ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ ရန်အကြီးအကျယ်ဖြစ်ခဲ့ကြတဲ့ ကမ္ဘာကျော်ဆယ်လီများ

Imdb/FastFive

ပြီးခဲ့တဲ့ ၂၀၁၀ ကနေ အခု ၂၀၂၀ အထိ ပြန်ပြီး ကြည့်ရာမှာ ကမ္ဘာကျော်ဆယ်လီဘရစ်တီတွေကလည်း လူသားတွေပီပီ တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်ခဲ့ကြပါတယ်။ တချို့ကတော့ တိုးတိုးတိတ်တိတ် ရန်ဖြစ်ခဲ့ကြပေမယ့် တချို့ကတော့ သန်းနဲ့ချီတဲ့ သူတို့ရဲ့ပရိသတ်တွေရှေ့မှာတောင်မှ ရန်ပွဲနွှဲခဲ့ကြတာပါ။ တချို့ကတော့ သီချင်းတွေထဲမှာ မကျေနပ်ကြောင်း လှောင်ပြောင်သရော်ခဲ့ကြတဲ့ အထိ ဖြစ်ခဲ့တာပါ။ အဲဒီထဲကမှ ဘယ်သူတွေနဲ့ ဘယ်သူတွေ ရန်ဖြစ်ခဲ့ကြသလဲဆိုတာ ဖော်ပြလိုက်ပါတယ်။

– Taylor Swift နဲ့ Kanye West

ဟောလိဝုဒ်ရဲ့ ရန်အဖြစ်ဆုံးလူတွေထဲမှာ Kanye West တစ်ယောက်လည်းပါဝင်ပါတယ်။ သူနဲ့ Taylor Swift တို့ဟာလည်း တချိန်က အကြီးအကျယ်အထိ ရန်ဖြစ်ခဲ့ကြတာပါ။

ဇာတ်လမ်းကတော့ ၂၀၀၉ ခုနှစ် VMA ဆုပေးပွဲမှာ တေလာဆွဇ်တစ်ယောက်ဆုလက်ခံရယူတဲ့ မိန့်ခွန်းကို Kanye West က လှောင်ပြောင်ရန်စခဲ့ရာက ဒီမီးပွားဟာ စတင်လာခဲ့တာပါ။ ဒါ့အပြင် Kanye West ဟာ သူ့ရဲ့ Famous သီချင်းထွက်ခဲ့ပါတယ်။ အဲဒီသီချင်းထဲမှာ တေလာဆွဇ်ကို Kanye West က စော်ကားထားတဲ့ နားကြားမဝံ့လောက်အောင် အထိ စကားလုံးတွေနဲ့ ရေးစပ်ထားတာပါ။ ဒီလို သီချင်းထဲ ထည့်ပြီး တိုက်ခိုက်ခံခဲ့ရပေမယ့် တေလာဆွဇ်တစ်ယောက်ကတော့ အဖတ်ပြန်မလုပ်ခဲ့ပါဘူး။

၂၀၁၆ ခုနှစ်အတွက် album of the year အတွက် ဂရမ်မီဆုလက်ခံမိန့်ခွန်းမှာတော့ တေလာဆွဇ်ဟာ “အောင်မြင်မှုလမ်းကြောင်းပေါ်လျှောက်နေကြတဲ့ လူတွေက မကောင်းသဖြင့် တိုက်ခိုက်မှုတွေလည်း ရှိကိုရှိတယ်”လို့ Kanye Westကို ရည်ညွှန်းပြီး ပြောဆိုခဲ့ပါတယ်။

-Orlando Bloom နဲ့ Justin Bieber 

Orlando Bloom နဲ့ Justin Bieber တို့ကြားမှာလည်း အဖုအထစ်လေးတွေ ရှိခဲ့တာပါ။ ဘယ်လောက်အထိ အစိုင်အခဲတွေရှိခဲ့သလဲဆိုတော့ Orlando Bloomဟာ ဂျပ်စတင်ဘီဘာကို လက်သီးနဲ့တောင် ထိုးခဲ့တဲ့ အထိဖြစ်ခဲ့တာပါ။

ဖြစ်ပုံကတော့ ဒီလိုပါ။ ကောင်မလေးတွေရဲ့ အသည်းကျော်ဖြစ်တဲ့ ဂျပ်စတင်ဘီဘာဟာ ၂၀၁၂ တုန်းက Victoria’s Secret ဖက်ရှင်ရှိုးမှာ သွားပြီး သီချင်းဆိုရပါတယ်။ အဲဒီဖက်ရှင်ရှိုးမှာ ဂျပ်စတင်ဘီဘာဟာ  Victoria’s Secret ရဲ့ နာမည်ကျော် မော်ဒယ်တစ်ယောက်ဖြစ်တဲ့ Miranda Kerr ကို ပရောပရီ သွားလုပ်ခဲ့ပါတယ်။ 

