ကမ္ဘာ့အလှဆုံးရေတံခွန်များ

(၁) Victoria Falls(ဇင်ဘာဘွေ)

ဇင်ဘာဘွေနိုင်ငံမှာရှိတဲ့ Victoria ရေတံခွန်ဟာ ကမ္ဘာ့အလှဆုံးရေတံခွန်စာရင်းမှာ နံပတ်(၁) ဖြစ်ပါတယ်။ ဇမ်ဘီယားနဲ့
ဇင်ဘာဘွေ နယ်စပ်မှာတည်ရှိတာဖြစ်ပြီး နံပတ်(၁)နေရာမှာ ရပ်တည်ထိုက်တဲ့ တဲ့ ပထ၀ီဝင်အနေအထားတွေ၊ တော
တောင်သာယာလှပမှုတွေကလည်း အံ့မခန်းပါဘဲ။ အမြင့်ပေ 354 ပေရှိပြီး အကျယ်ကတော့ 5604 ပေ ကျယ်ဝန်းပါတယ်။ ဒေသခံတွေကတော့ Mosi-oa-Tunya  ရေတံခွန်လို့လည်း ခေါ်ကြပါသေးတယ်။

(၂) Iguazu Falls (အာဂျင်တီးနား/ဘရာဇီး)

အာဂျင်တီးနားနဲ့ ဘရာဇီးနယ်စပ်မှာ တည်ရှိတဲ့ Iguazu ရေတံခွန်ကတော့ အမြင့်ပေ 8858 ပေ ကျယ်ဝန်းပါတယ်။ အဲဒီကနေ ရေတံခွန်ငယ် 275 ခု ခွဲထွက်စီးဆင်းနေပြီး ထူးခြားတဲ့ ရေတံခွနကြီး ဖြစ်ပါတယ်။

READ
လေယာဉ်ပေါ်မှာ အခမဲ့ရနိုင်တဲ့အရာများ

(၃) Angel Falls (ဗင်နီဇွဲလား)

ဗင်နီဇွဲလားမှာတည်ရှိတဲ့ Angel ရေတံခွန်ကတော့ သဘာဝရေတံခွန်တွေထဲမှာ ကမ္ဘာ့အမြင့်ဆုံး ရေတံခွန်ဖြစ်ပါတယ်။ အ
မြင့်ပေ 3212 ပေရှိပြီး ယူုနက်စကိုရဲ့ ရှားပါးအမွှေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ထားခြင်း ခံရပါတယ်။ အနီးအနားမှာ Canaima National Park လည်း တည်ရှိလို့ ၀င်ရောက်လည်ပတ်နိုင်ပါသေးတယ်။

(၄) Kaieteur (ဂူယာနာ)

ဂူယာနာနိုင်ငံမှာတည်ရှိတဲ့ Kaieteur ရေတံခွန်ကတော့ ကြီးမားတဲ့ သစ်တောကြီးအလယ်မှာတည်ရှိပြီး ကမ္ဘာကျော်ရုပ်ရှင်
ကားကြီးတွေ လာရောက်ရိုက်ကူးရာ နေရာဖြစ်ပါတယ်။ အမြင့်ပေ 741 ပေရှိပြီး ရေတံခွန်ငယ်ပေါင်းများစွာ ခွဲခွက်စီးဆင်း
တဲ့ နေရာလည်း ဖြစ်ပါတယ်။

(၅) Niagara Falls (အမေရိကန်/ကနေဒါ)

ကမ္ဘာကျော် Niagara ရေတံခွန်ကြီးကတော့ အမေရိကန်နဲ့ ကနေဒါနိုင်ငံ နယ်စပ်မှာ တည်ရှိပါတယ်။ အပိုင်းနှစ်ခုရှိပြီး က
နေဒါနိုင်ငံ ဘက်ခြမ်းမှာ Horseshoe ရေတံခွန်ဖြစ်ပြီး၊ အမေရိကန်ဘက်ခြမ်းကတော့ American ရေတံခွန်ဖြစ်ပါတယ်။ အဲ
ဒီအပိုင်းနှစ်ခုကို ရေလယ်ကျွန်းနဲ့ ပိုင်းခြားထားပါတယ်။ Horseshoe ရေတံခွန်ကတော့ အမြင့်ပေ 173 ဖြစ်ပြီး၊ American ရေတံခွန်ကတော့ အမြင့်ပေ 70-100 ပေသာ ရှိပါတယ်။

READ
ဘဝမှာ တစ်ခါတော့ သွားရောက်လည်ပတ်သင့်တဲ့ ကမ္ဘာ့အလှဆုံးသစ်တော (၈)ခု

နတ်စည်တော် (Shwemom)

shwemom post photo

source : placestoseeinyourlifetime.com

SHARE