မင်္ဂလာလက်စွပ်တွေမှာ အသုံးပြုကြလေ့ရှိတဲ့ အဖိုးတန်သတ္တုအမျိုးအစားများ

instagram/griceldasphotography, instagram/carinsjewellerydesign, instagram/themodgents

စေ့စပ်ပွဲတွေနဲ့ မင်္ဂလာဆောင်တွေမှာ သတို့သားနဲ့ သတို့သမီးဟာ မင်္ဂလာအထိမ်းအမှတ်အဖြစ် လက်စွပ်တွေကို အမြတ်တနိုးဝတ်ဆင်ကြပါတယ်။ လက်စွပ်တွေလုပ်တဲ့အခါမှာတော့ ကိုယ်တတ်နိုင်တဲ့ ငွေကြေးအတိုင်းအတာအလိုက် သတ္တုအမျိုးမျိုးနဲ့ သွန်းလုပ်ကြပါတယ်။ ဘယ်လို သတ္တုမျိုးတွေကို မင်္ဂလာလက်စွပ်တွေအဖြစ် အသုံးပြုကြသလဲဆိုတာကိုတော့ asiaone သတင်းဌာနကနေတဆင့် အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

ရွှေ

အ၀ါရောင်ရွှေကို အစဉ်အလာအရ လက်ထပ်မင်္ဂလာပွဲတော်တော်များများမှာ အသုံးပြုပါတယ်။ တန်ဖိုးကြီးတဲ့အပြင် လူနဲ့သဟဇာတဖြစ်တဲ့ သတ္တုမျိုးဖြစ်တာကြောင့် အများစုက ရွှေကို ၀တ်ဆင်ကြပါတယ်။ ရွှေသတ္တုစစ်စစ်တွေက ပျော့ပြောင်းလွန်းတာကြောင့် ပန်းထိမ်ခတ်တဲ့အခါ သူ့ချည်းတင်မဟုတ်ပဲ အခြားသတ္တုတွေကိုပါ ရောနှောထည့်သွင်းရလေ့ ရှိပါတယ်။

ရွှေဖြူ

https://www.instagram.com/p/BsUxg8nnVNm/?utm_source=ig_web_copy_link

ခေတ်ပေါ်အသုံးများကြတဲ့ ရွှေထည်တစ်မျိုးဖြစ်ပါတယ်။ ရွှေဖြူကို ရိုဒီယမ်သတ္တုနဲ့ ပြုလုပ်ထားပြီး ၄င်းသတ္တုဟာ တောက်ပဖြူဖွေးပြီး လေးလံကာ အရောင်ပြန်နိုင်တဲ့ သတ္တုတစ်မျိုးဖြစ်ပါတယ်။

Rose Gold

https://www.instagram.com/p/B3Ie1sYAejS/?utm_source=ig_web_copy_link

ပန်းရောင်သန်းပြီး ရွှေဝါနဲ့ ကြေးနီသတ္တုစပ်ထားတဲ့ ပစ္စည်းဖြစ်ပါတယ်။ Rose Gold ဟာ ရွှေဝါ၊ ရွှေဖြူတို့နဲ့ ယှဉ်ကြည့်ရင် ပိုပြီး နူးညံ့သလို ကြမ်းတမ်းမှုလည်း နည်းပါတယ်။ သတ္တုစပ်တဲ့ အချိုးအစားပေါ်မူတည်ပြီး အရောင် မှိန်တာ၊ လင်းတာတွေ ဖြစ်နိုင်ပါတယ်။

ပလက်တီနမ်

ပလက်တီနမ်ကိုတော့ ရတနာသတ္တုထည်တွေထဲမှာ ဈေးအကြီးဆုံးအဖြစ် မှတ်ယူနိုင်ပါတယ်။ မာကျောပြီး ခိုင်ခံ့တဲ့ သတ္တုမျိုးဖြစ်တာကြောင့် တစ်ခါဝယ်ထားပြီးရင် အကြမ်းခံဝတ်ဆင်လို့ရပါတယ်။ ပလတ်တီနမ်ဟာ လူ့အသားအရေနဲ့ မတည့်တာ ၊ အယ်လာဂျီဖြစ်တာမျိုးလည်း မရှိပါဘူး။