အဲဒီအချိန်တုန်းက Victoria’s Secret ရဲ့ မော်ဒယ်ဖြစ်တဲ့ Mranda Kerr ဟာ Orlando Bloom ရဲ့ မိန်းမပါ။ ၂၀၁၃ ခုနှစ်မှာတော့ Orlando Bloom နဲ့ Mranda Kerrတို့ဟာ တရားဝင်ကွာရှင်းပြတ်ဆဲခဲ့ကြပါတယ်။ တစ်ဖက်မှာလည်း ဂျပ်စတင်ဘီဘာဟာ သူ့ရဲ့ ချစ်သူဖြစ်တဲ့ ဆယ်လီနာဂိုးမက်စ်နဲ့လည်း ပြတ်ဆဲခဲ့ပါတယ်။

ဒီလောက်မှာတော့ သတင်းတွေရဲ့ ရေးသားချက်အရတော့ Orlando Bloom နဲ့ ဂျပ်စတင်ဘီဘာတို့နှစ်ယောက်ဟာ စပိန်နိုင်ငံ  Ibiza မြို့မှာ နှစ်ယောက်ဆုံကြတဲ့ အချိန်မှာ Orlando Bloomက ဂျပ်စတင်ဘီဘာကို ထိုးကြိတ်ခဲ့တယ်လို့ သိရပါတယ်။

ဇာတ်လမ်းက ဒီမှာတင်ရပ်မသွားပါဘူး။ ဂျပ်စတင်ဘီဘာဟာ သူ့ရဲ့ Instagram မှာ Kerr ရဲ့ bathing suitနဲ့ ပုံကို တင်ခဲ့ပါတယ်။ တင်ပြီး သိပ်မကြာခင်မှာ ပြန်ဖျက်သွားခဲ့ပါတယ်။

-Vin Dieselနဲ့ Dwayne Johnson

READ
ဘောလိဝုဒ်ရဲ့ Super Girls လို့ သတ်မှတ်ခံထားရတဲ့ မင်းသမီးများ

ဗလတောင့်တောင်နဲ့ ကတုံးနှစ်ကောင်ကလည်း တချိန်က စိတ်သဘောထားမတိုက်ဆိုင်ခဲ့ကြတာပါ။ ၂၀၁၇ ခုနှစ် The Fate of the Furious ရုပ်ရှင်ရိုက်တုန်းက ဖြစ်ခဲ့တဲ့အဖြစ်အပျက်ပါ။ ရိုက်ကွင်းမှာ ဘာတွေ ဘယ်လိုဖြစ်ခဲ့သလဲဆိုတာ သေသေချာချာမသိရှိရပေမယ့် The Rock ကြီးဟာ သူ့ရဲ့ IG အကောင့်မှာ ပိုစ့်တစ်ခုတင်ခဲ့ပါတယ်။ အဲဒီ ပိုစ့်ထဲမှာတော့ “သူနဲ့ လက်တွဲပြီး အလုပ်အတူတူ လုပ်နေတဲ့ အမျိုးသမီးတွေရဲ့ အစွမ်းပကားကတော့ အံ့မခန်းလောက်စရာပါပဲ။ အလုပ်တူတူလုပ်တဲ့ အမျိုးသားတွေကတော့ သီခြားဇာတ်လမ်းလေးတွေနဲ့။ တချို့ကတော့ သူတို့ကိုယ်သူတို့ စတန့်သမားလောက်ပဲ ရှိတယ်။ တချို့ကတော့ တကယ့် ပရော်ဖက်ရှင်နယ်တွေပါ”ဆိုပြီး Vin Diesel ကို တိုက်ခိုက်ထားတဲ့ စာသားတွေပါဝင်တဲ့ ပိုစ့်တစ်ခုတင်ရှိခဲ့ပါတယ်။

Imdb/FastFive

ပြီးတော့ The Rock ကြီးဟာ အဲဒီပိုစ့်ကို ဖျက်ချခဲ့ပါတယ်။

အဲဒီပိုစ့်တက်လာပြီးနောက်တစ်နေ့မှာ Vin Diesel ဟာ The Rock ကြီးနဲ့ လူကိုယ်တိုင် သွားတွေ့ပြီး ရင်ဆိုင်ခဲ့ပါတယ်။

သူတို့နှစ်ယောက်ဆုံပြီးနောက် (၂)ရက်အကြာမှာတော့ The Rock ကြီးဟာ IG မှာ ပိုစ့်တစ်ခုထပ်တင်ပါတယ်။ အဲဒီပိုစ့်ရဲ့ အလိုအရ မိသားစုတစ်ခုဆိုတာ မတူညီတဲ့အမြင်အယူတွေရှိတတ်ကြကြောင်း၊ သူ့အတွက်တော့ ဒီလို သဘောထားကွဲလွဲမှုဖြစ်တာဟာ ကောင်းတဲ့ အရာဖြစ်ကြောင်း။ အဲဒီသဘောထားကွဲလွဲမှုတွေကနေမှ ပိုပြီး ရင်းနှီးချစ်ခင်လာတတ်ကြကြောင်း”ကို ရေးသားထားတာပါ။ ပြန်အဆင်ပြေသွားပြီဆိုတဲ့ သဘောပါပဲ။

