ကမ္ဘာပေါ်မှာ အလှဆုံးလို့ သတ်မှတ်ခြင်းခံထားရတဲ့ တက္ကသိုလ်ကျောင်းတော်ကြီးများ

တစ်ချို့သော တက္ကသိုလ်တွေက ကျောင်းသားတွေကို ပညာတွေ အလျှံအပယ်ပေးရုံသာမက အလှအပဆုံးနေရာမှာ ပညာသင်ကြားခွင့်ကိုပါ ရရှိစေပါတယ်။

တက္ကသိုလ်အချို့မှာဆို ရှေးဟောင်း စာကြည့်တိုက်တွေ၊ ဇီဝ ပန်းဥယျာဉ်တွေကအစ ရှိနေပြီး ယူနက်စကို (UNESCO) ရဲ့ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်တွေအဖြစ် သတ်မှတ်ထားခံရတာတောင်ရှိပါတယ်။ ဒါကြောင့် ကမ္ဘာပေါ်ရှိ အလှဆုံး တက္ကသိုလ်တွေကို လေ့လာကြည်ရအောင်…။

University of Cambridge – Cambridge, England
Premier Photo/ Shutterstock

Cambridge တက္ကသိုလ်ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး တက္ကသိုလ် တစ်ခုဆိုရုံတင်မဟုတ်ဘဲ အလှဆုံးတက္ကသိုလ်လည်း ဖြစ်ပါတယ်။ တက္ကသိုလ်ရဲ့ ကောလိပ်ကျောင်း (၂၉) ကျောင်းဟာလည်း ထူးခြားတဲ့ ဒီဇိုင်တွေ၊ ဗိသုကာလက်ရာတွေ ပြည့်နှက်နေပါတယ်။ ကျောင်းတစ်ဆောင်စီတိုင်းက ရင်သပ်ရှုမောဖွယ်ကောင်းနေပါတယ်။  ကိန်းမြစ်ကို ဖြတ်သန်းတိုက်ခတ်လာတဲ့ လေထုက တက္ကသိုက်ကို ပိုပြီ အိပ်မက်ဆန်နေစေပါတယ်။

National Autonomous University of Mexico – Mexico City, Mexico
BondRocketImages

UNESCO ရဲ့ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်တစ်ခုအဖြစ် သတ်မှတ်ထားတဲ့ National Autonomous University of Mexico ဟာ သိပ်ကို ရင်သပ်ရှုမောစရာကောင်းပါတယ်။ ဒီ တက္ကသိုလ်ကို မက္ကဆီကို နိုင်ငံရဲ့ တစ်ချို့သော နာမည်ကျော် ဗိသုကာပညာရှင်တို့က ဒီဇိုင်ဆွဲခဲ့တာလို့ သိရပါတယ်။ ကျောင်းရဲ့ ပင်မအဆောင်မှာရှိတဲ့ နံရံဆေးရေးပန်းချီတွေဟာဆိုလည်း မက္ကဆီကန် အနုပညာရှင်တွေဖြစ်တဲ့ Deigo Rivera နဲ့ David Alfaro Siqueiros တို့ရဲ့ လက်ရာတွေဖြစ်ကြောင်း သိရပါတယ်။

University of Coimbra – Coimbra, Portugal
saiko3p/ Shutterstock

Coimbra တက္ကသိုလ်ဟာ ပေါ်တူဂီနိုင်ငံရဲ့ ရှေးအကျဆုံး တက္ကသိုလ်တစ်ခုဖြစ်ပါတယ်။ ရာစုနှစ် (၇) စု တိုင်ခဲ့ပြီဖြစ်ပါတယ်။ ကျောင်းပရ၀ဏ်အတွင်း ရှေးဟောင်း ရုပ်တုတွေ အများအပြားတွေ့ရပြီး Joanina စာကြည့်တိုက်ရဲ့ အပြင်ဘက်မှာဆိုလည်း King Joao III ရဲ့ ရုပ်တုကြီး ရှိပါတယ်။ ဒီစာကြည့်တိုက်ဟာဆိုလည်း ကမ္ဘာပေါ်ရှိ အလှဆုံးစာကြည့်တိုက်တစ်ခုအဖြစ် မကြာခဏ သတ်မှတ်ခံရလေ့ရှိပါတယ်။

READ
ထူးပေးဆန်းပေ့ဆိုတဲ့ ကမ္ဘာတစ်လွှားက အလောင်းသင်္ဂြိုဟ်ခြင်း အလေ့အထများ (အပိုင်း-၂)
Oxford University – Oxford, England
Tejvan Pettinger

