တရုတ်စစ်တပ်ရဲ့အလှဆုံးစစ်သမီးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရတဲ့ မိန်းလှလေး

Weibo

တရုတ်နိုင်ငံကတော့ လာမယ့် ၂၀၁၉ အောက်တိုဘာလ ၁ ရက်နေ့မှာ အကြီးမားဆုံးစစ်ရေးပြပွဲကြီးလုပ်မယ့်အကြောင်း ကြေငြာလိုက်ခဲ့ပါပြီ။ အဲဒီမှာလူထုစိတ်ဝင်စားတာကတော့ ပြည်သူ့အချစ်တော် စစ်သမီးလေး Men Jiahui ပါဝင်ဦးမှာလားဆိုတာပါပဲ။

Weibo/ximenjiahui

Men ဟာ အသက် ၂၇ နှစ်ရှိလို့နေပါပြီ။ အရင်တုန်းကတော့ အတွင်းခံများကြော်ငြာပေးတဲ့ မော်ဒယ်အဖြစ်ဆုတွေရရှိဖူးခဲ့ပါသေးတယ်။ မော်ဒယ်အလုပ်ကနေ ရပ်နားပြီး ၅ နှစ်လောက်ကြာမှ စစ်တပ်ထဲဝင်ခဲ့ကာ အရာရှိတစ်ယောက်ဖြစ်လာခဲ့တာပါတဲ့။ ၂၀၁၅ ခုနှစ်မှာတော့ ဒုတိယကမ္ဘာစစ်တွင်းဂျပန်တို့လက်အောက်က လွတ်မြောက်ခဲ့တဲ့အထိန်းမှတ်အနေနဲ့ လွတ်လပ်ရေးစစ်ချီတက်ပွဲကြီးမှာ တခြားတပ်ကအမျိုးသမီးအရာရှိစစ်သားတွေနဲ့အတူတူ ထိပ်ဆုံးမှာ စစ်ရေးပြခဲ့ပြီးနောက် မီဒီယာတွေမှာ ဖော်ပြခံရလွန်းပြီး တရုတ်နိုင်ငံရဲ့အလှဆုံးစစ်သမီးအဖြစ် ကျော်ကြားလာခဲ့ပါတော့တယ်။

Weibo

ဒါကြောင့် အခုတစ်ခေါက်ရာဇဝင်တွင်မယ့် အကြီးဆုံးစစ်ရေးပြပွဲကြီးမှာ Men ရောပါဦးမှာလားဆိုပြီး ပြည်သူတွေစိတ်ဝင်စားနေတာ အထူးအဆန်းတော့မဟုတ်ပါဘူး။

Men ဟာ ဘေကျင်းတက္ကသိုလ်မှာ မော်ဒယ်အထူးပြုဘာသာရပ်နဲ့ ဖက်ရှင်ဘွဲ့ကိုရရှိထားခဲ့သူလည်းဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်တုန်းက တရုတ်နိုင်ငံရဲ့ အတွင်းဝတ်ကြောငြာမေယ်ဒယ်ပြိုင်ပွဲကြီးမှာ တတိယဆုရရှိထားခဲ့သူလေးပါ။ ဒါပေမဲ့ သူမရဲ့ငယ်စဉ်က အိပ်မက်ကတော့ ကြီးလာရင် စစ်သားကြီးလုပ်ချင်တာပါတဲ့။ ဒါပေမဲ့လည်း မြီးကောက်ပေါက်အရွယ်မှာတော့ မိန်းကလေးတို့သဘာဝအတိုင်း အနုပညာဖက်ကို ပိုအားသာသွားခဲ့ပြီး အနုပညာအလုပ်တွေကို ၆ နှစ်လောက် ဆက်တိုက်လုပ်ဖြစ်ခဲ့ပါတယ်လို့ Next Shark မှာ ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံရဲ့စစ်တပ်ထဲ အမျိုးသမီးဝင်ခွင့်ရဖို့ဆိုတာ သိပ်တော့လွယ်ကူလှပါဘူး။

READ
ဘူဂေးရီယား ရှေ့ဖြစ်ဟောဆရာမကြီးရဲ့ ကမ္ဘာကြီးအတွက် (၂၀၂၀)ခုနှစ်ဟောစာတမ်း
Weibo/ximenjiahui
Weibo/ximenjiahui

Men ကတော့ စစ်ရေးပြပွဲကြောင့် အမျိုးသမီးတပ်သားတွေ ခေါ်ယူနေတယ်ဆိုတာနဲ့ တိုက်ဆိုင်သွားခဲ့လို့သာ ပါဝင်ခွင့်ရရှိခဲ့တာပါတဲ့။ သို့ပေမယ့်လည်း Men တို့လို guard of honor ဆိုတဲ့ ရာထူးကတော့ စစ်မြေပြင်ကို လုံးဝနီးပါး ထွက်ရမယ့်သူတွေမဟုတ်ဘဲ အခုလို စစ်ရေးပြပွဲတွေ၊ အခမ်းအနားတွေမှာ တက်ပေးရတဲ့ စစ်သားမော်ဒယ်လိုပါပဲ။ စစ်သားတစ်ယောက်ရဲ့တပ်အပ်တဲ့ပညာရပ်တွေကိုတော့ အနည်းနဲ့အများ သင်ထားရတာပေါ့။ ဘဝကြီးက အရင်ကလိုမျိုး နေချင်သလိုမနေရဘဲ ပုံစံခွက်ထဲမှာ နေနေရပေမယ့်လည်း နောင်တတော့လုံးဝမရတဲ့အပြင် ဂုဏ်ပါယူနေပါတယ်တဲ့။

Weibo/ximenjiahui

Penny

SHARE