တရုတ်နိုင်ငံရဲ့ အချောဆုံးမင်းသမီးတွေအဖြစ် သတ်မှတ်ခံထားရတဲ့ မင်းသမီး(၈)ယောက်

ig/@bingbing_fan,@nanaouyangofficial_,@victoria02_02

လက်ရှိမှာတော့ တရုတ်နိုင်ငံရဲ့ မင်းသမီးတွေထဲမှာ အချောဆုံး အဖြစ် သတ်မှတ်ခံထားရတဲ့ မင်းသမီးချောလေး ကို ဖော်ပြပေးလိုက်ပါတယ်။ သူတို့တွေက ငယ်ရွယ်ပြီး အရမ်းကို ချောမောလှပသူတွေ ဖြစ်ကြသလို တော်လည်းတော်ကြပါသေးတယ်။ ဘယ်သူတွေလဲဆိုတာတော့ တစ်ချက်ကြည့်လိုက်နော်။

Yang Chaoyue

တရုတ်နိုင်ငံရဲ့ မင်းသမီးချောလေး Yang Chaoyue ဟာ အသက် 21 နှစ်ပဲ ရှိသေးပေမယ့် လူသိများ နာမည်ကြီးတဲ့ ဆယ်လီတစ်ယောက်ပါ။ သူမက Forbes’ China Celebrity 100 စာရင်းထဲမှာ ဖော်ပြခြင်းခံထားရသူပါ။ သူမက တရုတ် music project တစ်ခုဖြစ်တဲ့ Produce 101 မှာ ပါဝင်ယှဉ်ပြိုင်ခဲ့ရာက လူသိများလာခဲ့ပြီး Rocket Girl 101 ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သူမရဲ့ သီချင်းတွေက ပရိတ်သတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့သလို သူမက Project 17: Side by Side ဆိုတဲ့ ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

Li Xiaolu

တရုတ်နိုင်ငံရဲ့ နာမည်ကြီး မင်းသမီးတစ်ယောက်ဖြစ်တဲ့ Li Xiaolu ဟာ ဇာတ်ကားပေါင်း 20 ကျော်နဲ့ TV Show ပေါင်းများစွာမှာ ပါဝင်ထားပြီး Golden Horse Award ကို ရရှိထားသူ ဖြစ်ပါတယ်။ သူမရဲ့ အသက် 17 နှစ်မှာတင် ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ခွင့် ရခဲ့သူပါ။ သူမ အဓိက ဇာတ်ဆောင်အဖြစ် ပါဝင်ထားတဲ့ ‘The Sent Down Girl’ ဆိုတဲ့ ဇာတ်ကားနဲ့ပဲ ဆုရရှိခဲ့တာ ဖြစ်ပါတယ်။ ခုချိန်မှာ သူမ အသက် 37 နှစ်ရှိပြီဆိုပေမယ့် လုံးဝမထင်ထားလောက်အောင်ကို နုပျိုလှပနေဆဲ ဖြစ်ပါတယ်။

READ
ကျစ်လစ်နေတဲ့ သူမရဲ့ အလှ တရားကို ထုတ်ပြ လိုက်တဲ့ သင်ဇာဝင့်ကျော်

Angelababy

View this post on Instagram

❤️

A post shared by Angelababy (@angelababyct) on

Angelababy ဆိုတာကတော့ သူမရဲ့ စင်တင်မင်းသမီးနာမည်ဖြစ်ပြီး သူမရဲ့ နာမည်ရင်းက Angela Yeung Wing ဖြစ်ပြီး သူမရဲ့ အနုပညာခရီးလမ်းကို ‘Trivial Matters in 2007’ ဆိုတဲ့ ဇာတ်ကားထဲမှာ နည်းနည်းလေး ပါဝင်သရုပ်ဆောင်ခြင်းက စတင်ခဲ့ပါတယ်။ သူမရဲ့ သရုပ်ဆောင် စွမ်းရည်နဲ့ အရည်အချင်းတွေကို အသိအမှတ်ပြုခံရတဲ့အချိန်မှာတော့ သူမဟာ ဟော်လီးဝုဒ်ရုပ်ရှင် ‘Hitman: Agent 47’ ဆိုတဲ့ ဇာတ်ကားမှာပါ ပါဝင်သရုပ်ဆောင်နိုင်ခဲ့ပါတယ်။

Jelly Lin

 

