၉-၇-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter "Goal"

မက်ဂွိုင်းယား ။  ။ လက်စတာအသင်းနောက်ခံလူ မက်ဂွိုင်းယားဟာ မန်ယူအသင်းဆီ ပြောင်းဖို့ အနီးစပ်ဆုံးအခြေအနေကိုရောက်နေပြီလို့ Goal က ဖော်ပြပါတယ်။ မက်ဂွိုင်းယားကိုခေါ်ယူဖို့ မန်စီးတီးအသင်း နောက်ဆုတ်သွားခဲ့တဲ့ အခြေအနေမှာ လက်စတာ ဟာ မန်ယူအသင်းနဲ့ပဲ ဆွေးနွေးမှု ကျန်ရှိနေခဲ့တာဖြစ်ပြီး ကစားသမားကိုယ်တိုင်ကလည်း အသင်းက ထွက်ခွာဖို့ ဆန္ဒရှိနေခဲ့တယ်လို့ သတင်းတွေက ဖော်ပြသွားခဲ့တာပါ။

နေမာ ။ ။ PSG အသင်းအားကစားဒါရိုက်တာသစ် ဖြစ်လာခဲ့တဲ့ လီယိုနာဒို က နေမာ ဟာ အသင်းကနေ ထွက်သွားနိုင်ကြောင်း ပရိသတ်တွေကို အသိပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ PSG အသင်းရဲ့ အားကစားဒါရိုက်တာ ဖြစ်လာခဲ့တဲ့ လီယိုနာဒိုအတွက်တော့ နေမာ ကို အသင်းမှာ ဆက်ရှိနေစေရေးဟာ စိန်ခေါ်မှုတစ်ခု ဖြစ်နေခဲ့ပေမယ့်လည်း လက်ရှိအချိန်မှာတော့ ကစားသမားအနေနဲ့ အသင်းကနေ ထွက်ခွာသွားဖို့ရှိနေတယ်လို့ အသိပေးလိုက်တာပါ။

(AP Photo/Eugenio Savio)

ရိုးမား ။ ။ ရိုးမားအသင်းဟာ တရုတ်စူ့ပါလိဂ်ကို ပြောင်းရွှေ့သွားပြီဖြစ်တဲ့ တောင်ပံကစားသမား အယ်လ်ရှာရာဝီရဲ့နေရာမှာ လေဗာကူဆင်ကွင်းလယ်လူ လီယွန်ဘိုင်လေ ကိုအစားထိုးဖို့ စိတ်ဝင်စားနေတယ်လို့ အီတလီသတင်းစာတွေက ဖော်ပြနေကြပါတယ်။ ဂျမေကာလက်ရွေးစင် ကစားသမား ဘိုင်လီရဲ့ တန်ကြေးဟာ ပေါင်သန်း(၄၀) ၀န်းကျင်မှာ ရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေကြပြီး ဘာစီလိုနာအသင်းရဲ့ တောင်ပံကစားသမား မယ်လ်ကွန်ကိုလည်း အငှားနဲ့ခေါ်ဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

ဂျူဗင်တပ်စ် ။    ။ စကော့တလန်ကလပ် ကီလ်မာနော့အသင်းဟာ ဂျူဗင်တပ်စ်အသင်းရဲ့ ဂိုးသမား ဘရာနက်စ်ကူ ကို တစ်ရာသီအငှားနဲ့ခေါ်ယူလိုက်ပါတယ်။ ဂျူဗင်တပ်စ်ရဲ့ လူငယ်အသင်းကနေ ထွက်ပေါ်လာခဲ့တဲ့ အသက် (၂၅)နှစ်အရွယ် ဂိုးသမားဟာ (၂၀၁၅)ခုနှစ်၊ ဂျူဗင်တပ်စ်အသင်းဆီ ပြန်လည်ရောက်ရှိလာချိန်ကတည်းက အခုအချိန်အထိ တစ်ပွဲမှ ပွဲထွက်ခွင့်မရသေးပဲ တခြားကလပ်အသင်းတွေ ဆီကိုသာ အငှားနဲ့ သွားရောက်ကစားနေခဲ့ရတာပါ။

READ
ဥရောပအကောင်းဆုံးကစားသမားဆုမှာ ဂရစ်ဇ်မန်းရသင့်ကြောင်းရော်နယ်လ်ဒိုဆို

အီကာဒီ ။        ။ အင်တာမီလန်တိုက်စစ်မှူး အီကာဒီ ကိုခေါ်ယူဖို့ အင်တာနဲ့နာပိုလီ တို့ ဆွေးနွေးမှု စတင်နေပြီဖြစ်ကြောင်း Calciomercato သတင်းစာက ဖော်ပြပါတယ်။ နာပိုလီအသင်းဟာ အီကာဒီအတွက် ကမ်းလှမ်းမှုကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စတင်ပြုလုပ်သွားခဲ့ပြီး အီကာဒီတောင်းဆိုထားတဲ့ လစာနှုန်းထားဟာ များပြားနေတာကြောင့် ပြန်လည်စဉ်းစားနေရတယ်လို့ သတင်းတွေက ဖော်ပြသွားပါတယ်။

 

ရိုမီယို ။ ။ ဂျူဗင်တပ်စ်အသင်းဟာ ဂျီနိုအာအသင်းနောက်ခံလူ ရိုမီယို ကို ခေါ်ယူဖို့အတွက် ဆေးစစ်မှု ပြုလုပ်နေပြီဆိုတဲ့အကြောင်း ပရိသတ်တွေဆီ တရားဝင်အသိပေးလိုက်ပါတယ်။ အသက် (၂၁)နှစ်အရွယ်သာ ရှိသေးတဲ့ အာဂျင်တီးနားနောက်ခံကစားသမားလေးဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ဂျီနိုအာအသင်းအတွက် (၂၇)ပွဲ ကစားပေးထားခဲ့တာပါ။  ဂျူဗင်တပ်စ်အသင်းအနေနဲ့ ရိုမီယို ကို (၅)နှစ်စာချုပ် ချုပ်ဆိုသွားဖို့ ပြင်ဆင်နေပြီး ပြောင်းရွှေ့ကြေးပမာဏကိုတော့ ထည့်သွင်းဖော်ပြသွားခြင်းမရှိပါဘူး။

READ
အလိမ်ခံလိုက်ရ၍ ပြိုင်ကားတွေထုတ်ရောင်းနေရတယ်ဆိုတဲ့ မေ၀ဲလ်သာ

 

မိုရီနို ။  ။ လီဗာပူးလ်အသင်းကနေ စာချုပ်သက်တမ်းကုန်ဆုံးပြီး ထွက်ခွာသွားခဲ့တဲ့ ဘယ်နောက်ခံလူ မိုရီနို ကိုခေါ်ယူဖို့ စပိန်အသင်းတွေ အပြိုင်ဖြစ်နေကြပါတယ်။ လာလီဂါကလပ်အသင်းတွေဖြစ်ကြတဲ့ ဆိုစီဒက် ၊ ဆီးဗီးလား ၊ ဗီလာရီးယဲလ်တို့ဟာ မိုရီနို ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူဖို့ အပြိုင်အဆိုင်ကြိုးစားနေကြပြီး ဗီလာရီးယဲလ်အသင်းဆီရောက်ဖို့ အနီးစပ်ဆုံးဖြစ်နေတယ်လို့ ESPN က ဖော်ပြပါတယ်။

Linn

Source : TheSun , Goal , Mirror

SHARE