အမျိုးသားတွေရဲ့စိတ်အနှောက်အယှက်ဖြစ်စရာအကောင်းဆုံး အကျင့်(၅)ခု

ယောက်ျားလေးတွေရဲ့ လူသားတစ်ယောက်အဖြစ် ဖြစ်တည်ရှင်သန်မှုပုံစံကိုက မိန်းကလေးတွေနဲ့ထူးခြားတယ်ဆို တာ လေ့လာမှုများစွာနဲ့သက်သေသာဓကတွေရှိပြီးသားဖြစ်ပါတယ်။Shwemomပရိသတ်ကြီး သိပြီးတဲ့အတိုင်း အထူးသဖြင့် အမျိုးသမီးတိုင်းလိုလို  ယောက်ျားလေးတွေရဲ့စိတ်ပျက်စရာ၊စိတ်အနှောက်အ ယှက်ဖြစ်စရာအမူအကျင့်တွေ ကို နားလည်သိထားကြမှာပါ။အိမ်မှာ အစ်ကိုတွေ၊မောင်တွေရှိရင် ပိုတောင်အနီးကပ်မြင်တွေ့ရမှာပါ။ ကိုယ့်ချစ်သူဒါမှ မဟုတ် ကိုယ့်ခင်ပွန်းဆိုရင်လည်း ပြောရခက်ဆိုရခက် နဲ့အမျိုးသမီးတွေမှာ စိတ်အနှောက်အယှက်ဖြစ်၊ ဒေါသထွက်ရ ပါတယ်။RejectedManFlowers-850x400-1-770x400

ဒါ့အပြင် ကိုယ့်ခင်ပွန်း၊ကိုယ့်ချစ်သူရဲ့ အဲဒီလိုစိတ်ပျက်စရာကောင်းတဲ့အမူအကျင့်တွေကို ပြုပြင်ဖို့ကြိုးစားရင်တော့ သင့်ကို တော်တော်မိုက်မဲတာပဲလို့အပြစ်တင်ရမှာပဲ။ဘာဖြစ်လို့လဲဆိုတော့ ယောက်ျားလေးတွေရဲ့ သဘာဝတရားကိုက သူတို့မှာ ရှိတတ်တဲ့စိတ်ပညာသဘောတရားတွေ၊ခံယူချက်တွေကိုက အဲဒီလိုအမူအကျင့်တွေကိုဖြစ်စေလို့ပါပဲ။အခု Shwemomရဲ့အမျိုးသမီးပရိသတ်တွေကို ယောက်ျားလေးတွေရဲ့ စိတ်ပျက်စရာကောင်းတဲ့အမူအကျင့်တွေကို ဘယ်လို နားလည်လက်ခံပြီး အဆိုးဆုံးရလဒ်နည်းအောင်ချဉ်းကပ်မလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

(၁)ဂိမ်းကစားခြင်း1gamer

ယောက်ျားလေးတွေရဲ့ဘ၀မှာ အလွှမ်းမိုးဆုံးအရာက ဂိမ်းကစားတာလို့ပြောရင်မှားမယ်မထင်ပါဘူး။မိသားစုတစ်ခုမှာ ဖခင်ဖြစ်သူက ဂိမ်းသမားတစ်ယောက်ဆိုရင်လည်း အဲဒီမိသားစုရဲ့ အပန်းဖြေအနားယူချိန်တွေတန်ဖိုးမဲ့ရတယ်။ဂိမ်း သမားတစ်ယောက်နဲ့ချစ်သူဖြစ်လို့ကတော့ အဲ့ဒီမိန်းကလေးကံဆိုးတာပဲ။စက်ရုပ်ကိုချစ်သူတော်ရင်တောင် ခလုတ်ဖွင့်ထားတဲ့အချိန်တိုင်းကိုယ့်အတွက်လိုအပ်တာတွေဖြည့်ဆည်းပေးနိုင်ဦးမယ်။အဲဒီတော့ကိုယ့်ချစ်သူကဂိမ်းသမားဆိုရင်သူ့ရဲ့ရူးသွပ်မှုနဲ့ ချစ်သူတွေရဲ့ အခြေခံအခွင့်အရေးတွေကို အပေးအယူမျှမျှတတဖြစ်အောင်ဆုံးဖြတ်သင်ကြိုးစားရ ပါလိမ့်မယ်။

READ
ကတုံးပြောင်သူတွေက အချစ်ရေးမှာစန်းပိုပွင့်ဟု ပညာရှင်များပြောကြား

(၂)ခံစားချက်ကိုမြိုသိပ်ထားခြင်း

မိန်းကလေးတွေ ယောက်ျားလေးတွေကို စိတ်ပျက်ရတဲ့အချက်တွေထဲမှာ ဒီတစ်ချက်လည်းပါဝင်ပါတယ်။ယောက်ျားလေး အများစုက သူတို့ရဲ့ခံစားချက် ပျော်သည်၊ စိတ်ညစ်သည်၊ ဆိုးသည်၊ ကောင်းသည်စသဖြင့် ထုတ်ပြောလေ့မရှိကြပါဘူး။ တခါတလေ ဘာဖြစ်မှန်းမသိရဘဲ အလိုလိုစိတ်တိုဒေါသထွက်နေတတ်တဲ့ ချစ်သူမျိုးဆိုရင် အဲဒီလူရဲ့မိန်းကလေးကတော့ သိပ်ကို စိတ်ပျက်နေမှာပဲ။ဘာဖြစ်နေတယ်သိရမှ အဆင်ပြေမယ့်နည်းလမ်းကူစဉ်းစားပေးလို့ရမှာဆိုတာကိုလည်း လက်မခံ ကြပြန်ဘူး။အဲဒီတော့သူတို့ဘာဖြစ်နေတယ်ဆိုတာ သူတို့ကိုယ်တိုင်ပြောလာတဲ့အထိ စိတ်ရှည်ရှည်နဲ့စောင့်ဖို့ပဲ လိုတယ်။ တခါတလေကျရင်တော့ သူတို့ကို ဂရုမစိုက်သလို ပစ်ထားဖို့တိုက်တွန်းပါတယ်။အဲဒီအတွက် ရလဒ်ကောင်းထွက်လာနိုင် မှာပါ။

