ကမ္ဘာ့အလှဆုံး လျှိုမြှောင်ချောက်ကမ်းပါးကြီးများ

(၁) Grand Canyon, Arizona, United States

အမေရိကန် အရီဇိုးနားပြည်နယ်မှာတည်ရှိတဲ့ Grand Canyon လျှိုမြောင်ကြီးကတော့ ကမ္ဘာကျော်ဒေသကြီးဖြစ်ပါတယ်။ မြေငလျင်ကြောင့် မြေပြင်ကြီးနှစ်ခု ကွဲအက်သွားရာမှသည် အလွန်လှပတဲ့ ရှုခင်းတွေပေါ်ထွက်လာတာဖြစ်ပါတယ်။ 227 မိုင်အထိ ရှည်လျှားပြီး 18 မိုင် ကျယ်ပြန့်ပါတယ်။ အနက်ပေကတော့ 6000 အထိ ရှိပါတယ်။

(၂) Antelope Canyon, Navajo Territory, Arizona

အမေရိကန် အရီဇိုးနားက Navajo Territory ဒေသမှာလည်း Antelope Canyon ဆိုတဲ့ လျှိုမြောင်ကြီး ရှိပါသေးတယ်။ အဲဒီ လျှိုမြှောင်ကြီးကလည်း ၀ါညိုရွှေရောင်သဲကျောက်တွေနဲ့ ဖွဲစည်းတည်ရှိတာမို့လို့ အမြင်ကိုဆန်းစေပါတယ်။ ပေ 120 ပေ အထိ နက်ရှိုင်းပါတယ်။

(၃) Verdon Gorge, Alpes-de-Haute, France

ပြင်သစ်နိုင်ငံ Alpes-de-Haute စီရင်စုနယ်မြေမှာတည်ရှိတဲ့ Verdon Gorge လျှိုကြီးကလည်း အလွန်လှပ ဆန်းကျယ်ပါ
တယ်။ 15 မိုင် ရှည်လျှားကာ မီတာ 700 အနက်ရှိပါတယ်။ အလွန်သက်တမ်းမြင့်တဲ့ လျှိုကြီးဖြစ်ပြီး လွန်ခဲ့တဲ့နှစ်သန်း
ပေါင်း (200-251) အတွင်းမှာ ပေါ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။

READ
တစ်အိမ်လုံး ချောကလက်တွေနဲ့ချည်း ဆောက်လုပ်ထားတဲ့ သွားရည်ယိုဖွယ် အိမ်လေး

(၄) Bicaz Canyon, Northeast Romania

ရိုမေးနီးယားနိုင်ငံ အရှေ့မြောက်ပိုင်းမှာတည်ရှိတဲ့ Bicaz ချောက်ကြီးရဲ့ အလယ်မှာ Bicaz မြစ်က ကွေးဝင် စီးဆင်းပါ
တယ်။ 6 ကီလိုမီတာ အရှည်ရှိတဲ့ ဒီချောက်ကြီးဟာ Harghita ပြည်နယ်နဲ့ Neamt ပြည်နယ်တို့ရဲ့ နယ်နိမိတ်စည်းဖြစ်
ပြီး ချောက်ကြီးရဲ့ အကျဉ်းဆုံးအပိုင်းမှာ ဖောက်ထားတဲ့ လမ်းကတော့ ဥရောပတစ်ခွင်မှာရဲ့ အလှပဆုံးလမ်းတွေထဲမှာ
တစ်ခု အပါအ၀င် ဖြစ်ပါတယ်။ Bicaz ချောက်ကြီးရဲ့ ပတ်ဝန်းကျင်မှာ အလွန်ရှေးကျတဲ့ ဂူထောင်ပေါင်းများစွာကိုလည်း
မြင်တွေ့ရမှာ ဖြစ်ပါတယ်။

(၅) Tiger Leaping Gorge, Yunnan, Southwestern China

တရုတ်နိုင်ငံတောင်ပိုင်း ယူနန်ပြည်နယ်မှာတည်ရှိတဲ့ Tiger Leaping Gorge လျှိုမြောင်ကြီးကတော့ စိမ်းလန်းတဲ့ သဘာ
ဝတောတောင်များနဲ့ အလွန်သာယာလှပတဲ့ နေရာဖြစ်ပါတယ်။ 9.3 မိုင်အထိ ရှည်လျှားတဲ့ လျှိုမြောင်ကြီးအလယ်မှာ မြစ်
တစ်ခု ဖြတ်သန်းစီးဆင်းနေပြီး အနက်ဆုံးအပိုင်းမှာတော့ 3790 မီတာ နက်ပါတယ်။

READ
ထိုင်းနိုင်ငံမှ လည်ပတ်စရာနေရာများ

နတ်စည်တော် (Shwemom)

shwemom-2

source : themysteriousworld.com

SHARE