ဒီနောက်မှာတော့ ဗလတောင့်တောင့်နဲ့ ကတုံးနှစ်ကောင်ဟာ ညီအကိုတမျှဖြစ်သွားခဲ့ပြီး သမိုင်းကြောင်းမှာ အကောင်းဆုံးဖြစ်စေမယ့် ရုပ်ရှင်ကားတွေကို ဆက်ရိုက်ကြမယ်ဆိုပြီး ကြုံးဝါးခဲ့ကြပါတယ်။

-Katy Perry နဲ့ Taylor Swift

ဆယ်စုနှစ်အတွင်း ရန်ဖြစ်ခဲ့ကြတဲ့ ဆယ်လီတွေထဲမှာ ကေတီပယ်ရီနဲ့ တေလာဆွဇ်တို့ မပါရင် ပြည့်စုံမှာမဟုတ်လှပါဘူး။ တစ်ချိန်က အရင်းနှီးဆုံး သူငယ်ချင်းတွေဖြစ်ခဲ့ကြတဲ့ ကေတီပယ်ရီနဲ့ တေလာဆွဇ်တို့ရဲ့ အကွဲအပြဲဇာတ်လမ်းဟာ ၂၀၁၄ ကတည်းက စခဲ့တာပါ။ 

တေလာဆွဇ်ဟာ ၂၀၁၄ ခုနှစ်မှာ သူ(မ)ရဲ့ Red Tour အတွက် Dancer သုံးယောက်ကို ငှားရမ်းခဲ့ပါတယ်။ သူ(မ) ငှားရမ်းခဲ့တဲ့ အဲဒီ Dancer ၃ ယောက်က တချိန်က ကေတီပယ်ရီအတွက် အလုပ်လုပ်ခဲ့တဲ့ သူတွေပါ။

 

နောက် သုံးလအကြာမှာတော့ ကေတီပယ်ရီဟာ သူ(မ)ရဲ့ Tour တစ်ခုအတွက် အဲဒီ ၃ ယောက်အစားနောက်ထပ် အရံ Dancer သုံးယောက်ကို အစားထိုးပြီး ရှိုးပွဲပြုလုပ်ခဲ့ရပါတယ်။

အဲဒီနောက်မှာတော့ တေလာဆွဇ်ဟာ “1989”ဆိုတဲ့ အယ်လ်ဘန်ထွက်ပါတယ်။ အဲဒီအယ်လ်ဘန်ထဲက Bad Blood ဆိုတဲ့ သီချင်းဟာ အမျိုးသမီးတေးသံရှင်တစ်ယောက်အကြောင်းဖြစ်တယ်လို့ ရိုးလင်းစတုန်းမဂ္ဂဇင်းနဲ့ အင်တာဗျုးမှာ ပြောဆိုသွားပါတယ်။ တေလာဆွဇ်ပြောတဲ့ အမျိုးသမီးတေးသံရှင်ဆိုသူကတော့ ကေတီပယ်ရီပါပဲ။ သူတို့နှစ်ယောက်ကြားက အကွဲအပြဲကတော့ ကြောက်ခမန်းလိလိပါပဲ။ သူတို့နှစ်ယောက်စိတ်သလောထားမတိုက်ဆိုင်လို့ အဆင်မပြေရုံတင်သာမကဘဲ သူတို့နှစ်ယောက်ကို အားပေးတဲ့ ပရိသတ်တွေပါ စိတ်ဝမ်းကွဲကုန်တဲ့အထိ ဖြစ်ခဲ့ကြတာပါ။ 

 

 

View this post on Instagram

 

feels good @taylorswift

A post shared by KATY PERRY (@katyperry) on

ဒါပေမယ့် အခုအချိန်မှာတော့ သူတို့နှစ်ယောက်ဟာ အရင်လို ပြန်အဆင်ပြေသွားပါပြီ။

– Nicki Minaj နဲ့ Cardi B

READ
ကမ်းခြေရိုက်ကွင်းတစ်ခုမှာ ဖောက်ထွင်းဝတ်စုံနဲ့ မြင်လိုက်ရတဲ့ Kim Kardashian

ဆရာမကြီးနှစ်ယောက်လို့ ပြောလို့ရမယ့်  Nicki Minaj နဲ့ Cardi Bတို့ရဲ့ ရန်ပွဲကလည်း ဟိုးလေးတကျော်ဖြစ်ခဲ့သေးတယ်။  ၂၀၁၈ ခုနှစ် စက်တင်ဘာလ နယူးယောက်ဖက်ရှင်ပါတီမှာ တစ်ယောက်နဲ့တစ်ယောက် သတ်ပုတ်ခဲ့ကြပါသတဲ့။ ဗီဒီယိုဖိုင်ထဲမှာတော့ Cardi B ဟာ Nicki Minaj ကို ဖိနပ်နဲ့တောင် ပေါက်ခဲ့သတဲ့။

 

သူတို့နှစ်ယောက်ကို လုံခြုံရေးတွေက ဝင်ဆွဲပြီး ဖြေဖြန်ရတဲ့အထိ ဖြစ်ခဲ့တာပါ။

Ye Yint Kyaw

SHARE