ဥယျာဉ်စိုက်ပျိုးခြင်းဆိုတာ အနုပညာတစ်ရပ်ဖြစ်ပါတယ်။ လူတွေဟာ အလှအပအတွက်ရော လက်တွေ့မှာအသုံးဝင်ဖို့အတွက်ရော ဥယျာဉ်တွေစိုက်ပျိုးကြပါတယ်။ အောက်ဘက်မှာတော့ ကမ္ဘာတစ်လွှားက အလှဆုံးပန်းဥယျာဉ်တွေကို oyster သတင်းကတဆင့် ဖော်ပြပေးလိုက်ပါတယ်။
Kenrokuen, Kanazawa, Japan
View this post on Instagram
ဂျပန်လူမျိုးဥယျာဉ်သမားတွေဟာ သတ်မှတ်ထားတဲ့နေရာတစ်နေရာထဲမှာ ထူးခြားတဲ့ပန်းဥယျာဉ်မျိုးပေါ်အောင် ဖန်တီးနိုင်စွမ်းရှိပါတယ်။ ဂျပန်နိုင်ငံက ပန်းဥယျာဉ်တွေထဲ Kanazawa က Kenrokuen ပန်းခြံကတော့ အကောင်းဆုံးဥပမာဖြစ်ပါတယ်။ ၄င်းကို ၁၇ရာစုနှစ်အလယ်ပိုင်းက စတင်ဆောက်လုပ်ခဲ့ပြီး နှစ်ပေါင်း ၂၀၀ ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။
Keukenhof, Lisse, Netherlands
View this post on Instagram
ဧက ၈၀ကျယ်ဝန်းတဲ့ Keukenhof ပန်းဥယျာဉ်ဟာဆိုရင် ကမ္ဘာ့အကြီးဆုံးပန်းဥယျာဉ်တွေထဲက တစ်ခုဖြစ်ပါတယ်။ ပန်းပင်ပေါင်း ၇သန်းကျော်စိုက်ပျိုးထားရှိပါတယ်။ ဥယျာဉ်ကိုတော့ နှစ်စဉ်မတ်လကနေ မေလအတွင်းပဲဖွင့်လှစ်ပါတယ်။ ဥယျာဉ်ထဲမှာတော့ ကျူးလစ်ပေါင်းအမျိုးစုံကို တွေ့ရမှာဖြစ်ပါတယ်။
Nong Nooch Tropical Botanical Garden, Pattaya, Thailand
View this post on Instagram
၁၉၅၄ခုနှစ်မှာ Pisit နဲ့ Nongnooch Tansacha ဟာ သစ်သီးစိုက်ပျိုးဖို့ဆိုပြီး မြေဧက ၆၀၀ကို ဝယ်ယူခဲ့ပါတယ်။ နောက်ပိုင်းတော့ စိတ်ကူးပြောင်းသွားပြီး သူတို့ဟာ ၁၉၈၀အရောက်မှာ ပန်းဥယျာဉ်အနေနဲ့ ဖွင့်လှစ်ခဲ့ပါတယ်။
Gardens of Versailles, Versailles, France
View this post on Instagram
Gardens of Versailles ဟာ ကမ္ဘာတစ်လွှားမှာရှိတဲ့ ထိပ်တန်းဥယျာဉ်တွေထဲက တစ်ခုဖြစ်ပါတယ်။ စုစုပေါင်း ဧက ၂၀၀၀ကျယ်ဝန်းပါတယ်။ လက်ရှိဥယျာဉ်ဒီဇိုင်းကိုတော့ ဥယျာဉ်မှုး André Le Nôtre က ဒီဇိုင်းရေးဆွဲခဲ့တာဖြစ်ပါတယ်။ ဥယျာဉ်ထဲကိုတော့ နှစ်စဉ် ဧည့်သည်ပေါင်း ၆သန်းကျော် အလည်လာရောက်ကြပါတယ်။
Kew Royal Botanic Gardens, Kew, United Kingdom
View this post on Instagram
ဒီဥယျာဉ်ကတော့ ပန်းဥယျာဉ်ဆိုတာထက် ပိုပါတယ်။ Kew ဟာ အပြည်ပြည်ဆိုင်ရာ သုတေသနဌာနအဖြစ်လည်း လူသိများပါတယ်။ အဲ့ဒီမှာတော့ ရာပေါင်းများစွာသော သိပ္ပံပညာရှင်တွေနဲ့ သုတေသနပညာရှင်တွေအလုပ်လုပ်ကြပါတယ်။ ဥယျာဉ်ထဲမှာတော့ အပင်မျိုးစိတ်ပေါင်း ၄သောင်းကျော်အပြင် သမိုင်းဝင်အဆောက်အဦးတွေလည်း အများကြီးရှိပါတယ်။
ShweMom