READ
ရှားစောင်းလက်ပတ် အသုံးပြုပြီး အသားအရေ ဖြူဝင်းလာအောင် လုပ်နည်း

ငွေ

ငွေသတ္တုဟာ ပျော့ပြောင်းတဲ့ သတ္တုတစ်မျိုးဖြစ်ပါတယ်။ သတ္တုထည်ကြောင့် ခြစ်ရာရှရာတွေ ဖြစ်နိုင်သလို ဓာတ်မတည့်ရင်လည်း သူက အရောင်ပြောင်းတတ်ပါတယ်။ ဒါပေမယ့် ငွေထည်နဲ့ တည့်တဲ့သူဆိုရင်တော့ ကိစ္စမရှိပါဘူး။ ဈေးကွက်ထဲမှာတော့ ငွေထည်တွေဟာ ဈေးသက်သက်သာသာနဲ့ ၀ယ်ယူရနိုင်တဲ့အပြင် ပုံစံဒီဇိုင်းမျိုးစုံလည်း ရှိနေပါတယ်။

တိုက်တမ်နီယမ် နဲ့ အဖြိုက်နက်

ယနေ့ခေတ်မှာတော့ စုံတွဲတွေဟာ ပိုပြီး ဈေးတန်မယ့်အပြင် ရေရှည်မှာ အတော်အသင့် အကြမ်းခံတဲ့ သတ္တုမျိုးကို ရွေးဝယ်လာကြပါတယ်။ ဒီတိုက်တမ်နီယမ်နဲ့ အဖြိုက်နက် လက်စွပ်တွေကိုလည်း စုံတွဲတွေက ၀တ်ဆင်တတ်ပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက ဒီသတ္တုတွေက ပုံစံပြုလုပ်ပြီးသွားရင် အကျဉ်းအကျယ် ချုံ့ချဲ့ဖို့ မလွယ်ကူတော့ပါဘူး။

READ
ဘ၀နေပျော်ဖို့အတွက် အရေးကြီးတဲ့ … ဟာသအမြင်

Palladium

Palladium ဟာ ကမ္ဘာပေါ်မှာ အရှားပါးဆုံး သတ္တုတွေထဲက တစ်မျိုးဖြစ်ပါတယ်။ ရတနာပစ္စည်းလုပ်ဖို့အတွက်တော့ ထိုက်တန်ပြီး အရည်အသွေးကောင်းတဲ့ ပစ္စည်းမျိုး ဖြစ်ပါတယ်။ သူ့ရဲ့ ဂုဏ်သတ္တိတွေကတော့ ပလက်တီနမ်နဲ့ အတူတူပါပဲ။ ပေါ့ပါးတဲ့အပြင် သံချေးတက်၊ အက်ဆစ်စားတာမျိုးတွေလည်း မဖြစ်စေပါဘူး။ ပွန်းပဲ့ ခြစ်ရာ ဒဏ်တွေကိုလည်း ခံနိုင်ရည်ရှိတဲ့ သတ္တုမျိုးပါ။ လူ့အသားအရေကို အယ်လာဂျီမဖြစ်စေတဲ့အပြင် သူ့အပေါ်က ထပ်ပြီးမွန်းမံ ပုံလောင်းရတဲ့ အခြားသတ္တုတွေလည်း မလိုအပ်ပါဘူး။ ဒါပေမယ့် Palladium က ရွှေထက် တန်ဖိုးနည်းတာကြောင့် ၀ယ်ယူသူတော့ သိပ်မရှိလှပါဘူး။

လင်းလင်း (ShweMom)

SHARE