သင်လုံးဝသတိမထားမိခဲ့တဲ့ ကမ္ဘာ့တန်ကြေးအမြင့်ဆုံး ကုန်ပစ္စည်းများအသုံးအဆောင်များ

တန်ရဲလားဆိုပြီး နှစ်ခါပြန်တွေးစေမိမယ့် အရာဝတ္ထုတွေလည်းဖြစ်သလို ကမ္ဘာပေါ်မှာ တန်ကြေးအကြီးဆုံး အရာဝတ္ထုအခု ၂၀ အတွင်း ဝင်တဲ့ ပစ္စည်းတွေပါ။ ဈေးကြီးတယ်လို့ဆိုလိုက်တာနဲ့ ရွှေတွေ၊ စိတ်တွေပဲ ပြေးမြင်မိမှာ ဖြစ်ပေမယ့် သူတို့တန်းတူနီးပါး ဈေးရှိနေတဲ့ပစ္စည်းတွေလည်း ပါဝင်တာမို့ ကြည့်လိုက်ပါဦး။

White Truffles မှို – တစ်ပေါင်ကို ဒေါ်လာ ၂ ထောင်

အရမ်းအရသာရှိပြီး ပါစတာတို့၊ အသားကင်တို့၊ ကြက်ဥနဲ့ တခြားအရတွေနဲ့တောင် အရသာခပ်ဆင်ဆင်လို့ ဆိုကြပါတယ်။

Elitereaders

Saffron – တစ်ပေါင်ကို ဒေါ်လာ ၅၀၄၀

ဝတ်ရည်တံလေးတွေဖြစ်ပြီး သဘာဝဟင်းခတ်အမွှးအကြိုင်အဖြစ် အသုံးပြုကြပါတယ်။

Elitereaders

Iranian Beluga Caviar – တစ်ဂရမ်ကို ၃၅ ဒေါ်လာ

Caviar လို့ခေါ်တဲ့ စည်သွပ်ငါးဥတွေဟာ သိပ်ကိုဈေးကြီးပေမယ့် ဒီငါးကတော့ သာမန်ထက်ကိုပိုပြီးဈေးကြီးပါတယ်။ ဘာမှမရှိတဲ့ တစ်ဂရမ်ကိုတောင် မြန်မာငွေ ၆ သောင်းလောက်ပေးရတာပဲကြည့်။

READ
နယူးဇီလန်က မောင်းရီဟာက အကရဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ အချက်များ
Elitereaders

Rhodium – တစ်ဂရမ်ကို ၄၅ ဒေါ်လာ

ရွေတောင် တစ်ဂရမ်ကို ၃၉.၈၁ ဒေါ်လာပဲ ပေါက်ဈေးရှိတဲ့အချိန် ဒီသတ္တုကိုတော့ ၅ ဒေါ်လာလောက်ပိုပေးပြီး ဝယ်ရပါတယ်။ သူ့ကို လက်ဝတ်ရတာနာတွေပြုလုပ်တဲ့အခါမှာ သုံးသလို electric conductors တွေမှာလည်း သံချေးမတက်အောင် အသုံးပြုပါတယ်။

Elitereaders

Platinum – တစ်ဂရမ်ကို ၄၈ ဒေါ်လာ

ရွှေထက်ဈေးကြီးတဲ့အတွက် ပလတ်တီနမ်ဝတ်ရင် အထင်မသေးသင့်ပါဘူးနော်။ လက်ဝတ်ရတနာတွေ၊ သိပ္ပံနည်းကျလေ့လာမှုတွေနဲ့ ကင်ဆာနဲ့သက်ဆိုင်တဲ့စက်တွေမှာ ထည့်သွင်းအသုံးပြုကြပါတယ်။

Elitereaders

ကြံ့ချို – တစ်ဂရမ်ကို ၅၅ ဒေါ်လာ

ဒီလောက်ဈေးကောင်းရနေတဲ့အတွက်လည်း မှောင်ခိုဈေးကွက်တွေမှာ ကြုံချိုအရောင်းအဝယ်တွေ သိပ်ဖြစ်နေကြတာပါ။ ဒါပေမယ့်လည်း အခုအချိန်မှာ တစ်ကမ္ဘာလုံးမှာတောင် အကောင်ရေပေါင်း ၅၀၀၀ သာ ကျန်တော့တာမို့ ဒီလိုဆက်လုပ်နေမယ်ဆိုရင်တော့ သိပ်မကြာခင် ကြံ့တွေလည်း မျိုးသုဉ်းကုန်မှာပါပဲ။

Elitereaders

Creme de la Mer မျက်နှာလိမ်းခရင် – တစ်ဂရမ်ကို ဒေါ်လာ ၇၀

READ
သေလောက်တဲ့ဒဏ်ရာရခဲ့ပေမယ့် အသက်မသေခဲ့သူများ

အိုမင်းရင့်ရော်တာပျောက်တယ်လို့တော့ ပြောကြတာပဲ။

Creme-de-la-Mer

အရည်အသွေးပြည့်မီတဲ့ ဟီရိုးအင်း – တစ်ဂရမ်ကို ဒေါ်လာ ၁၁၀

အရည်အသွေးပြည့်မီပြီး ဟီရိုးအင်းစစ်စစ်ဆိုရင်တော့ ဒီဈေးပေးကိုပေးရမှာပါ။ ဒီထက်ဈေးကြီးရင်တောင် ကြီးဦးမယ်။

Elitereaders

Source: Elite Readers

Penny

 

SHARE