ကမ္ဘာပေါ်က ရှိရှိသမျှလူလိမ်တွေ အများဆုံး အသုံးပြုလေ့ရှိတဲ့လိမ်နည်း ၆ မျိုး

Atstock Productions/shutterstock

ဘယ်လောက်ပဲ ဖွံ့ဖြိုးတိုးတက်ပါတယ်ဆိုတဲ့ နိုင်ငံဖြစ်ဖြစ် လူတွေကိုအယုံသွင်းပြီး ပိုင်ဆိုင်မှုတွေကို လိမ်ယူနေကြတဲ့ လူလိမ်တွေဆိုတာ နိုင်ငံတိုင်းမှာ ရှိကြပါတယ်။ အခုဖော်ပြပေးမှာကတော့ ရိုးရိုးလေးတွေပေမယ့် နေ့စဉ်တိုင်း လူတွေအလိမ်ခံနေရတဲ့ လိမ်နည်း ၆ မျိုးအကြောင်းကို တခြားလူတွေကို ပြန်ပြောပြပြီး သတိပေးဖို့ပဲဖြစ်ဖြစ်၊ မိမိကိုယ်တိုင် အယုံမလွယ်မိစေဖို့ပဲဖြစ်ဖြစ် သိရအောင်မျှဝေပေးလိုက်ပါတယ်။

(၁) ထီပေါက်တယ်၊ ဆုမဲပေါက်တယ်ဆိုပြီး လိမ်လည်နည်းတစ်မျိုးပါ။ လူလိမ်ဟာ ဖုန်းဆက်ပြီးသော်လည်းကောင်း၊ မဲပေါက်လို့သော်လည်းကောင်း ထီပေါက်လို့အခွံသွင်းရမယ်တို့၊ နိုင်ငံခြားထီပေါက်လို့ ပိုက်ဆံသွင်းရမယ်တို့၊ ဆုမဲပေါက်လို့ ပိုက်ဆံဘယ်လောက်နဲ့လာထုတ်ယူပါတို့ပြောပြီး လိမ်လေ့ရှိပါတယ်။ ငါးစာပြပြီး ငါးမြှားသလိုပါပဲ။

ALDECAstock။shutterstock

(၂) အွန်လိုင်းပေါ်က ပစ္စည်းမှာတတ်သူများလည်း ပိုက်ဆံအလိမ်ခံရတတ်ပါတယ်။ ပစ္စည်းမှာပြီး ပိုက်ဆံကြိုရှင်းခိုင်းကြကာ တကယ်တမ်းပစ္စည်းရောက်တဲ့အချိန်လည်းကျရော ဘယ်လိုက်လို့ လိုက်ရမှန်းမသိ ဖြစ်တတ်ကြပါတယ်။

Georgejmclittle/shutterstock

(၃) ချစ်သူရှာပေးတဲ့ ဝဘ်ဆိုဒ်တွေနဲ့ လူမှုကွန်ယက်တွေကတစ်ဆင့် ချစ်သူဖြစ်ကာ အလိမ်ခံရသူတွေဟာလည်း ထုနဲ့ထေးပါပဲ။ တစ်ဖက်လူဟာ ဘယ်ကမှန်းမသိ၊ နောက်ကြောင်းရာဇဝင်လည်း မစုံစမ်းဘဲ အချစ်စိတ်တစ်ခုတည်းနဲ့ ယုံကြည်မိမယ်ဆိုရင်တော့ သေချာပေါက်အမှားကြီးမှားမှာပါပဲ။ အထူးဖြင့် အမျိုးသမီးတွေကို ရာထူးကြီးကြိး၊ ချမ်းချမ်းသာသာနဲ့ ရုပ်ရည်ခပ်ချောချောပုံစံ အမျိုးသားတစ်ယောက်ပုံဖမ်းကာ လိမ်လေ့ရှိပါတယ်။

READ
အီဂျစ်ပိရမစ်တွေထက်စောပြီး ရှိနေတဲ့ အံ့ဖွယ်သြစတေးလျကသင်္ချိုင်းတောင်ပူစာများ
Kaspars Grinvalds/shutterstock

(၄) ယခုနောက်ပိုင်း မြန်မာမှာ ခေတ်စားနေတဲ့လိမ်နည်းကတော့ စုမဲငွေတွေပါပဲ။ ငွေစု၊ အလှည့်ကျထုတ်ယူ၊ ပြီးရင် ပြန်စုနဲ့ သံသယာလည်တတ်ကြတဲ့ စုမဲတွေဟာ ရှေးရှေးကတည်းက ရိုးရိုးသားသားမှန်မှန်ကန်ကန် ခေတ်စားခဲ့ကြတာဖြစ်ပမေယ့် ယခုအခါမှာတော့ လူလိမ်တို့ရဲ့လက်သုံးလိမ်နည်းတစ်ခုအဖြစ် ရှိနေခဲ့ပါပြီ။

Atstock Productions/shutterstock

(၅) နောက်ထပ်လိမ်လည်နည်းတစ်ခုကတော့ လုပ်ငန်းတစ်ခုကို ဗန်းပြပြီး ရင်းနှီးမြှုပ်နှံခိုင်းတာပါပဲ။ ဒီနည်းလမ်းဟာ နိုင်ငံတကာမှာလည်း ဘယ်လောက်သတိပေးပေး အလိမ်ခံရတဲ့နည်းလမ်းတစ်ခုပါ။ ဥပမာ သိန်း၁၀၀ ထည့်ရင် တစ်လကို သိန်း ၂၀ နှုန်းနဲ့ ရှယ်ယာအမြတ်တွေရမယ်ဆိုပြီး လိမ်ကြတာပါ။ ပထမ ၁ လ၊ ၂ လမှာတော့ သိန်း ၂၀ စီပုံမှန်ပေးသွားပေမယ့် နောက်လတွေဆိုရင် ကုမ္ပဏီဆိုတဲ့နေရာကို ဖုန်းလည်းဆက်လို့မရ၊ သွားတော့လည်း သော့တွေပိတ်ထားတာတွေဖြစ်တတ်ပါတယ်။

Travis Wolfe/shutterstock

(၆) ပရဟိတတို့၊ ရေဘေး မီးဘေးအလှူတွေအပြင် ဂေဟာတည်ထောင်တာတွေ၊ ဆေးဝါးအကူအညီမျိုးတွေကို ဗန်းပြပြီး ကမ္ဘာအနှံ့လိမ်လည်တာမျိုးတွေလည်း ရှိတတ်ကြပါတယ်။ တချို့နိုင်ငံတွေမှာဆို ဝဘ်ဆိုဒ်အကြီးကြီးတွေတောင် ထောင်ကာ ငွေတွေလွှဲခိုင်း၊ ရတဲ့ငွေထဲက တစ်ဝက်လောက်တောင်မရှိတဲ့ ပမာဏကို ဗန်းပြလှူပေးပြီး ကျန်တာတွေကို ကိုယ်ကျိုးအတွက် အသုံးပြုနေတဲ့ အဖွဲ့အစည်းတွေ အများကြီးရှိလို့နေပါတယ်။

READ
ဘယ်စာအုပ်ထဲမှာမှ ဖော်ပြထားခြင်းမရှိသေးတဲ့ တကယ့်ရှားပါးမှတ်တမ်းဓာတ်ပုံများ
Yeexin Richelle/shutterstock

Penny

SHARE