သင့်ကို အံ့သြသွားစေမယ့် ကမ္ဘာဈေးအကြီးဆုံး လက်ကိုင်အိတ် (၁၂)လုံး

ကမ္ဘာ့ဈေးအကြီးဆုံး လက်ကိုင်အိတ်(၁၂)လုံးကို Shwemom စာဖတ်သူတွေ အတွက် ဗဟုသုတ အနေနဲ့ ဖော်ပြ ပးလိုက်ပါတယ်။ဘာကြောင့် အဲ့ဒီအိတ်တွေက ဈေးအကြီးဆုံးဖြစ်နေတာလဲ?တန်ဖိုးတွေက ဘယ်လောက် လဲ..?.

(12)Carolyn Handbag 

luxos

ခရမ်းရောင် အဖျော့ ဖြစ်ပြီး မိကျောင်းသာရေနဲ့ ပြုလုပ်ထားတဲ့ Carolyn handbag လက်ကိုင် အိတ်ပါ။ခရမ်း နု ရောင် မိကျောင်းသားရေ လက်ကိုင်အိတ်ကတော့ Marc Jacob ရဲ့ နာမည်ကြီး လက်ကိုင် အိတ်တွေထဲက တစ်လုံးပါ။တန်ဖိုးကတော့ ($30,000 )ပါ။

(11)Fendi Selleria Bag

luxos

Fendi Selleria အိတ်ကတော့ ကမ္ဘာ့ အရှားပါးဆုံးအရာနှစ်ခုနဲ့ ဖန်တီးထားတဲ့ အရာပါ။ကမ္ဘာ့အရှားပါးဆုံး တိရစ္ဆာန် ဖြစ်တဲ့ ဆတ်ခလောက်၊ဖျံတို့နဲ့ မျိုးနွယ်တူ အာတိတ်သတ္တ၀ါ ရဲ့ အမွေးနဲ့ ရှဉ့်ကြွက် မျိုးနွယ်ဝင် chinchilla တို့ရဲ့ အရေပြားတို့ကို အသုံးပြုထားတာပါ။တန်ဖိုးကတော့ ($38,000)ပါ။

(10)Gadino Bag

luxos

နော်ဝေဒီနိုင်နာ ဖြစ်တဲ့ Hilde Palladino ရဲ့ Gadino အိတ်မှာတော့ အဖြူရောင်စိန် ပွင့် (၃၉) ပွင့် နဲ့ အလှဆင်ထားပါတယ်။တန်ဖိုးကတော့ ( $38,470)ပါ။

(9) Louis Vuitton Tribute Patchwork Bag

luxos

Louis Vuitton  ရဲ့ ဒီအိတ်မှာတော့ Louis Vuitton  ရဲ့ မတူညီတဲ့ Pattern (၁၅)ခုကို ထည့်သွင်းေ ပးထားပါတယ်။တန်ဖိုးကတော့ ($42,000)ပါ။

(8) Louis Vuitton New Age Traveller backpack

luxos

LV New Age Traveller ဒီအိတ်မှာတော့ မိကျောင်းနဲ့ မြွေသားရေ တို့ နဲ့ အတူ jacquard အထည်သားရက် ထည်၊Monogram ရက်ထည်တို့ နဲ့ အတူ ဖန်တီးထားပါတယ်။တန်ဖိုးကတော့ ( $54,500)ပါ။

READ
ဝယ်လာတဲ့ဖိနပ်ကသေးနေရင် ဆိုဒ်ကြီးလာအောင်လုပ်လို့ရတဲ့ နည်း(၂)နည်း

(7) Leiber Precious Rose

luxos

Leiber Precious Rose accessory  ပါဝင်ပါတယ်။စိန်ကာရတ်ပေါင်း စုစုပေါင်း(၄၅.၅၆)ကာရတ် ၊ပန်းရောင် နီလာ (၁၁၆၉)ပွင့် ၊tourmalines ကျောက် (၈၀၀) ၊အဖြူရောင် စိန် (၁၈)ကာရက် တို့နဲ့ ဖန်တီးပြု လုပ်ထား ပါ တယ်။တန်ဖိုးကတော့ ($92,000) ပါ။

(6)Hermes Matte Crocodile Birkin Bag

luxos

ဒီအိတ်ကတော့ ပြင်သစ်မင်းသမီး Jane Birkin ကို Inspire ယူထားတာပါ။မိကျောင်းသားရေ နဲ့ အိတ်ရဲ့ လက် ယှက် နေရာမှာ စိန် (၁၀)ကာရက် ထည့်ထားပါတယ်။တန်ဖိုးကတော့ ($120,000) ပါ။

