သမိုင်းတစ်လျှောက်အကြမ်းကြုတ်ဆုံး ပြစ်မှုများကို ကြူးလွန်ခဲ့သူအမျိုးသမီးများ

theimperfective.com

မိန်းမတွေဟာ သနားတတ်တယ်၊ ကြင်နာတတ်တယ်၊ ကြောက်တတ်တယ်၊ အားငယ်တတ်တယ်၊ နူညံ့သိမ်မွေ့လွန်းတယ်လို့ အထင်ခံနေရတဲ့ လူမျိုးတွေပဲဖြစ်ပါတယ်။ ကမ္ဘာအနှံ့က ပြစ်မှုတွေဟာလည်း အမျိုးသားတွေကပဲ ကျူးလွန်တတ်ကြတာ များနေတတ်ပေမယ့် အမျိုးသမီးတွေဟာလည်း ရာနှုန်းပြည့် ဖြူစင်တယ်လို့ ပြောလို့မရနိုင်ပြန်ဘူး။ ဒါကြောင့် သမိုင်းတစ်လျှောက် တွေးတောင်မတွေးရဲတဲ့ ပြစ်မှုတွေကို ကြူးလွန်ခဲ့ကြတဲ့ အမျိုးသမီးများအကြောင်း ဖော်ပြပေးချင်ပါတယ်။

Beverly Alllitt

theimperfective.com

သေမင်းတမန်လို့ လူသိများခဲ့တဲ့ သူမဟာ ကလေး (၄) ယောက်ကို သတ်ပစ်ခဲ့ပြီး နောက်ထပ်သုံးယောက်ကို ထပ်မသတ်ခင်မှာပဲ ဖမ်းမိခဲ့ပါတယ်။

Bellle Gunness

theimperfective.com

သူမကတော့ အာမခံငွေကြေးအတွက် သူမရဲ့ယောက်ျားနှစ်ယောက်လုံးကို သတ်ပစ်ခဲ့ပြီး ဝမ်းနဲ့လွယ်မွေးထားတဲ့ ကလေးလေးကိုပါ သတ်ပစ်ခဲ့တဲ့ နာမည်ကြီး အမျိုးသမီး serial killer တစ်ယောက်ပါ။

Myra Hindley 

theimperfective.com

(၁၉၄၂) မှာမွေးခဲ့တဲ့ Myra Hindley ဟာ အဓမ္မကျင့်မှုတွေနဲ့ လူသတ်မှုတွေကို အသက်မပြည့်သေးတဲ့ ကလေးငါးယောက်ဆီမှာ သူမရဲ့အဖော် Ian Brady နဲ့အတူ ကြူးလွန်ခဲ့တာပဲ ဖြစ်ပါတယ်။

READ
သမိုင်းဝင်ဗိသုကာမြောက်အဆောက်အဦးများရဲ့ တည်ဆောက်နေဆဲ ရှားပါးပုံရိပ်များ

Irma Grese 

theimperfective.com

Irma Grese ဟာ Auschwitz နဲ့ Bergen-Belsen တို့မှာ တာဝန်ကျတဲ့ လက်ထောက်ထောင်မှူးဖြစ်ပါတယ်။ ဒုတိယအကြီးဆုံးရာထူးနဲ့အတူ ထောင်သူဂျူးအမျိုးသမီး (၃၀,၀၀၀) ကျော်ကို အုပ်ချုပ်ခဲ့ရတာပါ။ သူမဟာ ထောင်သူတွေကို ခွေးနဲ့ရှူးတိုက်ခဲ့တာတွေ၊ မသေရုံတမယ်ရိုက်နှက်တာတွေ၊ သေနတ်နဲ့ပစ်သတ်ခဲ့တာတွေနဲ့ အဆိပ်ရှိတဲ့ ဓာတ်ငွေ့အခန်းထဲကိုဝင်နေဖို့အတွက် လူတွေတောင် အစဉ်တဆက် ရွေးသေးတယ်ဆိုပဲ။

Mary Bell

theimperfective.com

အရမ်းရိုးသားတယ်လို့ ထင်ရတဲ့ မျက်နှာလေးရှိပေမယ့် သူမ (၁၁) နှစ်အရွယ်မှာပဲ သူ့ထက်ငယ်တဲ့ကလေး Martin Brown ကို မသေမချင်း လည်ပင်းညှစ်သတ် ခဲ့ပါတယ်။

theimperfective.com

နှစ်အနည်းငယ် ကြာပြီးမှာပဲ သူမနဲ့နောက်ထပ် သူငယ်ချင်းတစ်ယောက်နဲ့ဟာ (၃) နှစ်အရွယ် Brian Howe ကိုလည်း လည်ပင်းညှစ် သတ်ခဲ့ပါသေးတယ်။ သေသွားတဲ့ အလောင်းဆီ တစ်ဖန်ပြန်သွားပြီး ဘရိတ်ဓားနဲ့ အလောင်းရဲ့ဗိုက်မှာ “M” ဆိုပြီး စာလုံးထွင်းခဲ့တဲ့အပြင် ကပ်ကြေးနဲ့ ဆံပင်တွေ၊ လိင်အင်္ဂါတွေကိုလည်း ညှပ်ခဲ့ပါသေးတယ်။

READ
Crazy Rich Asian ထဲက မိသားစုဟာ တကယ်ရှိတယ်ဆိုတာ သင်သိပါသလား။

Leonarda Cianciulli

theimperfective.com

သူမကို “Soap-Maker of Coreggio” လို့ လူသိများခဲ့ပါတယ်။ (၁၈၉၄-၁၉၇၀) အတွင်းက အီတလီကွင်းဆက်လူသတ်သမ တစ်ယောက်ဖြစ်ပြီး သူမသတ်ခဲ့တဲ့ လူတွေရဲ့အလောင်းတွေကို ဆပ်ပြာနဲ့ teacakes တွေထည့်,ထည့်ပစ်ပြီး အလောင်းဖျောက်ခဲ့ကာ သူမအိမ်ကို လာလည်သမျှ လူတိုင်းကို လက်ဆောင်ပေးလေ့ ရှိပါတယ်။

Source : The Imperfective

Penny

 

 

 

SHARE