ရုပ်ရှင်အဖြစ် အသစ်တဖန် ပြန်လည်ရိုက်ကူးနေပြီဖြစ်တဲ့ Mortal Kombat

Mortal Kombat/YouTube

Mortal Kombat ဆိုတာ 90’s born Gamer တွေကြားမှာ မသိတဲ့သူမရှိလောက်အောင် ကြိုက်နှစ်သက်ခဲ့ကြတဲ့ ဂိမ်းဖြစ်ပါတယ်။ လမ်းထဲက Ps2 ဂိမ်းဆိုင်တွေမှာ တစ်နာရီ ၃၀၀ ပေးပြီးဆော့ခဲ့ရတဲ့ အချိန်တွေကိုလည်း သတိရမိကြမှာပါ။ ဒီလို ကိုယ်ကြိုက်နှစ်သက်ခဲ့ရတဲ့ ဂိမ်းကို ဇာတ်လမ်းတစ်ခုအဖြစ်အသက်သွင်းတော့မယ်ဆိုတာသိရရင်ဘယ်လောက်ကျေနပ်စရာကောင်းလိုက်မလဲ။

Mortal Kombat ကို ရုပ်ရှင်အဖြစ် ၁၉၉၅ မှာ Director Paul W. S. Anderson ကရိုက်ကူးခဲ့ပြီးတော့ ဆက်လက်မထွက်ရှိတော့တာ ဆယ်စုနှစ် နှစ်ခုလောက်ရှိပါပြီ။ အခုတော့ Producer and Director James Wan ကပြန်လည်အသက်သွင်းဖို့ လုပ်နေပြီလို့သိရပါတယ်။ Mortal Kombat ကို ပြန်လည်ပြီး အသက်သွင်း ရိုက်ကူးတဲ့နေရာမှာ နဂိုမူရင်း ဂိမ်းဇာလမ်းရဲ့ဟန်ပန်အတိုင်း မပြောင်းလဲဖို့ အထူးဂရုစိုက်သွားမယ်လို့ ကြေညာထားပြီး ရိုက်ကူးမယ့် Director ကတော့ Simon McQuoid ပဲဖြစ်ပါတယ်။

 

 

Mortal Kombat ကို ဂိမ်းဇာတ်လမ်းတွေကို ရေးသားခဲ့တဲ့ စာရေးဆရာဖြစ်သူGreg Russo အတွက်တော့ ပထမဆုံးဂုဏ်ယူစရာရုပ်ရှင် တစ်ခုဖြစ်လာမှာဖြစ်ပြီးတော့ Sub-Zero နေရာမှာ Joe Taslim နဲ့ Liu Kang နေရာမှာ Ludi Lin တို့က သရုပ်ဆောင်သွားမယ့် အကြောင်း New Line Cinema က ပြောခဲ့ပါတယ်။

 

အခုဆိုရင် Mortal Kombat ကို Australia မှာ စတင်ရိုက်ကူးနေပြီလို့ သိရပါတယ်။ Mortal Kombat ရဲ့ Fan တွေအတွက်တော့ သတင်းကောင်းတစ်ခုပါပဲ … ကျေးဇူးပါ Russo ရေ။

 

Lwin Min

SHARE