်အပြောင်းအလဲနဲ့ နယူးကာဆယ်အသင်းဟာ လက်ရှိနည်းပြ ဘင်နီတက်ဇ်ရဲ့နေရာမှာ မော်ရင်ဟို ကို အစားထိုးခန့်အပ်ချင်နေတာဖြစ်ပြီး မော်ရင်ဟို ကိုယ်တိုင်ကလည်း ဒီရာထူးအတွက် စိတ်ဝင်စားနေခဲ့တာပါ။

ဆောက်ဂိတ် ။   ။ အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်က ချယ်လ်ဆီးအသင်းနဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့သတင်းတွေအတွက် စိတ်မ၀င်စားဘူးလို့ ဆိုလိုက်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ နည်းပြ ဆာရီကို ဂျူဗင်တပ်စ်အသင်းဆီ လက်လွှတ်ရဖွယ်ရှိနေပြီး အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကို အသင်းနည်းပြအဖြစ် ခန့်အပ်ဖို့ စဉ်းစားထားတယ်လို့ သတင်းတွေ ထွက်နေခဲ့တာပါ။

Linn

 

SHARE