 

View this post on Instagram

 

😸 #林允 #林允jelly #JellyLin #임윤

A post shared by 林允 (@jellylinyun) on

Jelly Lin ဆိုတာကတော့ သူမရဲ့ အင်္ဂလိပ် အနုပညာနာမည်ဖြစ်ပြီး သူမရဲ့ တရုတ်နာမည်ကတော့ Lin Yun ဖြစ်ပါတယ်။ သူမကို သူမ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်လာမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေမယ့် အသက် 18 နှစ်မှာတော့ Stephen Chow ရဲ့ အကူအညီကြောင့် ‘The Mermaid’ ဆိုတဲ့ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့ပြီး နောက်ပိုင်း အနုပညာကို ရူးသွပ်လာခဲ့ပါတယ်။

Gu Li Zha Na

 

တရုတ်မင်းသမီးချော Gu Li Zha Na မှာ နာမည်တွေကတော့ အနည်းငယ် များပြားပါတယ်။

တစ်ခါတစ်ရံ သူမကို Gulizha လို့ ခေါ်တတ်ကြသလို Nazha, Gulnezer Bextiyar စသဖြင့် အမျိုးမျိုး ခေါ်တတ်ကြပေမယ့် သူမရဲ့ အောင်မြင်မှုကတော့ အဲဒီ့နာမည်အရှုပ်အရှင်းတွေကြောင့် ရပ်တန့်မသွားခဲ့ပါဘူး။ သူမက တရုတ်နိုင်ငံရဲ့ နာမည်ကြီး ကျော်ကြားတဲ့ မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။

READ
ဇူလိုင်လအတွက် မဖြစ်မနေစောင့်ကြည့်သင့်တဲ့ ဇာတ်ကားကောင်း ၆ ကား စုစည်းမှု

Ouyang Nana

https://www.instagram.com/p/CCN7TxPl1xy/?utm_source=ig_embed&utm_campaign=loading

အသက် 19 နှစ်သာ ရှိသေးတဲ့ Ouyang Nana ရဲ့ အနုပညာစွမ်းရည်ကတော့ တကယ့်ကို အံ့မခန်းပါပဲ။ သူမက သရုပ်ဆောင်တဲ့နေရာမှာလည်း တော်သလို guitar နဲ့ cello ကို ကောင်းကောင်းတီးခတ်နိုင်သူ တစ်ယောက်ဖြစ်ပြီး သူမရဲ့ ကိုယ်ပိုင် album ကလည်း ထွက်ရှိထားသူ ဖြစ်ပါတယ်။ သူမက ‘See You Again’ ဇာတ်ကားမှာ Wiz Khalifa နဲ့အတူ ပါဝင်ထားပါတယ်။

Victoria Song

https://www.instagram.com/p/B5sMrQFlrv2/?utm_source=ig_embed&utm_campaign=loading

Song Qian ကိုတော့ အများက Victoria Song အဖြစ် သိကြပါတယ်။ သူမက များစွာသော အနုပညာ အလုပ်တွေမှာ ထူးချွန်သူ တစ်ယောက်ပါ။ သရုပ်ဆောင်၊ အဆိုတော်၊ မော်ဒယ်၊ television presenter နဲ့ စာရေးတဲ့ အလုပ်တွေအထိပါ လုပ်ကိုင်နိုင်သူ တစ်ယောက်ဖြစ်ပါတယ်။ သူမက တရုတ်လူမျိုးဆိုပေမယ့် ကိုးရီးယား idol တစ်ယောက်လည်း ဖြစ်ပြီး တရုတ်နဲ့ ကိုးရီးယား နှစ်နိုင်ငံလုံးမှာ နေထိုင်ပါတယ်။

Fan Bingbing

 

မင်းသမီးချော Fan Bingbing ကတော့ တရုတ်မှာတင်မက တစ်ကမ္ဘာလုံးအထိကို အောင်မြင်မှု ရနေသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမရဲ့ နာမည်ကြီးဇာတ်ကားတွေက ‘Lost in Beijing’ ‘I Am Not Madame Bovary’ စတဲ့ ဇာတ်ကားတွေဖြစ်ပြီးတော့ ‘X-Men: Day of Future Past’ ဆိုတဲ့ ဇာတ်ကားမှာလည်း ပါဝင်ထားပါသေးတယ်။

Khin

SHARE