(၃)မိန်းမတွေက အဆိုးဆုံး ဒရိုင်ဘာတွေလို့တွေးနေကြတာပဲ

အရာရာ သူတို့သာ အရည်အချင်းပြည့်ဝသာလွန်တယ်လို့ တွေးနေတတ်ကြတဲ့  ယောက်ျားလေးတွေက  မိန်းကလေးတွေ ကို အဖြစ်မရှိတဲ့ ဒရိုင်ဘာတွေ၊အန္တရာယ်ကောင်တွေလို့ တွေးနေတာက မိန်းကလေးတွေ စိတ်ပျက်ရ တဲ့ ယောက်ျားလေးတွေရဲ့အကျင့်ပါပဲ။လေ့လာမှုတစ်ခုမှာ ယောက်ျားလေးတွေရဲ့အဖြေတွေထဲက တစ်ခုဆိုရင် မိန်းမတွေ ဟာ လူ့အသိုင်းအ၀ိုင်းအတွက် တကယ့်အန္တရာယ်ဆိုပဲ။အမှန်တော့ ယောက်ျားလေးရောမိန်းကလေးရောတန်းတူညီမျှ ဒရိုင်ဘာကောင်းတွေဖြစ်နိုင်တဲ့အခွင့်အရေးရှိပါတယ်။တကယ်လို့ သင့်ချစ်သူက သင့်ကို အဲ့လိုသတ်မှတ်နေရင် သင့်ရဲ့ ဒရိုင်ဘာရာထူးကို ကျေကျေနပ်နပ်သာပေးလိုက်ပါ။

READ
အမျိုးသားတွေစမတ်ကျကျနေနိုင်ဖို့စွန့်လွှတ်သင့်တဲ့ဖက်ရှင်များ

(၄)အကျီ င်္တစ်ထည်တည်းကိုထပ်ခါတလဲလဲဝတ်ခြင်း

annoy

ယောက်ျားလေးအများစုက ပျင်းရိတတ်ကြသလို သူတို့ရဲ့အ၀တ်ဗီရိုကို ရှင်းလင်းဖို့နဲ့ အင်္ကျီအသစ်၊ဘောင်းဘီအသစ်တွေနဲ့ တင့်တယ်နေစေဖို့လည်း စိတ်ကူးမရှိကြပါဘူး။ရှူးဖိနပ်တစ်ရံ၊ တီရှပ်တစ်ထည်၊ ဂျင်းဘောင်းဘီ နှစ်ထည်လောက်ရှိရုံနဲ့သူတို့ ဟာကြည့်ကောင်းနေပြီလို့ ယူဆနေကြတာ မိန်းကလေးတွေအတွက်တော့ တော်တော်စိတ်ပျက်စရာကောင်းတဲ့အကျင့် တစ်ခုပါပဲ။ဒီလို ဆိုရင်တော့ သူတို့ရဲ့ ခန္ဓ္ဓာကိုယ်အနံ့အသက်မကောင်းဘူးဆိုတာ သိသာစေတဲ့ပုံစံပြရုံပဲရှိပါတော့တယ်။

(၅)မေ့လျော့လွန်းခြင်း

ဒီအချက်ကြောင့်လည်း မိန်းကလေးတွေတော်တော်စိတ်ပျက်၊ စိတ်အနှောက်အယှက်ဖြစ်ကြရမှာပါ။တခါတလေ သူတို့ ကိုယ်သူတို့ ကောင်းကင်မှာလွတ်လပ်စွာပျံသန်းနေတဲ့ငှက်ကလေးတွေလိုယူဆပြီး အရာအားလုံးနီးပါးကို ပေါ့ပေါ့ပါးပါး သဘောထားတတ်ကြပြန်ပါသေးတယ်။မိန်းကလေးဘက်က အလွန်အရေးကြီးတဲ့ကိစ္စတစ်ခုကို သူတို့အတွက်အသေး အဖွဲလိုယူဆနေကြတာကိုလည်း အံ့သြဒေါသထွက်ရပြန်ပါတယ်။ကိုယ့်ခင်ပွန်း ဒါမှမဟုတ် ကိုယ့်ချစ်သူက အဲဒီလို မေ့ လျော့ပေါ့ဆတတ်သူဆိုရင် ဘယ်လောက်အရေးကြီးကြောင်းကို အကျိုးအကြောင်းရှင်းပြပေးပါ။ဆိုးကျိုးကောင်း ကျိုးကို မြင်သာအောင် သတိပေးပါ။

ခြူးသစ်နွယ်@ChoChoThan(Shwemom)

ref:womanitely.com

SHARE