Oxford တက္ကသိုလ်ဟာ ကမ္ဘာပေါ်မှာ ရှေးအကျဆုံး တက္ကသိုလ်တစ်ခုဖြစ်ပြီး ၁၁၆၇ ခုနှစ်ကတည်းက တည်ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီလို သက်တမ်းအရင့်အမာကြီးတဲ့ တက္ကသိုလ်မှာ ခေတ်အလိုက် ထွန်းကားခဲ့တဲ့ ဗိသုကာလက်ရာတွေကိုလည်း တွေ့နိုင်ပါတယ်။ Saxon ခေတ် လက်ရာတွေကနေ စပြီး Palladian ဗိသုကာလက်ရာတွေအထိ ရှိနေပါတယ်။ ကျောင်းထဲက Christ Church College ဟာလည်း ဟယ်ရီပေါ်တာ ရုပ်ရှင်ထဲမှာ Hogwarts တက္ကသိုလ်ရဲ့ ခန်းမဆောင်ကြီး အဖြစ်အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

Yale University – New Haven, Connecticut
f11photo

Connecticut ပြည်နယ်၊ Yale မြို့မှာ ရှိတဲ့ Yale တက္ကသိုလ်ဟာ ၄င်းရဲ့ ဂေါ့သစ် ခေတ်ပြိုင် ဗိသုကာလက်ရာတွေနဲ့ တည်ထောင်ခဲ့တဲ့ သက်တမ်း၊ မြင့်မားတဲ့ ဂုဏ်အရှိန်အ၀ါတွေကြောင့် နာမည်ကြီးပါတယ်။ ကျောင်းဆောင်တွေမှာ Frank Gehry, Louis Kahn နဲ့ Eero Saarinen တို့ လက်ရာတွေပါဝင်ကြောင်း သိရပါတယ်။

Lomonosov Moscow State University – Moscow, Russia
Via Wikimedia Commons

Lomonosov Moscow State University ဟာ ၄င်းရဲ့ (၇၈၇) ပေ မြင့်တဲ့ ပင်မ အဆောင်ကြီးကြောင့် ထင်ရှားတဲ့ တက္ကသိုလ်တစ်ခုဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ ကမ္ဘာပေါ်မှာ အမြင့်ဆုံး တက္ကသိုလ်တစ်ခုအဖြစ်ပါ သတ်မှတ်ခြင်းခံထားရပါတယ်။

READ
"ဒါဟာမဖြစ်နိုင်ဘူး" လို့ပြောခဲ့ပေမယ့် တက်တက်စင်အောင်လွဲခဲ့တဲ့ နာမည်ကြီးတွေရဲ့စကားများ
University of St Andrews – St Andrews, Scotland
Photo Holidays

(၁၄၁၀) နဲ့ (၁၄၁၃) ခုနှစ်အတွင်းမှာ တည်ထောင်ခဲ့ပြီး စကော့တလန်နိုင်ငံရဲ့ ပထမဆုံးသော တက္ကသိုလ်တစ်ခုအဖြစ် တည်ရှိနေပါတယ်။ ကျောင်းဝန်းထဲမှာဆို အလယ်ခေတ် ဗိသုကာလက်ရာတွေ၊ အ၀င်း အ၀ိုင်းတွေ အပြည့်ရှိပါတယ်။ မင်းသာ ၀ီလီယမ်နဲ့ ကိတ်မစ်ဒယ်တန်တို့ ဆုံစည်ခဲ့တဲ့ ကျောင်းတော်ကြီးလည်းဖြစ်ပါတယ်။

Harvard University – Cambridge, Massachusetts
harvard.org

Harvard တက္ကသိုလ်ဟာ ၄င်းရဲ့ အနီအုတ်နဲ့ အဆောက်အဦးတွေနဲ့၊ ဗိသုကာလက်ရာမြောက်တဲ့ High Victorian Gothic အောက်မေ့ဖွယ် ခန်းမကြီးရှိတာကြောင့် နာမည် သိပ်ကြီးတဲ့ တက္ကသိုလ်လို့ ပြောနိုင်ပါတယ်။ ကမ္ဘာပေါ်ရှိ တက္ကသိုလ်များထဲမှာ သြဇာတိက္ကမအကြီးဆုံးလည်းဖြစ်ပြီး အလှဆုံး တက္ကသိုလ်တစ်ခုလည်းဖြစ်ပါတယ်။

Stanford University – Stanford, California
Kazuhisa OTSUBO

Stanford တက္ကသိုလ်က အမေရိကန်နိုင်ငံရဲ့ အကြီးဆုံး တက္ကသိုလ်တွေထဲက တစ်ခုဖြစ်ပါတယ်။ ကျောင်းရဲ့ အကျယ်အ၀န်းက (၈၁၈၀) ဧကရှိပါတယ်။ မြက်ခင်းပြင်အကျယ်ကြီးတွေ၊ ထူးခြားတဲ့ ယာဉ်သွားလမ်းတွေ၊ Fredrick Law Olmsted ဒီဇိုင်ထွင်တဲ့ ပန်းမွေ့ရာတွေလည်း ရှိပါတယ်။

Source: This is Insider

Matthew (ShweMOM)
SHARE