လက်တလောအချိန်မှာ ရောဂါပိုးအကူးစက်နိုင်ချေ အများဆုံး နေရာ (၅) ခု

Freepik- prostooleh

ကမ္ဘာ့ကပ်ရောဂါဘေးကြုံတွေ့နေရတဲ့အချိန်မှာ ကျန်းမာရေးဌာနတွေကညွှန်ကြားထားတဲ့ စည်းကမ်းချက်တွေကို လူတိုင်းလိုက်ကိုလိုက်နာရပါမယ်။ အဓိကစည်းကမ်းချက်တွေထဲ mask တပ်ရမယ်၊ လူစုလူဝေးမလုပ်ရဘူး၊ လက်ကိုဆပ်ပြာနဲ့သေချာစွာ ဆေးကြောရမယ် စသဖြင့် ပါဝင်နေပါတယ်။

ဒါပေမဲ့ လူတွေဟာ အခုနောက်ပိုင်း ဖြစ်ပွားမှုနှုန်းလျော့ကျလာပြီလို့ ထင်ရတဲ့အတွက်ကြောင့် စည်းကမ်းချက်တွေကိုလည်း သေချာမလိုက်နာတဲ့အပြင်ကိုမှ အပြင်ကိုလည်း တံခါးမရှိ၊ ဓားမရှိထွက်နေကြပါပြီ။ ဒီလိုထွက်နေသူတွေဖို့ Reader’s Digest ကနေ ကိုးကားပြီး ရောဂါပိုးအကူးစက်ခံရနိုင်ချေ အများဆုံးဖြစ်နေတဲ့ နေရာ (၅) ခုကိုဖော်ပြပေးလိုက်ပါတယ်။free

Freepik- rawpixel.com

(၁) ဘားနဲ့စားသောက်ဆိုင်များ

ဒီနေရာတွေဟာ ရောဂါပိုးအကူးစက်နိုင်ဆုံးဖြစ်နေတဲ့ အဓိကနေရာတွေဖြစ်နေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။ Michigan မှာဆိုရင် East Lansing က ဘားတစ်ခုမှာ ကူးစက်သူပေါင်း ၁၅၀ ကျော်ထိသွားခဲ့ပြီး Louisiana မှာလည်း Baton Rouge ဆိုတဲ့ ညဈေးတန်းကိုသွားရင်း လူအယောက် ၁၀၀ လောက် ရောဂါပိုးကူးသွားခဲ့တယ်လို့ New York Times မှ ဖော်ပြထားပါတယ်။

READ
လူတွေ သတိမထားပဲ လုပ်မိတဲ့ ၀ိတ်တက်မြန်စေမယ့် အလေ့အကျင့်များ

စားဝိုင်းပွဲတွေကို ဘယ်လောက်ပဲ (၆) ပေခြားထားခြားထား၊ ဘယ်လောက်ပဲ ကာထား ကာထား စိတ်ကိုမချနိုင်တာပါတဲ့လေ။

Freepik- boggy

(၂) အားကစားခမ်းမတွေ

Gym တွေဆိုတာဟာလည်း လေဝင်လေထွက်သိပ်မကောင်းဘဲ အဲကွန်းစနစ်နဲ့သာအလုပ်လုပ်နေရတာကြောင့် ရောဂါပိုးတွေစုနေပြီး ကူးစက်နိုင်ချေများပြားလျက်ရှိနေပါတယ်။

Freepik- freepik

(၃) မိသားစုတွေ့ဆုံပွဲတွေ

ငါတို့မိသားစုချင်းပဲတွေ့မှာ ဘာမှမဖြစ်ပါဘူးဆိုပြီး အမျိုးတသိုက်နဲ့ ဟင်းချက်စားတာ၊ မွေးနေ့ပွဲကျင်းပတာ၊ အိမ်အလည်သွားတာမျိုးတွေကိုလည်း ရှောင်ရှားသ့င်ပါတယ်။ ရောဂါပိုးဆိုတာ သူစိမ်းချင်းပဲကူးတာမျိုးမဟုတ်ပါဘူး။

Freepik- kruraphoto

(၄) ဘာသာရေးဆိုင်ရာနေရာများ

ဘယ်လိုဘာသာရေးနဲ့သက်ဆိုင်တဲ့ ပွဲမျိုးပဲဖြစ်ဖြစ်၊ နေရာပဲဖြစ်ဖြစ် လုံးဝလုံးဝမသွားသင့်ပါဘူးတဲ့။

Freepik- ArthurHidden

(၅) ကမ်းခြေများ

လူလေးရှင်းတုန်း ကမ်းခြေလေးဘာလေးသွားဦးမှဆိုပြီး မတွေးလိုက်နဲ့ဦး။ ကမ်းခြေတွေဟာလည်း ကိုဗစ်ဖြစ်နိုင်ချေ အများဆုံး နေရာတွေဖြစ်နေနိုင်ပါတယ်။ New York Times ရဲ့ဖော်ပြချက်အရ South Carolina ကမ်းခြေကို သွားလည်ခဲ့တဲ့ ကျောင်းသားအယောက် ၂၀ လုံး ပိုးအကူးခံခဲ့ရတဲ့အဖြစ်လည်းရှိနေပါတ်။

penny

SHARE