(5)Urban Satchel Louis Vuitton Bag

luxos

Louis Vuitton Urban Satchel Bag ကတော့ မသိရင် အမှိုက်အိတ်ထုပ်ကြီးနဲ့ တူနေပါတယ်။ဒါပေမယ့် သူ့ရဲ့ တန်ဖိုးကတော့ ($150,000) ပါ။ရယ်စရာ ပျက်ရယ်လှောင်ပြောင် မှုတစ်ခု အနေနဲ့ ဒီဇိုင်ဖန်တီးထားတာပါ။တိုလီ မိုလီ ပစ္စည်းတွေနဲ့ လုပ်ထားတာပါ။

luxos

(4)Lana Marks Cleopatra Bag

luxos

Lana Marks  ကတော့ တစ်နှစ်ပတ်လုံးမှာ  Cleopatra bag တစ်လုံးသာထုတ်ပါတယ်။ဒီအိတ် ကိုတော့ မိကျောင်း သားရေနဲ့ ပြုလုပ်ထားပါတယ်။အိတ်ရဲ့ လက်ယှက်နေရာမှာတော့ အနက်နဲ့ အဖြူစိန်ပွင့် (၁၈)ကာရက်  ထည့်ထား ပါတယ်။တန်ဖိုးကတော့ ( $250,000) ပါ။

READ
အခုနောက်ပိုင်းတော်တော်များများ သိပ်မသိတဲ့ တစ်ချိန်က ပေါ်ပြူလာ ဆိုရှယ်မီဒီယာများ

(3) Chanel Diamond Forever Classic Bag

luxos

Chanel Diamond Forever Classic Bag မှာတော့ စိန် (၃.၅၆) ကာရက်၊ရွှေဖြူ (၁၈)ကာရက် ပါရှိပါတယ်။ပခုံး လွယ်တဲ့ ကြိုးကိုတော့ အဖြူရောင် ရွှေနဲ့ လပ်ထားပါတယ်။Chanel  က ဒီလိုအိတ်မျိုး (၁၃)လုံးပဲ ထုတ်ထားတာ မို့ limited edition အိတ်ပါ။တန်ဖိုးကတော့ ( $261,000) ပါ။

(2)Hermes Birkin bag

luxos

ဂျပန်ဒီဇိုင်နာ တစ်ယောက်ဖြစ်တဲ့ Ginza Tanaka က အိတ်ရဲ့ ကိုယ်ထည်ပိုင်းကို ပလတ်တီနမ် တစ်ရာရာခိုင်နှုန်း နဲ့ ပြု လုပ်ထားတာပါ။စိန်ပွင့် (၂၀၀၀)၊သစ်တော်သီးပုံ စိန် (၈)ကာရက်တို့နဲ့ ဖန်တီးထားတာပါ။စိန်တွေကိုတော့ အိတ်ရဲ့ သိုင်းပြားနဲ့ လက်ကိုင်ကွင်းကြိုးပြားတို့ကနေ ဖယ်ထုတ်ပြီး လည်ဆွဲ၊လက်ကောင် အဖြစ်လည်း သုံးလို့ ရပါတယ်။တန်ဖိုး ကတော့ ( $1.9 )သန်းပါ။

(1) 1001 Nights Diamond Purse

luxos

ကမ္ဘာ့ဈေးအကြီးဆုံး အိတ်ပါ။ဂင်းနစ်မှတ်တမ်းပါ ၀င်ထားတဲ့ အိတ်ပါ။အသဲနှလုံးပုံစံ ဒီပိုက်ဆံအိတ်မှာတော့ မူကွဲ နေတဲ့ ပန်းရောင်၊အရောင်မဲ့ စိန် ( 4,517 ) ၊ ကာရက်ပေါင်း (၃၈၁.၉၂)ကာရက် နဲ့ အလှဆင်ထားပါတယ်။ဒီလို လှပတဲ့ Accessory တွေနဲ့ အလှဆင်နိုင်ဖို့ နာရီ ပေါင်း (၈၈၀၀) အချိန်ယူပြီး ပြုလုပ်ခဲ့ရတာပါ။တန်ဖိုး ကတော့ ( $3.8 )သန်းပါ။

luxos

Source .luxos

SHARE