၇-၉-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Twitter "Squawka"

နယ်သာလန် ။   ။ နယ်သာလန်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ယူရို(၂၀၂၀)ခြေစစ်ပွဲစဉ်မှာ ဂျာမနီအသင်းကို (၂-၄)ဂိုးနဲ့ အနိုင်ယူပြီး နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်ချက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဂျာမနီအသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် (၉)မိနစ်မှာကတည်းက တောင်ပံကစားသမား ဂနာဘရီက သွင်းယူခဲ့ပေမယ့်လည်း ဒုတိယပိုင်းပွဲချိန်တွေမှာ နယ်သာလန်အသင်းက ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူသွားခဲ့တာပါ။ နယ်သာလန်အတွက် ပွဲချိန်(၅၉)မိနစ်မှာ ဒီဂျောင်က ချေပဂိုးသွင်းခဲ့သလို (၆၆)မိနစ်မှာ ဂျာမနီနောက်ခံလူ ဂျိုနသန်တက် ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုကြောင့် ဂျာမနီတို့ အခြေအနေမလှဖြစ်သွားခဲ့တာပါ။ ပွဲချိန် (၇၃)မိနစ်မှာ တိုနီခရူးစ် ပင်နယ်တီကနေ ချေပဂိုးတစ်ဂိုးသွင်းပေမယ့်လည်း (၇၉)မိနစ်မှာ မာလန် ၊ ပွဲပြီးခါနီးနာကျင်အချိန်ပိုမှာ ၀စ်နယ်ဒန် တို့က နယ်သာလန်အတွက် ဂိုးတွေသွင်းခဲ့ကြလို့ ပွဲအပြီးမှာ ဂျာမနီအသင်းအရေးနိမ့်သွားခဲ့ရတာပါ။ အုပ်စုတွင်းအခြေအနေတွေအရတော့ မြောက်အိုင်ယာလန်အသင်းက (၄)ပွဲကစား ရမှတ်(၁၂)မှတ်နဲ့ထိပ်ဆုံးမှာဦးဆောင်နေပြီး၊ ဂျာမနီက (၄)ပွဲကစား(၉)မှတ်၊ နယ်သာလန်က (၃)ပွဲကစား(၆)မှတ်နဲ့အသီးသီး ရပ်တည်နေကြပါတယ်။

မက်ဆီ ။         ။ ဘာစီလိုနာအသင်းဥက္ကဌ ဘာတိုမြူ က အသင်းရဲ့တိုက်စစ်မှူး မက်ဆီဟာ ဘာစီလိုနာအသင်းကနေ လွတ်လွတ်လပ်လပ်ထွက်ခွာသွားလို့ရတဲ့ စာချုပ်မျိုး ချုပ်ဆိုထားပေမယ့်လည်း သူ့အနေနဲ့အသင်းမှာ နှစ်တွေအများကြီး ဆက်ရှိနေလိမ့်ဦးမယ်လို့ ယုံကြည်ကြောင်းပြောဆိုလိုက်ပါတယ်။ မက်ဆီရဲ့စာချုပ်နဲ့ပတ်သက်ပြီး ထွက်ပေါ်လာခဲ့တဲ့ သတင်းတွေကို ဘာတိုမြူ က အတည်ပြုပေးခဲ့ပြီး မက်ဆီဟာ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားလို့ရတဲ့ အခွင့်အရေးမျိုး ရှိသူဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

READ
စာချုပ်ပါလျော်ကြေးသန်း၁၄၀ကိုပေးပြီး နေမာကိုခေါ်ယူဖို့ မန်ယူကြိုးစားနေ

 

အိုဝင် ။ ။ အင်္ဂလန်အသင်းတိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင် က မန်ယူအသင်းတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ သူ့ကိုယ်သူ ဂိုးသွင်းနိုင်ရမယ်လို့ ယုံကြည်မှုမထားနိုင်သူဖြစ်ပြီး အဲဒီအချက်ကြောင့် ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းဂိုးသွင်းရှင်တစ်ယောက် ဖြစ်လာသေးတာလို့ မှတ်ချက်ပေးလိုက်ပါတယ်။ အိုဝင်က ရက်ရှ်ဖို့ဒ်ဟာ ကွင်းအတွင်းမှာ သူ့ထက်တောင်ပိုကောင်းတဲ့စွမ်းဆောင်ရည်မျိုး ပြသနိုင်ခဲ့ပေမယ့်လည်း ဂိုးသွင်းနိုင်ဖို့ ယုံကြည်မှုအပြည့်အ၀ရှိနေတယ်လို့ မခံစားရကြောင်း ပြောဆိုသွားခဲ့ပါတယ်။

အဲရစ်ဆင် ။      ။ စပါးအသင်းတိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ် က အသင်းကွင်းလယ်လူ အဲရစ်ဆင် အနေနဲ့ အပြောင်းအရွှေ့သတင်းတွေကို မေ့လိုက်ပြီး စပါးအသင်းအတွက် ဆက်လက်ကြိုးစားတာက အကောင်းဆုံးဖြစ်မယ်လို့ တိုက်တွန်းလိုက်ပါတယ်။ ဘာဘာတော့ဗ် က အဲရစ်ဆင်ကအနေနဲ့ မြောက်လန်ဒန်ဒါဘီမှာ စပါးအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူပေးခဲ့တာက အသင်းအတွက် အကောင်းဆုံး ကြိုးစားပေးနေတယ်ဆိုတာ ပြသလိုက်တာပဲဖြစ်တယ်လို့လည်း မှတ်ချက်ပေးသွားခဲ့ပါတယ်။

READ
၂၃-၁၂-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ရက်ရှ်ဖို့ဒ် ။       ။ ဒီရာသီပရီးမီးယားလိဂ်မှာ မန်ယူအသင်းရဲ့အဓိက ပွဲထွက်တိုက်စစ်မှူး ဖြစ်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်က သူ့အနေနဲ့ အင်္ဂလန်အသင်းတိုက်စစ်မှာ နေရာရဖို့ အသင်းခေါင်းဆောင် ဟယ်ရီကိန်းနဲ့ ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်းပြောဆိုလိုက်ပါတယ်။ ရက်ရှ်ဖို့ဒ်က အင်္ဂလန်အသင်းရဲ့တိုက်စစ်မှာ ပွဲထွက်ခွင့်ရဖို့ မလွယ်ကူမှန်းသိပေမယ့်လည်း စပါးအသင်းတိုက်စစ်မှူး ဟယ်ရီကိန်းကို ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ချက်တွေရှိနေကြောင်း ပြောဆိုသွားခဲ့တာပါ။

Linn

Source : TheSun , Goal , Mirror

 

SHARE